အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ မင်းမော်ကွန်း ကတော့ လက်ရှိ
နိုင်ငံ့အရေးတွေ နဲ့ ပတ်သက်ပြီး တက်တက် ကြွကြွ ပါဝင်ခဲ့တာ အားလုံး အသိပဲဖြစ် ပါတယ်
လက်ရှိမှာတော့ သရုပ်ဆောင် မင်းမော်ကွန်းက ပြည်သူ့ ဝန်ထမ်းတွေ CDM မှာပါဝင် လာဖို့ တိုက်တွန်းပြောကြားလျက်ရှိပါတယ်။
လက်ရှိနည်းအမျိုးမျိုးနဲ့ ဆန္ဒ ထုတ်ဖော်နေကြတဲ့ မျိုးဆက်သစ်လူငယ်တွေ
ကိုလျှော့ မတွက်ဖို့အတွက်ကို ဆိုထားတာဖြစ်ပါတယ်
“ မျိုးဆက်သစ်လူငယ်များကို လျှော့မတွက်စေချင်ပါ။ တစ်နေ့တစ်မျိုးမရိုးရတဲ့ ကမ္ဘာ ကျော် campaign တွေနဲ့ ခင်ဗျားတို့ ကို
နားရွက် တံထွေးဆွတ် စိန်ခေါ်နေတယ် ဆိုတာ ကိုတော့ နားလည်လောက်မယ်ထင်ပါရဲ့နော်။
အဲ့ဒါတွေက ခင်ဗျားတို့ လက်နက် အားကိုး နဲ့ လုပ်ချင်တိုင်းလုပ်လို့ မရဘူးလို့ သတိပေးနေတယ်
ဆိုတာကိုလည်း သိလောက်မယ် မျှော်လင့်ပါတယ်။
ညီညွတ်မှုရဲ့ အင်အား၊ ခေတ်မှီနည်းပရိယာယ် ပြောင်းလဲလာတဲ့ အတွေးအခေါ်တွေကို
လိုက်မှီအောင်ကြိုးစားဖို့ စေတနာ အရင်းခံ နဲ့သတိပေး ပါရစေ။
ဒါတောင်ပြည်တွင်းအင်အားပဲ ရှိသေးတယ်။ ဆိုတာကိုလည်း သဘောပေါက်စေ ချင်တယ်။
ခင်ဗျားတို့တောင် တရုတ် အားကိုး ထမိန်သူခိုးလုပ်ခဲ့တာပဲလေ ရှေ့ဆက်ပြီး ကံကောင်း ကြပါစေလို့မေတ္တာပို့သလိုက်ပါတယ်။
လုံးစုံများစွာ အာဏာရှင်မပါ ချမ်းသာ ကိုယ်စိတ် မြဲပါစေ” လို့ လက်ရှိအကြောင်းအရာတွေအပေါ်ကို ရေးသားထား တာဖြစ် ပါတယ်။
celeupdatenews
zawgyi
အႏုပညာေလာကရဲ႕ ဝါရင့္သ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ မင္းေမာ္ကြန္း ကေတာ့ လက္ရွိ
ႏိုင္ငံ့အေရးေတြ နဲ႔ ပတ္သက္ၿပီး တက္တက္ ႂကြႂကြ ပါဝင္ခဲ့တာ အားလုံး အသိပဲျဖစ္ ပါတယ္
လက္ရွိမွာေတာ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းက ျပည္သူ႔ ဝန္ထမ္းေတြ CDM မွာပါဝင္ လာဖို႔ တိုက္တြန္းေျပာၾကားလ်က္ရွိပါတယ္။
လက္ရွိနည္းအမ်ိဳးမ်ိဳးနဲ႔ ဆႏၵ ထုတ္ေဖာ္ေနၾကတဲ့ မ်ိဳးဆက္သစ္လူငယ္ေတြ
ကိုေလွ်ာ့ မတြက္ဖို႔အတြက္ကို ဆိုထားတာျဖစ္ပါတယ္
“ မ်ိဳးဆက္သစ္လူငယ္မ်ားကို ေလွ်ာ့မတြက္ေစခ်င္ပါ။ တစ္ေန႔တစ္မ်ိဳးမ႐ိုးရတဲ့ ကမာၻ ေက်ာ္ campaign ေတြနဲ႔ ခင္ဗ်ားတို႔ ကို
နား႐ြက္ တံေထြးဆြတ္ စိန္ေခၚေနတယ္ ဆိုတာ ကိုေတာ့ နားလည္ေလာက္မယ္ထင္ပါရဲ႕ေနာ္။
အဲ့ဒါေတြက ခင္ဗ်ားတို႔ လက္နက္ အားကိုး နဲ႔ လုပ္ခ်င္တိုင္းလုပ္လို႔ မရဘူးလို႔ သတိေပးေနတယ္
ဆိုတာကိုလည္း သိေလာက္မယ္ ေမွ်ာ္လင့္ပါတယ္။
ညီၫြတ္မႈရဲ႕ အင္အား၊ ေခတ္မွီနည္းပရိယာယ္ ေျပာင္းလဲလာတဲ့ အေတြးအေခၚေတြကို
လိုက္မွီေအာင္ႀကိဳးစားဖို႔ ေစတနာ အရင္းခံ နဲ႔သတိေပး ပါရေစ။
ဒါေတာင္ျပည္တြင္းအင္အားပဲ ရွိေသးတယ္။ ဆိုတာကိုလည္း သေဘာေပါက္ေစ ခ်င္တယ္။
ခင္ဗ်ားတို႔ေတာင္ တ႐ုတ္ အားကိုး ထမိန္သူခိုးလုပ္ခဲ့တာပဲေလ ေရွ႕ဆက္ၿပီး ကံေကာင္း ၾကပါေစလို႔ေမတၱာပို႔သလိုက္ပါတယ္။
လုံးစုံမ်ားစြာ အာဏာရွင္မပါ ခ်မ္းသာ ကိုယ္စိတ္ ၿမဲပါေစ” လို႔ လက္ရွိအေၾကာင္းအရာေတြအေပၚကို ေရးသားထား တာျဖစ္ ပါတယ္။
celeupdatenews