များစွာသော ပရိသတ်တွေ ရဲ့ ရှေ့မှာရပ်ကာ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပျက်နေတဲ့ အကြောင်းအား ပြောခွင့် ရခဲ့တဲ့ အတွက် ဂုဏ်ယူနေတဲ့ ဟန်လေး

Posted on

အလှမယ်ဟန်လေးကတော့ Miss Grand International ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြင်ဆင်နေဆဲ ကာလမှာကတည်းက မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို speak out လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ တိုင်းပြည် အတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဟန်လေး ရဲ့ စိတ်ထားကတော့ လေးစားစရာပါပဲနော်။

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ Miss Grand International ပြိုင်ပွဲ မှာလည်း များစွာသော ပရိသတ်တွေကြားမှာ မြန်မာနိုင်ငံရဲ့ပြင်းထန်နေတဲ့ အခြေအနေတွေကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာရှင်များကလည်း မြန်မာ့နိုင်ငံအရေးကိုကမ္ဘာ့အလယ်မှာ ချပြခဲ့တဲ့ ဟန်လေးရဲ့ စိတ်ဓာတ် ကို ချီးကျူး ဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း ဟန်လေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လူအများရဲ့ရှေ့မှာရပ်ကာ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေတဲ့အကြောင်းအား ပြောခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူနေကြောင်းကို ဝေမျှလာတာပဲ ဖြစ်ပါတယ်။

သူမကလည်း ” ကျွန်မ ဘဝမှာမြန်မာပါ ဆိုပြီး ဂုဏ်ယူစွာနဲ့ လူအများရှေ့မှာ ရပ်တည်ပြီး မြန်မာနိုင်ငံအကြောင်းပြောခွင့် ရခဲ့တဲ့အချိန်…အဲ့ဒီအချိန်က ကျွန်မအတွက်အခမ်းနားဆုံးသော အချိန်ပါဘဲ🙏 #MissGrandMyanmar2020 #HL ” ဆိုပြီး ရေးသားခဲ့ပြီး ပြိုင်ပွဲမှာ ယှဉ်ပြိုင် ခဲ့တဲ့ ပုံရိပ်တွေကိုပါ ဝေမျှလာ တာကြောင့် ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source-Han Lay’s Facebook Account

zawgyi





Leave a Reply

Your email address will not be published.