မနက်ဖြန်အတွက် ဗဟုသုတ ပုံလေးတွေပါ။
အင်္ကျီကို ၂ထပ်ဝတ်သွားပါ။ ဦးထုတ် အမာ ဆောင်းပါ သွားလာလှုပ်ရှား လို့ကောင်းတဲ့ အဝတ်အစားဝတ်ပါ။ ရေတစ်ဗူးလက်မှာအမြဲကိုင်ထားပါ။
အဝတ်စ/ပဝါ ဆောင်ထားပါ။ မျက်ရည်ယိုဗုံး သုံးခဲ့ ရင် ရေဆွတ် ပြီးနှာ ခေါင်းပေါ်အုပ်ပါ။ ဖုံးကိုရေစိုခံ အိပ်ထဲထည့်ပါ။
ကိုယ့်ဘေးပတ် ဝန်းကျင် အမြဲသတိရှိပါ။ တလျိုတွေပါ နေတတ်ပါတယ်။
Edit: အကယ်၍ မျက်ရည်ယိုဗုံး ထိခဲ့လျှင် ….
မျက်ရည်ယိုဗုံး သည်အငွေ့ မဟုတ်ပါ အမှုန် အမွှားလေးတွေ ဖြစ်သည်
၁) အကယ်၍ ထိတွေ့ခဲ့လျှင် လက်ဖြင့်အခြား အရာများမထိပါနဲ့ အထူးသဖြင့် မျက်နှာ အမှုန်ဖြစ်သောကြောင့် သင့်လက်နှစ်ဖက်အား ငှက်ပျံသလို ခါချပါ ပြီးမှ ကိုင်တယ်ပါ
၂) မျက်စိအား ဖွင့်လိုက် ပိတ်လိုက်လုပ်ပါ
၃) Tear Gas အငွေ့ထွက်ရာ မပြေးပါနဲ့ ဆန့်ကျင်ဘက် ကိုပြေးပါ (အမှုန်ဖြစ်သောကြောင့် လေကြောင်းဆန့်ကျင်ရာပြေးပါ)
၄) လက်နဲ့မျက်နှာ လုံးဝထိမရပါ မြေကြီးပေါ် မျက်နှာမူကာ မျက် ရည်တွေ နှာရည်တွေ ထုတ်လိုက်ပါ ချောင်းဆိုး ပါလိမ့်မည် မစိုးရိမ်ပါနဲ့ (အဲလိုဖြစ်တာတွေက သက်သာမှုရမှာပါ)
၅) ရေဖြင့် ပလုတ်ကျင်းပါ (ရေမမြိုချရ)
၆) အဝတ်အစားများ ချွတ်ပြစ်ပါ (အဝတ်ပေါ်တွင် အမှုန်များရှိနေပါသည်) လည်ပင်းကစချွတ်ပါ အောက်က လှန်မချွတ်ရ
၇) Tear Gas မထိထားသူ တစ်ယောက်က လက်အိတ်ဝတ် ကာ မျက်စိဆေးပေးပါ
၈) လူ့အသားရေ Tear Gas ထိထားလျှင် ဆပ်ပြာ အသုံးပြုကာ ရေသန့်ဖြင့် ဆေးကြောပါ (Tear Gas မထိထားသူက ဆေးပေးရပါမယ်)
Tear Gas ထိလျှင် ၁၀မိနစ်ကနေ မိနစ်၆၀ထိ ခံစား ရနိုင်ပါတယ် တစ်ချို့သူများက နောက်နေ့အထိ ခံစားရနိုင်ပါတယ်
ဒီစာကို သေချာဖတ်ပြီး အချင်းချင်းမျှဝေပေးပါ အရမ်းအရေးကြီးပါတယ်။
အရေးတော်ပုံအောင်မြင်ရမည်။
Crd