မျက်လုံး ထဲသို့ ကျည်ဆံ ထိမှန် ခဲ့သော အသက် တစ်နှစ် အ ရွယ် သမီးလေးထံသို့ အလှူငွေများ သွားရောက် လှူဒါန်း ခဲ့တဲ့ ဆောင်းယွန်းစံ

Posted on

သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ရုပ်သံဇာတ်လမ်းတွဲများ နဲ့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား များတွင် ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။ လူတိုင်းအပေါ်ကူညီချင်စိတ်ရှိပြီး စိတ်ထားလေးကလည်း ဖြူစင် လွန်းတာကြောင့် အားလုံးက ချစ်နေရတာပါ။ သူမကတော့ မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူများနဲ့အတူ အနုပညာရှင် တစ်ယောက်အနေနဲ့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

အခုလိုလှုပ်ရှားမှုများတွင် ပါဝင်နေရုံတင်မကဘဲ ကျဆုံး သွားတဲ့ သူရဲကောင်းများ အတွက်လည်း အလှူငွေတွေ ကို သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်းနေတာ ကိုလည်း သူမရဲ့ လူမှုကွန်ယက်တွင် အမြဲဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဆောင်းယွန်းစံရဲ့ FacebookPage တွင် မျက်လုံးထဲသို့ ကျည်+ဆံ+ထိမှန်ခဲ့သော အသက်တစ်နှစ်အရွယ် သမီးလေးထံသို့ အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒီသမီးလေးဟာ ၂၆.၃.၂၀၂၁ ရက်နေ့တွင် နေအိမ်တွင်နေထိုင်နေစဉ်အတွင်း မျက်လုံးထဲသို့ ကျည်ဆန် ထိမှန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆောင်းယွန်းစံကလည်း ” 30.3.2021 ( Tuesday )

အပြစ်မဲ့တဲ့ကလေးလေးအတွက် စိတ်မကောာင်းလိုက် တာ 😞

ဒီနေ့ သမီးလေးကို အရုပ်လေးရယ် ပိုက်ဆံရယ်သွားရောက်လှူဒါန်းခဲ့တယ်…🙏

သမီးလေးရဲ့ လည်ပင်းမှာရာ+ဘာ+ကျည်က မထုတ်ရသေးပါဘူးတဲ့နော်..🥺

တကယ်လို့ သမီးလေးကိုသွားရောက်လှူဒါန်းချင်သူများ cb မှာ ဖုန်းနံပါတ် တောင်းပါနော်..

တောင်းတဲ့သူပေါ်မူတည်ပီး ဖုန်းနံပါတ်ပေးပါ့မယ်..သမီးလေးရဲ့ လုံခြုံရေးအတွက်ကြောင့် လူတိုင်းကိုပေးဖို့အဆင်မပြေမှုများအတွက် နားလည် ပေးပါရှင်

#အရေးတော်ပုံမုချအောင်ရမည် 💪” ဆိုပြီး ရေးသား ထား တာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကိုတစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Saung Yoon San’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *