မျက်လုံး ထိခိုက်သွားတဲ့ လူငယ်လေး ရဲ့ အိမ်ကိုသွားပြီး စေတနာရှင်အားလုံး ရဲ့ကိုယ်စား အလှူငွေ တွေ ပေးအပ်ကာ အားပေး စကားပြောခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

Posted on

အဆိုတော်အိုင်ရင်းဇင်မာမြင့် ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ နဲ့ ပါဝင်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့်ကလည်း ပြည်သူတွေနဲ့ တစ်သားတည်းနေထိုင်ပြီး အမှန်တရားအတွက် ရဲဝင့်စွာ ရင်ဆိုင်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင်လည်း အိုင်ရင်းဇင်မာမြင့်က လမ်းပေါ်ကပြည်သူလူထုကိုလည်း တတ်နိုင်သလောက်လှူဒါန်းပေးသလို လူထု လှုပ်ရှားမှုမှာ ကျဆုံး သွားတဲ့ သူရဲကောင်းတွေအတွက်လည်း စေတနာရှင်တွေနဲ့စုပေါင်းပြီး လှူဒါန်းပေးတာဖြစ်ပါတယ်။

အိုင်ရင်းဇင်မာမြင့်ကလည်း သူမ ရိုးသားစွာရှာဖွေထားတဲ့ ငွေကြေးတွေနဲ့ တစ်နိုင်တစ်ပိုင်လေးကူညီပေးနေတာဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့်ကတော့ မကြာသေးခင်ရက်ပိုင်းတွေမှာဆိုရင် ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုဝင်တွေဆီသွားရောက်ပြီး အားပေးစကားတွေလည်းပြောကာ အလှူငွေလည်းပေးအပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင်တော့ လူထု လှုပ်ရှားမှုတွေမှာ အသက်ပေးသွားရတဲ့သူရဲကောင်းတွေလည်း(၅၀)ဝန်းကျင်ရှိနေပြီဖြစ်လို့ ပြည်သူလူထုကတော့ သူတို့တွေအတွက်ပါ ပိုပြီးကြိုးစားနေကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း အိုင်ရင်းဇင်မာမြင့်က လူထုလှုပ်ရှားမှုမှာပါဝင်ရင်း မျက်လုံးထိခိုက်သွားတဲ့ လူငယ်လေးရဲ့ အိမ်ကိုကိုယ်တိုင်သွားရောက်ပြီး စေတနာရှင်တွေရဲ့ကိုယ်စား အလှူငွေတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။အိုင်ရင်းဇင်မာမြင့် ကတော့”မျက်စိထိခိုက် ခဲ့သော နေအိမ်အရောက်တတ်နိုင်သောမေတ္တာပြခဲ့ပါတယ် အလှူရှင်များ အားလုံးစိတ်ချမ်းသာ ကိုယ် ကျန်းမာကြပါစေ”ဆိုပြီး ဗီဒီယိုဖိုင်လေးတွေနဲ့အတူ ရေးသားမျှဝေလာတာဖြစ်ပါတယ်။အခုလိုမျိုးလိုအပ်နေသူတွေကို တတ်နိုင်သလောက်လှူဒါန်းပေးကြတဲ့ အလှူရှင်တွေအကုန်လုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်။

crd

zawgyi

အဆိုေတာ္အိုင္ရင္းဇင္မာျမင့္ ကေတာ့ လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြ နဲ႔ ပါဝင္ေဆာင္႐ြက္ေနတာပဲ ျဖစ္ပါတယ္။ အိုင္ရင္းဇင္မာျမင့္ကလည္း ျပည္သူေတြနဲ႔ တစ္သားတည္းေနထိုင္ၿပီး အမွန္တရားအတြက္ ရဲဝင့္စြာ ရင္ဆိုင္ေနတာပဲျဖစ္ပါတယ္။ဒါ့အျပင္လည္း အိုင္ရင္းဇင္မာျမင့္က လမ္းေပၚကျပည္သူလူထုကိုလည္း တတ္ႏိုင္သေလာက္လႉဒါန္းေပးသလို လူထု လႈပ္ရွားမႈမွာ က်ဆုံး သြားတဲ့ သူရဲေကာင္းေတြအတြက္လည္း ေစတနာရွင္ေတြနဲ႔စုေပါင္းၿပီး လႉဒါန္းေပးတာျဖစ္ပါတယ္။

အိုင္ရင္းဇင္မာျမင့္ကလည္း သူမ ႐ိုးသားစြာရွာေဖြထားတဲ့ ေငြေၾကးေတြနဲ႔ တစ္ႏိုင္တစ္ပိုင္ေလးကူညီေပးေနတာျဖစ္ပါတယ္။ အိုင္ရင္းဇင္မာျမင့္ကေတာ့ မၾကာေသးခင္ရက္ပိုင္းေတြမွာဆိုရင္ က်ဆုံးသြားတဲ့သူရဲေကာင္းေတြရဲ႕က်န္ရစ္သူမိသားစုဝင္ေတြဆီသြားေရာက္ၿပီး အားေပးစကားေတြလည္းေျပာကာ အလႉေငြလည္းေပးအပ္ခဲ့တာျဖစ္ပါတယ္။လက္ရွိအေျခအေနမွာဆိုရင္ေတာ့ လူထု လႈပ္ရွားမႈေတြမွာ အသက္ေပးသြားရတဲ့သူရဲေကာင္းေတြလည္း(၅၀)ဝန္းက်င္ရွိေနၿပီျဖစ္လို႔ ျပည္သူလူထုကေတာ့ သူတို႔ေတြအတြက္ပါ ပိုၿပီးႀကိဳးစားေနၾကတာျဖစ္ပါတယ္။

အခုဆိုရင္လည္း အိုင္ရင္းဇင္မာျမင့္က လူထုလႈပ္ရွားမႈမွာပါဝင္ရင္း မ်က္လုံးထိခိုက္သြားတဲ့ လူငယ္ေလးရဲ႕ အိမ္ကိုကိုယ္တိုင္သြားေရာက္ၿပီး ေစတနာရွင္ေတြရဲ႕ကိုယ္စား အလႉေငြေတြေပးအပ္ခဲ့တာျဖစ္ပါတယ္။အိုင္ရင္းဇင္မာျမင့္ ကေတာ့”မ်က္စိထိခိုက္ ခဲ့ေသာ ေနအိမ္အေရာက္တတ္ႏိုင္ေသာေမတၱာျပခဲ့ပါတယ္ အလႉရွင္မ်ား အားလုံးစိတ္ခ်မ္းသာ ကိုယ္ က်န္းမာၾကပါေစ”ဆိုၿပီး ဗီဒီယိုဖိုင္ေလးေတြနဲ႔အတူ ေရးသားမွ်ေဝလာတာျဖစ္ပါတယ္။အခုလိုမ်ိဳးလိုအပ္ေနသူေတြကို တတ္ႏိုင္သေလာက္လႉဒါန္းေပးၾကတဲ့ အလႉရွင္ေတြအကုန္လုံးကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္ေနာ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *