မျက်နှာဖုံးစွပ် လူထုလှုပ် ရှားမှုကြီး ကို ငြိမ်းချမ်း စွာ ဆန္ဒ ထုတ်ဖော် ခဲ့ကြတဲ့ စမ်းချောင်း က GENXYZ များ

Posted on

ရန်ကုန်တိုင်းအတွင်းမှာ ခုဆိုရင် အရင်လို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် တွေမရတော့ဘဲ ဖြိုခွင်းမှုတွေ အပစ်အခတ်တွေရှိလာတာကြောင့် လှုပ်ရှားမှုတွေမှာ လူအင်အားနည်းလာတာတွေ့ရပါတယ်။ဒါပေမယ့်လည်း ဘယ်လို အခက်အခဲတွေပဲ ရှိနေပါစေ လူငယ်မျိုးဆက်သစ်တွေ ကတော့ ဒီနေ့ထိ လှုပ်ရှားမှု မျိုးစုံကို သူတို့နေထိုင်ရာ မြို့နယ်အသီးသီးမှာ Genxyz တွေစုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိနေဆဲဖြစ်ပါတယ်။

ခုဆိုရင်နေ့စဉ်တိုင်းလိုလို လှုပ်ရှားမှု များစွာကို နည်းမျိုးစုံသုံးကာ နေ့ရော ညပါ ပြည်သူ တွေ ညီညီညွတ်ညွတ်နဲ့ ဆန္ဒထုတ်ဖော်နေကြတာ တကယ်ကို ကြက်သီးထရာမြင်ကွင်းတွေပါပဲနော်။ မနေ့ညကဆိုရင်လည်း Flash Strike Champaign လေးကို ည (၇:၀၀) နဲ့ (၉:၀၀) တို့မှာ မြန်မာနိုင်ငံ အနှံအပြားက ပြည်သူများ မိမိတို့ အိမ်ကနေပဲ အောင်မြင်စွာ ပါဝင်ဆင်နွဲခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်။

အခုလည်း စမ်းချောင်းမြို့နယ်က GenXYZ တွေစုပြီး မျက်နှာဖုံးစွပ် လူထု လှုပ်ရှား မှုကြီးကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြန်ပါတယ်။ဒီလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတစ်ဦးဟာဆိုရင်လည်း ” ဒီနေ့ ကျွန်တော်တို့ လူထုလှုပ်ရှားမှုကလည်း လူအရမ်းမများဘူး၊ အတူပါဝင်လာပေးတဲ့သူအနည်းငယ်လောက်နဲ့ပဲ ကျွန်တော်တို့ ငြိမ်းငြိမ်း ချမ်းချမ်းပဲ ဆန္ဒထုတ်ဖော်ပြီး လူစုခွဲလိုက်တယ်။ ကျွန်တော်တို့အင်အားတော့ နည်းလာတယ်၊ ဒါပေမယ့် ရှိသလောက်အင်အားနဲ့ အဆုံးထိသွားမှာပါ” လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Photo By Myanmarload

zawgyi

ရန္ကုန္တိုင္းအတြင္းမွာ ခုဆိုရင္ အရင္လို ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခြင့္ ေတြမရေတာ့ဘဲ ၿဖိဳခြင္းမႈေတြ အပစ္အခတ္ေတြရွိလာတာေၾကာင့္ လႈပ္ရွားမႈေတြမွာ လူအင္အားနည္းလာတာေတြ႕ရပါတယ္။ဒါေပမယ့္လည္း ဘယ္လို အခက္အခဲေတြပဲ ရွိေနပါေစ လူငယ္မ်ိဳးဆက္သစ္ေတြ ကေတာ့ ဒီေန႔ထိ လႈပ္ရွားမႈ မ်ိဳးစုံကို သူတို႔ေနထိုင္ရာ ၿမိဳ႕နယ္အသီးသီးမွာ Genxyz ေတြစုၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိေနဆဲျဖစ္ပါတယ္။

ခုဆိုရင္ေန႔စဥ္တိုင္းလိုလို လႈပ္ရွားမႈ မ်ားစြာကို နည္းမ်ိဳးစုံသုံးကာ ေန႔ေရာ ညပါ ျပည္သူ ေတြ ညီညီၫြတ္ၫြတ္နဲ႔ ဆႏၵထုတ္ေဖာ္ေနၾကတာ တကယ္ကို ၾကက္သီးထရာျမင္ကြင္းေတြပါပဲေနာ္။ မေန႔ညကဆိုရင္လည္း Flash Strike Champaign ေလးကို ည (၇:၀၀) နဲ႔ (၉:၀၀) တို႔မွာ ျမန္မာႏိုင္ငံ အႏွံအျပားက ျပည္သူမ်ား မိမိတို႔ အိမ္ကေနပဲ ေအာင္ျမင္စြာ ပါဝင္ဆင္ႏြဲခဲ့ၾကတာကိုလည္း ေတြ႕ျမင္ရပါတယ္။

အခုလည္း စမ္းေခ်ာင္းၿမိဳ႕နယ္က GenXYZ ေတြစုၿပီး မ်က္ႏွာဖုံးစြပ္ လူထု လႈပ္ရွား မႈႀကီးကို ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့ၾကျပန္ပါတယ္။ဒီလႈပ္ရွားမႈမွာ ပါဝင္ေနတဲ့ ျပည္သူတစ္ဦးဟာဆိုရင္လည္း ” ဒီေန႔ ကြၽန္ေတာ္တို႔ လူထုလႈပ္ရွားမႈကလည္း လူအရမ္းမမ်ားဘူး၊ အတူပါဝင္လာေပးတဲ့သူအနည္းငယ္ေလာက္နဲ႔ပဲ ကြၽန္ေတာ္တို႔ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းပဲ ဆႏၵထုတ္ေဖာ္ၿပီး လူစုခြဲလိုက္တယ္။ ကြၽန္ေတာ္တို႔အင္အားေတာ့ နည္းလာတယ္၊ ဒါေပမယ့္ ရွိသေလာက္အင္အားနဲ႔ အဆုံးထိသြားမွာပါ” လို႔ ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

Photo By Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *