မောင်လေး ကိုလည်း စိတ်ပူရ ပိန်သွားတဲ့ အမေ့ကိုလည်း စိတ်ပူရ နဲ့ ပူဆွေးရောက် နေရရှာတဲ့ ပိုင်တံခွန် ရဲ့ အမ

Posted on

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ပိုင်တံခွန် ကတော့ မြန်မာနိုင်ငံ တွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့အတူ တစ်သားတည်း ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

လူငယ်ပီပီ ကိုယ်တတ် နိုင်တဲ့ ဘက်ကနေ ပူးပေါင်း ပါဝင်ခဲ့တဲ့ ပိုင်တံခွန်ရဲ့ စိတ်ထားကိုတော့ ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ သူ့ကိုတော့ ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုပြီး နောက်ရက်မှာဘဲ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမများက ပိုင်တံခွန်အမြန်ဆုံး လွတ်မြောက်ရန် သူတို့ရဲ့ လူမှုကွန်ယက်များတွင် Speak Out လုပ်ပေးနေကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ မိခင်ကလည်း သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေတာပါ။ မကြာသေးခင် နာရီပိုင်း လောက်ကလည်း ပိုင်တံခွန်ရဲ့ လူမှု ကွန်ယက်စာမျက်နှာတွင် အရင်လို မောင်နှမစုံစုံလင်လင်နဲ့ မိဘနှစ်ပါးကို မကန်တော့ရတဲ့အတွက် ဝမ်းနည်းမိကြောင်း ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။

သူမကလည်း ” မနေ့က အမေ့အိမ်ကိုသွားတော့ ပိန်သွားတဲ့ အမေ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ အရင်လိုမောင်နှမစုံစုံလင်လင်နဲ့ အမေနဲ့အဖေ့ကို မကန်တော့ရတော့ ဝမ်းနည်းချက်က ပြောမပြတတ်ဘူး။ပိုင်…နင့်ကို အရမ်းသတိရတာပဲ။ အဆင်ရောပြေရဲ့လား?နင်ရှိရင် ပျော်ရမှာ။ အိမ် ကလည်း ဆူညံနေမှာ။ အခုတော့ တိတ်ဆိတ်ပြီး ပူပင်သောကမျက်နှာတွေနဲ့။ တို့အမေလည်း နေမကောင်းဘူးဟ။

ကိုယ့်မောင်ကို စိတ်ပူတာက တစ်မျိုး၊ အမေ့ကို စိတ်ပူရတာက တစ်မျိုး နဲ့ အိပ်မရတဲ့ရက်တွေလည်း များခဲ့ပြီ။ စိတ်ရှုပ်စရာတွေ များလွန်းလို့ ကိုယ်ပါ မလဲကျသွားဖို့ အားတင်းထားရတယ်။ ဒီကာလဆိုးကနေ အမြန်ဆုံးလွတ်မြောက်ပါရစေတော့ဗျာ” ဆိုပြီး ဝမ်းနည်းစွာ နဲ့ ရေး သား ထားတာပါ။

Crd:

zawgyi

ပရိတ္သတ္ႀကီးေရ သ႐ုပ္ေဆာင္ ပိုင္တံခြန္ ကေတာ့ ျမန္မာႏိုင္ငံ တြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြ နဲ႔အတူ တစ္သားတည္း ပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။

လူငယ္ပီပီ ကိုယ္တတ္ ႏိုင္တဲ့ ဘက္ကေန ပူးေပါင္း ပါဝင္ခဲ့တဲ့ ပိုင္တံခြန္ရဲ႕ စိတ္ထားကိုေတာ့ ပရိသတ္ေတြက ေလးစားဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ပုဒ္မ ၅၀၅ (က) ျဖင့္တရားစြဲဆိုၿပီး ေနာက္ရက္မွာဘဲ ေနအိမ္တြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာ ျဖစ္ပါတယ္။

ပရိသတ္ေတြနဲ႔ အႏုပညာရွင္ ညီအစ္ကို ေမာင္ႏွမမ်ားက ပိုင္တံခြန္အျမန္ဆုံး လြတ္ေျမာက္ရန္ သူတို႔ရဲ႕ လူမႈကြန္ယက္မ်ားတြင္ Speak Out လုပ္ေပးေနၾကတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ မိခင္ကလည္း သားျဖစ္သူရဲ႕ က်န္းမာေရးအတြက္ စိုးရိမ္ပူပန္ေနတာပါ။ မၾကာေသးခင္ နာရီပိုင္း ေလာက္ကလည္း ပိုင္တံခြန္ရဲ႕ လူမႈ ကြန္ယက္စာမ်က္ႏွာတြင္ အရင္လို ေမာင္ႏွမစုံစုံလင္လင္နဲ႔ မိဘႏွစ္ပါးကို မကန္ေတာ့ရတဲ့အတြက္ ဝမ္းနည္းမိေၾကာင္း ရင္ဖြင့္ေျပာျပလာတာ ျဖစ္ပါတယ္။

သူမကလည္း ” မေန႔က အေမ့အိမ္ကိုသြားေတာ့ ပိန္သြားတဲ့ အေမ့ကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ရတယ္။ အရင္လိုေမာင္ႏွမစုံစုံလင္လင္နဲ႔ အေမနဲ႔အေဖ့ကို မကန္ေတာ့ရေတာ့ ဝမ္းနည္းခ်က္က ေျပာမျပတတ္ဘူး။ပိုင္…နင့္ကို အရမ္းသတိရတာပဲ။ အဆင္ေရာေျပရဲ႕လား?နင္ရွိရင္ ေပ်ာ္ရမွာ။ အိမ္ ကလည္း ဆူညံေနမွာ။ အခုေတာ့ တိတ္ဆိတ္ၿပီး ပူပင္ေသာကမ်က္ႏွာေတြနဲ႔။ တို႔အေမလည္း ေနမေကာင္းဘူးဟ။

ကိုယ့္ေမာင္ကို စိတ္ပူတာက တစ္မ်ိဳး၊ အေမ့ကို စိတ္ပူရတာက တစ္မ်ိဳး နဲ႔ အိပ္မရတဲ့ရက္ေတြလည္း မ်ားခဲ့ၿပီ။ စိတ္ရႈပ္စရာေတြ မ်ားလြန္းလို႔ ကိုယ္ပါ မလဲက်သြားဖို႔ အားတင္းထားရတယ္။ ဒီကာလဆိုးကေန အျမန္ဆုံးလြတ္ေျမာက္ပါရေစေတာ့ဗ်ာ” ဆိုၿပီး ဝမ္းနည္းစြာ နဲ႔ ေရး သား ထားတာပါ။

Crd:

Leave a Reply

Your email address will not be published. Required fields are marked *