မေမြင့်မိုရ် နဲ့ အိချောပိုတို့နှစ်ယောက်ကြားမှာထိုင်ပြီး မနေတတ် မထိုင်တတ်အောင် ရှက်နေ တဲ့ ဖြိုးမြတ်အောင်

Posted on

Myanmar Idol Season (3) ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ပြိုင်ပွဲဝင်နေစဉ်ကာလတလျှောက်လုံး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့ပြီး ယနေ့ထိတိုင် အောင်မြင်မှုတွေရရှိနေဆဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က လက်ရှိမှာ နိုင်ငံကျော် အဆိုတော်တစ်ယောက်အဖြစ် ဂီတလောက မှာ အောင်မြင်မှုတွေ ဆွတ်ခူးထားသလို သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ “သင့်အတွက်မနက်ဖြန်” အခွေကိုလည်း တစ်နိုင်ငံလုံးဖြန့်ချီ ထုတ်လုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖြိုးမြတ်အောင်က သူ့ရဲ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သီချင်းသစ်တွေကို အမြဲတမ်းချပြနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အွန်လိုင်း Live Sale တွေအပြင် သီချင်းသစ်တွေ အတွက်လည်း MV တွေကို ရိုက်ကူးနေရတဲ့ ဖြိုးမြတ်အောင်က ဒီတစ်ခေါက်မှာတော့ အချောအလှမှာ နာမည်ကြီးတဲ့ မင်းသမီးနှစ်ယောက်ဖြစ်တဲ့ အိချောပိုနဲ့ မေမြင့်မိုရ်နဲ့ ဆုံတွေ့ခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။ ဖြိုးမြတ်အောင်ကတော့ မေမြင့်မိုရ်နဲ့ အိချောပိုတို့နှစ်ယောက်ကြား အလည်မှာထိုင်ရင်း “ဘာဆက်ရေး ရမှန်းမသိတော့ဘူး 🙈🙈” ဆိုပြီး မနေတတ်မထိုင်တတ်အောင် ရှက်နေတာကို တွေ့ရပါတယ်။

ဖြိုးမြတ်အောင်ကတော့ နာမည်ကြီးအချောအလှမင်းသမီးနှစ်ယောက်နဲ့ နီးနီးကပ်ကပ် ဆုံတွေ့ခွင့်ရတဲ့အခါမှာ ရင်ခုန်သံတွေမြန်ဆန်လာပြီး မနေတတ်မထိုင်တတ်အောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိန်းမလှလေးတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့တဲ့ ဖြိုးမြတ်အောင်ကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *