မေမေ့ရဲ့ အဆုံးအမတွေ ကြောင့် ဘုရားတရား ကိုင်းရှိုင်းတတ်လာတဲ့အပြင် မေမေ နဲ့အတူတူ ဘုရားဝတ်ပြုနေပြီ ဖြစ်တဲ့ ခိုင်နှင်းဝေ ရဲ့ သမီးလေး

Posted on

မိဘဆိုတာသားသမီးတွေအတွက် အရေးကြီးဆုံး လက်ဦးဆရာပါပဲ။ ကလေးတွေ ရဲ့ငယ်ဘဝမှာ မိဘတွေ ရဲ့အပြုအမူအပြောအဆိုတွေကို အတုယူပြီး လိုက်လုပ်လေ့ရှိတာမို့ ကလေးတွေရှေ့မှာ လွဲမှားတဲ့အမူအယာနဲ့အပြောအဆိုတွေမလုပ်မိဖို့ အတော်လေးအရေးကြီးပါတယ်။ ကလေးတွေ ရဲ့ဘဝကို ကယ်တင်ပေးနေတဲ့ ခိုင်နှင်းဝေဟာ သူမရဲ့သမီးလေးရွှန်းရွှန်းကိုလည်း အကောင်းဆုံး ထိန်းကျောင်းပြုပြင် ပေးခဲ့ပါတယ်။ ဂေဟာကသားသမီးတွေကိုလည်း ရင်နဲ့အမျှချစ်ရသလို အိမ်က သမီးလေးရွှန်းရွှန်းကိုလည်း ဂရုတစိုက်နဲ့ သေချာလေးပျိုးထောင်ပေးနေခဲ့ပါတယ်။

မေမေ့ဆီကအကျင့်ကောင်းလေးတွေကိုအတုယူတဲ့ရွှန်းရွှန်းဟာ ဘုရားစာတွေဆိုတတ်နေပြီ ဖြစ်သလို ဘုရားရှိခိုးရကောင်းမှန်းလည်းသိနေခဲ့ပါပြီ။ ကောင်းမွန်တဲ့အလေ့အထတွေနဲ့ ကြီးပျင်းလာမယ့် ကလေးတစ်ယောက်ဟာ အနာဂတ်ကောင်းတွေလည်းပိုင်ဆိုင်ရမယ်ဆိုတာ အသေအချာပါပဲ။ ချစ်သမီးလေးရဲ့ ယဉ်ကျေးတဲ့အပြုအမူတွေကြောင့် မေမေခိုင်နှင်းဝေလည်း အမောပြေပြီး ပျော်မဆုံးဖြစ်နေခဲ့ပါတယ်။ ချစ်စရာသားအမိနှစ်ယောက် ဘုရားအတူတူရှိခိုးနေတဲ့ ပုံရိပ်လေးတွေကို ” ရွှန်းရွှန်း က ဘုရားစာတွေ လဲ တတ်နေပြီး ဘုရားလဲ ရှိခိုးတတ်နေပြီရှင်..❤️❤️ ” ဆိုပြီး မေမေခိုင်နှင်းဝေ က သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

အရွယ်ရောက်လာတဲ့အချိန်မှာ မေမေ့လိုပဲ အများ အကျိုးဆောင်တဲ့ ပရဟိတအကျိုးဆောင်တစ်ယောက် ဖြစ်မလားဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပါ။ မေမေ့လို သရုပ်ဆောင် ဝါသနာပါတာကြောင့် မကြာခဏဆိုသလိုလည်း အိမ်မှာအိုက်တင်ကျင့်တတ်ပါသေးတယ်။ ချစ်စရာသမီးလေးရဲ့ ရင်အေးစေတဲ့အပြုအမူတွေဟာ မေမေ့အတွက်တော့ အားဆေးတွေပါပဲ။ စောင့်ရှောက်ထားတဲ့ သားသမီးတိုင်းကို အကောင်းဆုံးဖြစ်စေချင်တဲ့ဆန္ဒနဲ့ မေတ္တာကြောင့် မေမေခိုင်နှင်းဝေ ရဲ့ဘဝဟာလည်း အမြဲတမ်းပြုံးပျော်နေခဲ့ရတယ်ဆိုတာ ဒီပုံလေးတွေက သက်သေပြနေပါတယ်။

Photo Credit – Khine Hnin Wai’s FB Acc

zawgyi

မိဘဆိုတာသားသမီးေတြအတြက္ အေရးႀကီးဆုံး လက္ဦးဆရာပါပဲ။ ကေလးေတြ ရဲ႕ငယ္ဘဝမွာ မိဘေတြ ရဲ႕အျပဳအမူအေျပာအဆိုေတြကို အတုယူၿပီး လိုက္လုပ္ေလ့ရွိတာမို႔ ကေလးေတြေရွ႕မွာ လြဲမွားတဲ့အမူအယာနဲ႔အေျပာအဆိုေတြမလုပ္မိဖို႔ အေတာ္ေလးအေရးႀကီးပါတယ္။ ကေလးေတြ ရဲ႕ဘဝကို ကယ္တင္ေပးေနတဲ့ ခိုင္ႏွင္းေဝဟာ သူမရဲ႕သမီးေလး႐ႊန္း႐ႊန္းကိုလည္း အေကာင္းဆုံး ထိန္းေက်ာင္းျပဳျပင္ ေပးခဲ့ပါတယ္။ ေဂဟာကသားသမီးေတြကိုလည္း ရင္နဲ႔အမွ်ခ်စ္ရသလို အိမ္က သမီးေလး႐ႊန္း႐ႊန္းကိုလည္း ဂ႐ုတစိုက္နဲ႔ ေသခ်ာေလးပ်ိဳးေထာင္ေပးေနခဲ့ပါတယ္။

ေမေမ့ဆီကအက်င့္ေကာင္းေလးေတြကိုအတုယူတဲ့႐ႊန္း႐ႊန္းဟာ ဘုရားစာေတြဆိုတတ္ေနၿပီ ျဖစ္သလို ဘုရားရွိခိုးရေကာင္းမွန္းလည္းသိေနခဲ့ပါၿပီ။ ေကာင္းမြန္တဲ့အေလ့အထေတြနဲ႔ ႀကီးပ်င္းလာမယ့္ ကေလးတစ္ေယာက္ဟာ အနာဂတ္ေကာင္းေတြလည္းပိုင္ဆိုင္ရမယ္ဆိုတာ အေသအခ်ာပါပဲ။ ခ်စ္သမီးေလးရဲ႕ ယဥ္ေက်းတဲ့အျပဳအမူေတြေၾကာင့္ ေမေမခိုင္ႏွင္းေဝလည္း အေမာေျပၿပီး ေပ်ာ္မဆုံးျဖစ္ေနခဲ့ပါတယ္။ ခ်စ္စရာသားအမိႏွစ္ေယာက္ ဘုရားအတူတူရွိခိုးေနတဲ့ ပုံရိပ္ေလးေတြကို ” ႐ႊန္း႐ႊန္း က ဘုရားစာေတြ လဲ တတ္ေနၿပီး ဘုရားလဲ ရွိခိုးတတ္ေနၿပီရွင္..❤️❤️ ” ဆိုၿပီး ေမေမခိုင္ႏွင္းေဝ က သူမရဲ႕လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။

အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာ ေမေမ့လိုပဲ အမ်ား အက်ိဳးေဆာင္တဲ့ ပရဟိတအက်ိဳးေဆာင္တစ္ေယာက္ ျဖစ္မလားဆိုတာေတာ့ ရင္ခုန္စြာနဲ႔ေစာင့္ေမွ်ာ္ရမွာပါ။ ေမေမ့လို သ႐ုပ္ေဆာင္ ဝါသနာပါတာေၾကာင့္ မၾကာခဏဆိုသလိုလည္း အိမ္မွာအိုက္တင္က်င့္တတ္ပါေသးတယ္။ ခ်စ္စရာသမီးေလးရဲ႕ ရင္ေအးေစတဲ့အျပဳအမူေတြဟာ ေမေမ့အတြက္ေတာ့ အားေဆးေတြပါပဲ။ ေစာင့္ေရွာက္ထားတဲ့ သားသမီးတိုင္းကို အေကာင္းဆုံးျဖစ္ေစခ်င္တဲ့ဆႏၵနဲ႔ ေမတၱာေၾကာင့္ ေမေမခိုင္ႏွင္းေဝ ရဲ႕ဘဝဟာလည္း အၿမဲတမ္းၿပဳံးေပ်ာ္ေနခဲ့ရတယ္ဆိုတာ ဒီပုံေလးေတြက သက္ေသျပေနပါတယ္။

Photo Credit – Khine Hnin Wai’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *