မေတ္တာတရား နဲ့ ကိုယ်ချင်းစာစိတ်မရှိရင် ဘုရားတရားလုပ်လည်း ဘဝက နတ္ထိ ဖြစ်ကြောင်း တန်ဖိုး ရှိတဲ့ စကားလေးတွေ သီကုံး ရေးသားလိုက်တဲ့ “ပိုင်တံခွန်”

Posted on

တံခွန်ကတော့ ဖေဖော်ဝါရီလထဲကစတင်ခဲ့တဲ့ ဒီလူထု လှုပ်ရှားမှုကြမှာ စိတ်ရော ကိုယ်ပါနှစ်ပြီး အဓိကပါဝင်နေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အားလုံးက လေးစားနေကြတာပါ။မြန်မာနိုင်ငံမှာသာမက နိုင်ငံပေါင်းစုံကရရှိထားတဲ့ Follower များစွာကို အသုံးချကာ လူထုလှုပ်ရှားမှုတွေမှာ ဖြစ်ပျက်နေတဲ့ အရာတွေကိုအချိန်နဲ့တစ်ပြေးညီဖော်ပြကာ ဘက်ပေါင်းစုံကနေ ကူညီအားဖြည့်နေတာကြောင့် ပရိသတ်တွေကလည်း အရင် ထက်တောင် ပိုမိုအားပေးလာကြတာတွေ့ရပါတယ်။

ဒါ့အပြင် သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာ နည်းမျိုးစုံ နဲ့ ပါဝင်ခဲ့သလို ပြည်သူတွေကို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ်ခုခံပေးခဲ့တာလည်းတွေ့ရပါတယ်။ ဒါ့ကြောင့်လည်းသူအနေနဲ့ ခြိမ်းခြောက်ခံရမှုတွေရှိနေခဲ့တာကြောင့် ခုဆိုမိသားစုနဲ့ခွဲခွာကာ ရှောင်နေရတာလည်းဖြစ်ပါတယ်။ ပြည်သူတွေကလည်း တံခွန်ကို ချစ်လို့ မိသားစုဝင်တစ်ယောက်လို စိုးရိမ်စိတ်ပူခဲ့ကြတာအမှန်ပါပဲ။

တံခွန်က သတင်းအချက်အလက်တွေအပြင် တစ်ခါတစ်ရံ သူရဲ့ ခံစားချက် အစစ်အမှန်လေးတွေကိုလည်းရေးသားကာဖော်ပြလေ့ရှိပါတယ်။ခုလည်း မေတ္တာတရားနဲ့ကိုယ်ချင်းစာစိတ်မရှိရင် ဘုရားတရားလုပ်လည်း ဘဝကနတ္ထိဖြစ်ကြောင်း တန်ဖိုးရှိလွန်း တဲ့စာလေး တစ်ပိုဒ်ကိုခုလိုရေးသားဝေမျှခဲ့ပါတယ်။” အသက်တွေ ကြီးလာရင် ကလေးတွေကို ဆုံးမအုန်းမယ် ပိုက်ဆံ ဘယ်လောက်ချမ်းသာချမ်းသာ ကိုယ်ချင်းစာစိတ်နဲ့ ကိုပေးနိုင်တဲ့ မေတ္တာတွေ ဆင်းရဲနေရင် ဘုရားတရားဘယ်လောက်လုပ်လုပ် ဘဝက နတ္ထိဆိုတဲ့အကြောင်း တချို့လူတွေ ပိုက်ဆံသာ ချမ်းသာတယ် မေတ္တာတွေ ချို့တဲ့ လိုက်တာဗျာ”ဆိုပြီးရေးသားထားရာ အဓိပ္ပါယ်များစွာနဲ့ပြည့်နှက်လွန်းနေတာကြောင့် ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Paing Takhon Facebook Page

zawgyi

တံခြန္ကေတာ့ ေဖေဖာ္ဝါရီလထဲကစတင္ခဲ့တဲ့ ဒီလူထု လႈပ္ရွားမႈၾကမွာ စိတ္ေရာ ကိုယ္ပါႏွစ္ၿပီး အဓိကပါဝင္ေနတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ အားလုံးက ေလးစားေနၾကတာပါ။ျမန္မာႏိုင္ငံမွာသာမက ႏိုင္ငံေပါင္းစုံကရရွိထားတဲ့ Follower မ်ားစြာကို အသုံးခ်ကာ လူထုလႈပ္ရွားမႈေတြမွာ ျဖစ္ပ်က္ေနတဲ့ အရာေတြကိုအခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပကာ ဘက္ေပါင္းစုံကေန ကူညီအားျဖည့္ေနတာေၾကာင့္ ပရိသတ္ေတြကလည္း အရင္ ထက္ေတာင္ ပိုမိုအားေပးလာၾကတာေတြ႕ရပါတယ္။

ဒါ့အျပင္ သူကိုယ္တိုင္လည္း လမ္းမေပၚထြက္ကာ လႈပ္ရွားမႈေတြမွာ နည္းမ်ိဳးစုံ နဲ႔ ပါဝင္ခဲ့သလို ျပည္သူေတြကို ေရွ႕တန္းကေန ေနကာ ၿဖိဳခြင္းသမွ်ကို ကာကြယ္ခုခံေပးခဲ့တာလည္းေတြ႕ရပါတယ္။ ဒါ့ေၾကာင့္လည္းသူအေနနဲ႔ ၿခိမ္းေျခာက္ခံရမႈေတြရွိေနခဲ့တာေၾကာင့္ ခုဆိုမိသားစုနဲ႔ခြဲခြာကာ ေရွာင္ေနရတာလည္းျဖစ္ပါတယ္။ ျပည္သူေတြကလည္း တံခြန္ကို ခ်စ္လို႔ မိသားစုဝင္တစ္ေယာက္လို စိုးရိမ္စိတ္ပူခဲ့ၾကတာအမွန္ပါပဲ။

တံခြန္က သတင္းအခ်က္အလက္ေတြအျပင္ တစ္ခါတစ္ရံ သူရဲ႕ ခံစားခ်က္ အစစ္အမွန္ေလးေတြကိုလည္းေရးသားကာေဖာ္ျပေလ့ရွိပါတယ္။ခုလည္း ေမတၱာတရားနဲ႔ကိုယ္ခ်င္းစာစိတ္မရွိရင္ ဘုရားတရားလုပ္လည္း ဘဝကနတၳိျဖစ္ေၾကာင္း တန္ဖိုးရွိလြန္း တဲ့စာေလး တစ္ပိုဒ္ကိုခုလိုေရးသားေဝမွ်ခဲ့ပါတယ္။” အသက္ေတြ ႀကီးလာရင္ ကေလးေတြကို ဆုံးမအုန္းမယ္ ပိုက္ဆံ ဘယ္ေလာက္ခ်မ္းသာခ်မ္းသာ ကိုယ္ခ်င္းစာစိတ္နဲ႔ ကိုေပးႏိုင္တဲ့ ေမတၱာေတြ ဆင္းရဲေနရင္ ဘုရားတရားဘယ္ေလာက္လုပ္လုပ္ ဘဝက နတၳိဆိုတဲ့အေၾကာင္း တခ်ိဳ႕လူေတြ ပိုက္ဆံသာ ခ်မ္းသာတယ္ ေမတၱာေတြ ခ်ိဳ႕တဲ့ လိုက္တာဗ်ာ”ဆိုၿပီးေရးသားထားရာ အဓိပၸါယ္မ်ားစြာနဲ႔ျပည့္ႏွက္လြန္းေနတာေၾကာင့္ ပရိသတ္ႀကီးအတြက္ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Source & Photo Credit : Paing Takhon Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *