မြန်မာဘီယာဖြင့် ခြေထောက်ဆေးခြင်း ကမ်ပိန်းကို မုံရွာဒေသခံအချို့ ဗန္ဓုလလမ်း တွင် ယနေ့ မွန်းလွဲ ၃နာရီခန့်က ပြုလုပ်သည်ကို တွေ့ရသည်။ “တပ်နဲ့ဆက်နွယ်လို့ပါ၊ မသောက်ဖူး ၊ခြေဆေးပစ်တာ၊ ဆိုင်ကလည်း လက်ကျန်ဖြတ်တာ ၊မရောင်းတော့ဘူးဆိုလို့ “ဟု ပါဝင်သူတစ်ဦးကပြောသည်။
ကမ်ပိန်းတွင် လမ်းသွားလမ်းလာများ မည်သူမဆို ပါဝင်ဆေးကြရန် ဖိတ်ခေါ်ခဲ့ပြီး ဝင်ရောက်ဆေးသူများ ရှိသည်ကိုလည်း တွေ့ရသည်။ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာ စသိမ်းပြီး နောက်ပိုင်း စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများကို ပြည်သူများက သပိတ်မှောက်ခဲ့ကြတာ ဖြစ်သည်။
ယခုအချိန်တွင် စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်း များကို စုစည်းထားသော ဝေးဝေးနေ မိုဘိုင်းအပလီကေးရှင်းလဲ ထွက်ရှိလာပြီဖြစ်သည်။ ဈေးဝယ်ခါနီးတိုင်း ဝေးဝေးနေ အပလီကေးရှင်း တွင် စစ်ဆေးပြီးမှ ဝယ်ရင် တိုက်တွန်းထားကြသည်။
crd
zawgyi
crd