မုန်တိုင်းငယ် အခြေ အနေ နှင့် မိုးကြီး နိုင် သည့် မြို့နယ် ဒေသများ စာ ရင်း မိုးဇ သတိပေး

Posted on

မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၄/၂၀၂၁)(၂၀၂၁ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ မြန်မာ စံတော်ချိန်(၀၁:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

(က) မုန်တိုင်းငယ်အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် (၀၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး၊

မြန်မာနိုင်ငံ၊ မြိတ်မြို့ (Myeik)၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်၊ ထားဝယ်မြို့(Dawei)၏ အနောက်တောင်ဘက် ရေမိုင် (၁၄၀)မိုင်ခန့်၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အရှေ့တောင်ဘက်

ရေမိုင်(၂၃၅)မိုင်ခန့် နှင့် ရန်ကုန်မြို့ (Yangon) ၏ တောင်- အရှေ့တောင် ဘက်ရေမိုင် (၂၇၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) မုန်တိုင်းငယ်(Depression)၏ လက် ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် သို့ ဦးတည်ရွေ့လျားနိုင်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာ စံတော်ချိန် (၀၀:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု(၁၂.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၆.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး

လေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅) မိုင်နှုန် းဖြစ်ပါသည်။

(ဂ)နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ၊မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)၏အရှိန်ကြောင့် (၂.၄.၂၀၂၁)ရက်နေ့မှ (၇.၄.၂၀၂၁)ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ

ကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကာ၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေ

ပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်

နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

(င)အကြံပြုချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်

ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်

အသိပေးနှိုးဆော်အပ်ပါသည်။

Credit- Moe Za La

Leave a Reply

Your email address will not be published. Required fields are marked *