မီးရထား ဝန်ထမ်းဝတ်စုံလေးဝတ်ပြီး လမ်းပေါ်မှာ စျေးရောင်း ကာ သမာအာဇီဝ ကျတဲ့ နည်းလမ်း နဲ့ လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတစ်ဦး

Posted on

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်လိုက် တဲ့ လက်ရှိ အခြေအနေ ကို အလွှာပေါင်းစုံအသီးသီးမှာရှိတဲ့ ပြည်သူတွေက ရဲရင့်စွာ ရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။ပြည်သူလူထုကတော့ မိမိတို့နိုင်သလောက်အင်အားတွေနဲ့အများအကျိုး သယ်ပိုးဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်မှလို့ နယ်ပယ်အသီးသီးက ဝန်ထမ်းတချို့ကလည်း မိမိတို့ရဲ့အလုပ်တွေကို ရပ်နားလိုက်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လိုက်တာဖြစ်ပါတယ်။အလုပ်ရပ်နားထားကြတဲ့ဝန်ထမ်းတွေ အတွက်လည်း ပြည်သူလူထုက တစ်တပ်တစ်အား ကူညီပေးနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းကဆိုရင် မီးရထား ဝန်ထမ်းတွေကို ဝန်ထမ်းအိမ်ရာမှ ဖယ်ခိုင်းခဲ့တာကြောင့်စေတနာရှင်ပြည်သူတွေက နေစရာနေရာတွေကို စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အလုပ်ရပ်နားထားကြတဲ့ ဝန်ထမ်းတွေကတော့ သမာအာဇီဝကျတဲ့စီးပွါးရေးကို လုပ်ကိုင်စားသောက်ကြပြီး ကိုယ့်အားကိုယ်ကိုးနေကြတာပဲ ဖြစ်ပါတယ်။အခုဆိုရင်လည်း အလုပ်ရပ်နားထားတဲ့မီးရထားဝန်ထမ်းတစ်ဦးက တွန်းလှည်းလေးနဲ့ စတော်ဘယ်ရီတွေရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေတာ ဖြစ်ပါတယ်။

ပြည်သူတွေကလည်း မီးရထားဝန်ထမ်းဝတ်စုံလေးနဲ့ စျေးရောင်းနေတာ ကိုတွေ့လို့ တတ်နိုင် သလောက် ဝယ်ယူအားပေးခဲ့ကြတာဖြစ်ပါတယ်။စျေးရောင်းတဲ့သူကတော့ ဝယ်သူတွေကို စျေးတွေလျော့ပေးတဲ့အပြင် အသီးတွေလည်းပိုပေးနေတာကြောင့် အခုလိုအချိန်မျိုးမှာတောင် စေတနာတွေပိုနေတာဖြစ်ပါတယ်။ပြည်သူတွေနဲ့အတူ တစ်သွေးတည်း၊ တစ်သားတည်းရှိနေပေးဖို့အတွက် အလုပ်ရပ်နားထားလို့ လမ်းပေါ်မှာစျေးရောင်းနေတဲ့ ဝန်ထမ်းတွေကိုတွေ့ခဲ့ရင် ကူညီဖေးမပြီးအားပေးကြဖို့တိုက်တွန်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

zawgyi

ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ကတည္းက စတင္လိုက္ တဲ့ လက္ရွိ အေျခအေန ကို အလႊာေပါင္းစုံအသီးသီးမွာရွိတဲ့ ျပည္သူေတြက ရဲရင့္စြာ ရင္ဆိုင္ေနၾကတာပဲျဖစ္ပါတယ္။ျပည္သူလူထုကေတာ့ မိမိတို႔ႏိုင္သေလာက္အင္အားေတြနဲ႔အမ်ားအက်ိဳး သယ္ပိုးေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္မွလို႔ နယ္ပယ္အသီးသီးက ဝန္ထမ္းတခ်ိဳ႕ကလည္း မိမိတို႔ရဲ႕အလုပ္ေတြကို ရပ္နားလိုက္ၿပီး ျပည္သူေတြနဲ႔အတူ တစ္သားတည္း ပါဝင္လိုက္တာျဖစ္ပါတယ္။အလုပ္ရပ္နားထားၾကတဲ့ဝန္ထမ္းေတြ အတြက္လည္း ျပည္သူလူထုက တစ္တပ္တစ္အား ကူညီေပးေနၾကတာ ျဖစ္ပါတယ္။

မၾကာေသးခင္ရက္ပိုင္းအတြင္းကဆိုရင္ မီးရထား ဝန္ထမ္းေတြကို ဝန္ထမ္းအိမ္ရာမွ ဖယ္ခိုင္းခဲ့တာေၾကာင့္ေစတနာရွင္ျပည္သူေတြက ေနစရာေနရာေတြကို စီစဥ္ေပးခဲ့ၾကတာျဖစ္ပါတယ္။အခုလိုအခ်ိန္မ်ိဳးမွာ အလုပ္ရပ္နားထားၾကတဲ့ ဝန္ထမ္းေတြကေတာ့ သမာအာဇီဝက်တဲ့စီးပြါးေရးကို လုပ္ကိုင္စားေသာက္ၾကၿပီး ကိုယ့္အားကိုယ္ကိုးေနၾကတာပဲ ျဖစ္ပါတယ္။အခုဆိုရင္လည္း အလုပ္ရပ္နားထားတဲ့မီးရထားဝန္ထမ္းတစ္ဦးက တြန္းလွည္းေလးနဲ႔ စေတာ္ဘယ္ရီေတြေရာင္းၿပီး စားဝတ္ေနေရးကို ေျဖရွင္းေနတာ ျဖစ္ပါတယ္။

ျပည္သူေတြကလည္း မီးရထားဝန္ထမ္းဝတ္စုံေလးနဲ႔ ေစ်းေရာင္းေနတာ ကိုေတြ႕လို႔ တတ္ႏိုင္ သေလာက္ ဝယ္ယူအားေပးခဲ့ၾကတာျဖစ္ပါတယ္။ေစ်းေရာင္းတဲ့သူကေတာ့ ဝယ္သူေတြကို ေစ်းေတြေလ်ာ့ေပးတဲ့အျပင္ အသီးေတြလည္းပိုေပးေနတာေၾကာင့္ အခုလိုအခ်ိန္မ်ိဳးမွာေတာင္ ေစတနာေတြပိုေနတာျဖစ္ပါတယ္။ျပည္သူေတြနဲ႔အတူ တစ္ေသြးတည္း၊ တစ္သားတည္းရွိေနေပးဖို႔အတြက္ အလုပ္ရပ္နားထားလို႔ လမ္းေပၚမွာေစ်းေရာင္းေနတဲ့ ဝန္ထမ္းေတြကိုေတြ႕ခဲ့ရင္ ကူညီေဖးမၿပီးအားေပးၾကဖို႔တိုက္တြန္းရင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *