မီးမလာတဲ့ အချိန်ပူအိုက်လို့ ညည်းမိမယ်ကြံတိုင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရသူတွေ ကို အားနာပြီး မျက်ရည် ကျရတဲ့ အကြောင်း ပြောလာတဲ့ အေးသီတာ

Posted on

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက် အဖြစ် ပရိသတ် အသိအမှတ်ပြု ချစ်ခင် အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အေးသီတာကတော့ စီး ပွား ရေးတွေ ကြပ်တည်းနေတဲ့ လက်ရှိအခြေနေတွေမှာလည်း စေတနာရှင်တွေနဲ့အတူ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်း မှုတွေ တတ်နိုင်သလောက် ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

အေးသီတာကတော့ ရက်ပိုင်းအတွင်းမှာ ရာသီဥတု ပူပြင်းနေတဲ့ အပြင် မီးပျက်တဲ့အချိန်ပူအိုက်လို့ ညည်းမိမယ်ကြံတိုင်း ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့သူတွေကို အားနာစိတ်ဖြစ်မိတဲ့အကြောင်း ပြောပြလာပါတယ်..။

တစ်ညလုံးမီးပျက်ပြီး ပူအိုက်လို့ ညည်းချင်တဲ့ အချိန်တိုင်း သူမထက် အဆပေါင်းများစွာ နုဖက်ပေမယ့် ပင်ပန်းခက်ခဲနေကြရတဲ့ လုပ်ဖော်ကိုင် ဖက် အနုပညာရှင်တွေရဲ့ မျက်နှာတွေကို မြင်ယောင်ကာ အားနာစိတ်နဲ့အတူ စိုးရိမ်မိပြီး ဝမ်းနည်းမျက်ရည်ကျတဲ့ အကြောင်းတွေကို ပြောပြ ထား တာပါ..။

အားလုံးကို သတိရလွမ်းဆွတ်မိသလို အားနာသနားမိကာ မျက်ရည်ကျရင်း အမြန်ဆုံ းပြန်လာနိုင်ကြဖို့ကိုလည်း အေးသီတာက ဆုတော င်းပေးထားပါသေးတယ်..။

“မနေ့ညကတညလုံးမီးပျက် တိုက်ခန်းတို့သဘာဝ မီးပျက် ရင် အဲယားကွန်းမရ ပြုတ်ထာ းသလိုဖြစ် ဒါပေမယ့် မညည်းခဲ့ မိဘူး အမလေးပူ လို က် တာ လို့ညည်းမိမယ်ကြံတိုင်း ကိုယ့်ထက်အဆပေါင်းများစွာ ချမ်းသာနုဖက်အုအက်နေသော ကျမချစ်သောလုပ်ဖော်ကိုင်ဘက်တွေရဲ့ မျက် နှာ ဘယ်လို နေ ဘယ်လိုစားရပါ့ဆိုတဲ့အတွေး နဲ့ညီးချင်စိတ်ပျောက် မျက်ရည်တွေရောက်ခဲ့ရတယ်

အားလုံးကိုသတိရ လွမ်းဆွတ်အားနာသနား😔😔😫😫😫😢😢😢

အမြန်ပြန်လာနိုင်ပါစေ..” ဆိုပြီး စိတ်မကောင်းစွာ ရေးသားထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေအားလုံးကလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်ဆွေ အမြန်ဆုံးပြန်လည်လွတ်မြောက်စေဖို့ ကို လည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Aye Thida’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *