မီးဘေးသင့် ခဲ့တဲ့ မန္တလေးမြို့ ပြည်ကြီး တံခွန်မှ ပြည်သူတွေ ကို သူငယ်ချင်း တွေ နဲ့ စုပေါင်း ပြီး ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ OASIX

Posted on

ပရိသတ်ကြီးရေ အဆိုတော် Oasixကတော့မတ်လ (၂၉)ရက်နေ့ မှာ မန္တလေးမြို့ ပြည်ကြီး တံခွန်က မီးဘေးသင့်တဲ့ နေရာထံ သွ ားရောက်ပြီး ပြည်သူ တွေနဲ့အတူ ပူးပေါင်းကာ လိုအပ်တာတွေ ကို လှူဒါန်းခဲ့ပါတယ် ။ အလှူငွေကျပ် (၂၄၀၀၀၀) ကျပ်အပြင် ဆန် ၊ဆီ ၊ဆား ၊စောင် ခြင်ထောင် ၊ခေါင်းအုံး ၊အဝတ်အထည် မျိုးစုံ ခေါက်ဆွဲခြောက် နဲ့ လူအသုံး အဆောင်တွေကို လှူဒါန်းခဲ့ တာပဲ ဖြစ်ပါတယ် ။

အလှူပစ္စည်း တွေက အရမ်းများ တာကြောင့် (၃)ခေါက်တိတိ ခွဲသယ်ခဲ့ရတဲ့ အကြောင်း ကို လည်း သူရဲ့ Facebook Account မှာ ရေးသားမျှဝေလာ ခဲ့တာပဲ ဖြစ်ပါတယ် ။ စေတနာ သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခဲ့တဲ့ သူရဲ့ ပုံရိပ်တွေအပြင် အခုလို လှူဒါန်းရတဲ့ အကျိုးကြောင့် မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု အစစ်အမှန် ရရှိပါစေဆိုပြီး ဆုတောင်း ခဲ့ ပါသေးတယ် ။

ဒါ့အပြင် သူလို့ လှူဒါန်းချင်တဲ့ နောက်ထပ်အလှူရှင် တွေအတွက်လည်း သူတို့ ဆီမှာ အဝတ် အစားတွေက အဆင်ပြေနေပြီမို့ ဖြစ်နိုင်ရင် လူအသုံး အဆောင်တွေ ရယ် အိမ်ပြန်ဆောက်ဖို့ သစ်သားတို့ ငွေကြေးတို့ အဓိကလိုပါတယ်ဆိုပြီး ပြောပြလာခဲ့ပါတယ် ။ အခုလို လိုအပ်နေတဲ့ နေရာတွေ မှာ သွားရောက် လှူဒါန်းခဲ့တဲ့ Oasix ရဲ့ ပုံရိပ်တွေနဲ့ ရေးသားထားတဲ့ စာသားတွေ ကိုလည်း ပရိသတ် တွေအတွက်ပြန်လည်မျှဝေ ပေးလိုက်ပါတယ် ။

Credit

zawgyi




Credit

Leave a Reply

Your email address will not be published.