မီးပုံးပျံ များကို လွှတ်တင် ကာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် ခဲ့ကြတဲ့ တောင်ကြီးက ပြည်သူများ

Posted on

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီး ကတော့ အရင်လို ငြိမ်းချမ်းစွာ လမ်းမပေါ် ထွက်ပြီး ဆန္ဒထုတ်ဖော်ခွင့်မရတော့ပေမယ့် ပြည်သူတွေကတော့ ရရာနည်းလမ်းတွေကို အသုံးချကာ နည်းမျိုးစုံနဲ့ ပျောက်ကြားသပိတ်လှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ခုဆိုရင် မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုံကလည်း ဒီလှုပ်ရှားမှုကြီးမှာ ပါဝင်အားဖြည့်ပေးနေကြတာလည်းဖြစ်ပါတယ်။

ခုဆိုရင် နေရာအနှံအပြားမှာ ပြည်သူတွေဟာ အပစ်အခတ်တွေကို ရင်ဆိုင်နေရတာကြောင့် အသက်ဆုံးရှုံးရသူတွေလည်းရှိသလို တစ်ချို့နေရာတွေမှာဆိုရင် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေလည်း များစွာ ရှိတာကို စိတ်မကောင်းစွာတွေ့မြင်နေရပါတယ်။ ခုလိုအခက်အခဲတွေ ဒုက္ခတွေနဲ့ရင်ဆိုင်နေရပေမယ့်လည်း အားလုံးကလက်မလျော့သွားဘဲ စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်ကိုရောက်ဖို့ ရှေ့ဆက်သွားနေကြဆဲပဲ။

ခုလို မြန်မာလူမျိုးတွေ တန်ဖိုးထားတဲ့ သင်္ကြန် ပွဲတော်ရက်မှာ ဆိုရင်လည်း မြို့နယ်တိုင်းမှာ မည်သူတစ်ဦးတစ်ယောက်မှမကျင်းပကြတာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ဒါပေမယ့် မိမိတို့နေထိုင်ရာ မြို့နယ်တိုင်းမှာတော့ လှုပ်ရှားမှုလေးတွေကိုရရာနေရာကနေ ပြုလုပ်လျက်ရှိပါတယ်။တောင်ကြီးမှာဆိုရင်လည်း သင်္ကြန် အကြတ်နေ့မှာ မီးပုံးပျံများစွာကို လွှတ်တင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် တောင်ကြီးက ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *