မိုး လေ ဝ သ အ ထူး သတင်း …

Posted on

အပူပိုင်း ဆိုင်ကလုံး မုန်တိုင်းဖြစ်တန်ချေ အင်မတန် မှ နည်းသေးကြောင်း (မဖြစ်နိုင်ကြောင်း) ဦးစွာ ပြောပါရစေ။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ဘက်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အနည်းငယ် ပိုမိုအားကောင်းလာပြီး အရှေ့မြောက်ဘက် ကို ဦးတည်၍ ဖြည်းညင်းစွာ ရွေ့လျားနေပါတယ်။ လာမယ့် ဧပြီလ ၂ ရက် ၃ ရက်အတွင်း မှာ အက်ဒီမန် ပင်လယ်အတွင်းကနေ မြန်မာ့ကမ်းရိုးတန်းဆီသို့ ရောက်ရှိလာနိုင်ပါတယ်။

လေ နဲ့ ရေဟာ အပူချိန်ကို မူတည်ပြီး ပုံသဏ္ဌာန် ပြောင်းလဲနိုင်ပါတယ်။ ပူတဲ့လေဟာ ပွပြီး အထက်သို့ ဆန်တက်ပါတယ်။ ထိုအခါမှာ ဖိအားလျော့နည်းမှု စဖြစ်လာပါတယ်။ ဖိအားလျော့သွားတဲ့နေရာကို အေးပြီး လေးတဲ့ လေတွေက တိုးဝင် တိုက်ခတ်ကြပါတယ်။ အဲ့ဒါကြောင့် လေဖိအားနည်း ရပ်ဝန်းရှိတဲ့နေရာ မှာ လေပြင်းများ တိုက်ခတ်ကြခြင်းဖြစ်ပါတယ်။

ဆောင်းတွင်းမှာ မြောက်လေတိုက်ပြီး အခုလို နွေကူးချိန် နဲ့ နွေရောက်တဲ့ အချိန်တွေမှာ အနောက်တောင်ဘက်က လေတိုက်ခတ်တာဟာ နှစ်စဉ်ဖြစ်နေကျ သဘာဝဖြစ်ပါတယ်။ အခြေခံပညာ ဆဌမတန်း နဲ့ သတ္တမတန်း ပထဝီသင်ခန်းစာများမှာ ကျနော်တို့ သင်ကြားလေ့လာခဲ့ကြပြီး ဖြစ်ပါတော့တယ်။

ထို့အတူပဲ ရေဟာ အပူချိန်များလာတဲ့အခါ အငွေ့ပြန်ပြီး အထက်သို့ ဆန်တက်ပါတယ်။ အထက်သို့ ရောက်တဲ့အခါ အေးလာတဲ့အတွက် ငွေ့ရည်ပြန်ဖွဲ့ပြီး မိုးတိမ်တွေ ဖြစ်လာပါတယ်။ လေတိုက်ခတ်တဲ့ အခါမှာတော့.. လေနှင့်အတူ ရွေ့လျားပြီး ၊ ကုန်းတွင်းပိုင်း (ကုန်းမြင့်တောင်စောင်း) တွေမှာ မိုးအဖြစ်ရွာသွန်းကြပါတယ်။

ဆိုလိုတာကတော့.. အခု တိုက်ခတ်လာမယ့် လေတွေဟာ ပင်လယ်ဘက် ကနေ လာမှာဖြစ်တဲ့အတွက် မိုးရွာသွန်းခြင်းကို ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်အပါအဝင် ကမ်းရိုးတန်းဒေသများမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများမှာလည်း မိုးရွာနိုင်ချေ အချို့ ရှိနေပါတယ်။ နောက်တခေါက် ထပ်ပြောပါမယ်။ မုန်တိုင်း အဆင့်သို့ မရောက်နိုင်သလို မုန်တိုင်းဖြစ်နိုင်ချေလည်းအလွန်နည်းပါတယ်။

crd

zawgyi

အပူပိုင္း ဆိုင္ကလုံး မုန္တိုင္းျဖစ္တန္ေခ် အင္မတန္ မွ နည္းေသးေၾကာင္း (မျဖစ္ႏိုင္ေၾကာင္း) ဦးစြာ ေျပာပါရေစ။ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ဘက္မွာ လက္ရွိ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ အနည္းငယ္ ပိုမိုအားေကာင္းလာၿပီး အေရွ႕ေျမာက္ဘက္ ကို ဦးတည္၍ ျဖည္းညင္းစြာ ေ႐ြ႕လ်ားေနပါတယ္။ လာမယ့္ ဧၿပီလ ၂ ရက္ ၃ ရက္အတြင္း မွာ အက္ဒီမန္ ပင္လယ္အတြင္းကေန ျမန္မာ့ကမ္း႐ိုးတန္းဆီသို႔ ေရာက္ရွိလာႏိုင္ပါတယ္။

ေလ နဲ႔ ေရဟာ အပူခ်ိန္ကို မူတည္ၿပီး ပုံသဏၭာန္ ေျပာင္းလဲႏိုင္ပါတယ္။ ပူတဲ့ေလဟာ ပြၿပီး အထက္သို႔ ဆန္တက္ပါတယ္။ ထိုအခါမွာ ဖိအားေလ်ာ့နည္းမႈ စျဖစ္လာပါတယ္။ ဖိအားေလ်ာ့သြားတဲ့ေနရာကို ေအးၿပီး ေလးတဲ့ ေလေတြက တိုးဝင္ တိုက္ခတ္ၾကပါတယ္။ အဲ့ဒါေၾကာင့္ ေလဖိအားနည္း ရပ္ဝန္းရွိတဲ့ေနရာ မွာ ေလျပင္းမ်ား တိုက္ခတ္ၾကျခင္းျဖစ္ပါတယ္။

ေဆာင္းတြင္းမွာ ေျမာက္ေလတိုက္ၿပီး အခုလို ေႏြကူးခ်ိန္ နဲ႔ ေႏြေရာက္တဲ့ အခ်ိန္ေတြမွာ အေနာက္ေတာင္ဘက္က ေလတိုက္ခတ္တာဟာ ႏွစ္စဥ္ျဖစ္ေနက် သဘာဝျဖစ္ပါတယ္။ အေျခခံပညာ ဆဌမတန္း နဲ႔ သတၱမတန္း ပထဝီသင္ခန္းစာမ်ားမွာ က်ေနာ္တို႔ သင္ၾကားေလ့လာခဲ့ၾကၿပီး ျဖစ္ပါေတာ့တယ္။

ထို႔အတူပဲ ေရဟာ အပူခ်ိန္မ်ားလာတဲ့အခါ အေငြ႕ျပန္ၿပီး အထက္သို႔ ဆန္တက္ပါတယ္။ အထက္သို႔ ေရာက္တဲ့အခါ ေအးလာတဲ့အတြက္ ေငြ႕ရည္ျပန္ဖြဲ႕ၿပီး မိုးတိမ္ေတြ ျဖစ္လာပါတယ္။ ေလတိုက္ခတ္တဲ့ အခါမွာေတာ့.. ေလႏွင့္အတူ ေ႐ြ႕လ်ားၿပီး ၊ ကုန္းတြင္းပိုင္း (ကုန္းျမင့္ေတာင္ေစာင္း) ေတြမွာ မိုးအျဖစ္႐ြာသြန္းၾကပါတယ္။

ဆိုလိုတာကေတာ့.. အခု တိုက္ခတ္လာမယ့္ ေလေတြဟာ ပင္လယ္ဘက္ ကေန လာမွာျဖစ္တဲ့အတြက္ မိုး႐ြာသြန္းျခင္းကို ျဖစ္ေပၚေစႏိုင္မွာ ျဖစ္ပါတယ္။ အထူးသျဖင့္ ရန္ကုန္အပါအဝင္ ကမ္း႐ိုးတန္းေဒသမ်ားမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ အထက္ပိုင္း ေဒသမ်ားမွာလည္း မိုး႐ြာႏိုင္ေခ် အခ်ိဳ႕ ရွိေနပါတယ္။ ေနာက္တေခါက္ ထပ္ေျပာပါမယ္။ မုန္တိုင္း အဆင့္သို႔ မေရာက္ႏိုင္သလို မုန္တိုင္းျဖစ္ႏိုင္ေခ်လည္းအလြန္နည္းပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *