မိုးဟေကို ကိုယ်တိုင် ပြောပြလာ တဲ့ သူမ ရဲ့ စိတ်နေစိတ်ထား

Posted on

အပြင်ပန်းက မြင်ဖူးရုံပဲရှိတဲ့ ပရိသတ်တွေ မသိသေးတဲ့ အချက်ပါ။ မိုးဟေကိုကတော့ သူမနဲ့ တရင်းတနှီးရှိတဲ့ မိတ်ဆွေတွေလောက်သာ သိတဲ့ စိတ်နေစိတ်ထားလေးတွေကို ပရိသတ် သိအောင် အခုလို ပြောပြထားပါတယ်။ မိဘအပေါ် သိတတ်လိမ္မာပြီး အပြောအဆို၊ အနေအ ထိုင် အရမ်းအေးဆေးတယ်လို့ ပရိသတ်တွေ ထင်ထားကြတဲ့ မင်းသမီးချော မိုးဟေကို ကတော့ “ မိုးကိုယ်တိုင် ပြောပြမယ့် မိုးဟေကိုအကြောင်း” ဆိုတဲ့ ဗီဒီယိုလေး ရိုက်ကူးထားတာ တွေ့ရပါတယ်။ ပထမဆုံး အနေနဲ့ သူမရဲ့ စိတ်နေစိတ်ထားလေးတွေကို ပရိသတ် သိအောင် ပြောပြလာပါတယ်။

“ မိုးရဲ့ စိတ်နေစိတ်ထားကို အပြင်ပန်းကကြည့်မယ် ဆိုရင် အနေအေးတယ်၊ စကားနည်းတယ် လို့ထင်ကြမယ်။ ဒါပေမယ့် မိုးကို ချစ်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက မိုးကို အမျိုးမျိုးဝေဖန်ကြတာတော့ရှိမှာပါ။ ကိုယ်တကယ်ရင်းနှီးသွားပြီဆိုရင် မိုးက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပေါင်းတတ်တယ်၊ အတည်ပေါက်ကြီးနဲ့ အရမ်းကို အစ အနောက်သန်တယ်၊ အရီ(အရယ်) သံတယ် အဲဒီ (၃) ချက်ကတော့ မိုးမှာရှိတယ်” ဆိုပြီးတော့ ဇန်နဝါရီလ (၂၁) ရက်နေ့ ညနေ (၆) နာရီ ခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုဖိုင်လေးတင်ရင်း ပြောခဲ့တာပါ။ မိုးဟေကိုဟာ အနုပညာအလုပ်သာမက စီးပွားရေး အလုပ်တွေကိုပါ ကိုယ်တိုင်ဦးစီးပြီး လုပ်နေသူတစ်ယောက်ပါ။ ဒါကလည်း သူမ ရဲ့ အကျင့်အတိုင်း စိတ်အားထက်သန်မှုရှိတဲ့ အရာတိုင်းကို မဖြစ် ဖြစ်အောင် လုပ်တတ်တယ်လို့ ဆိုပါတယ်။

“ မိုးရဲ့ အကျင့်တွေကတော့ ကိုယ်တကယ် စိတ်အား ထက်သန်တဲ့ အရာဆိုရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အကျင့်တစ်ခုရှိတယ်၊ မလုပ်ချင်ဘူး စိတ်မပါဘူးဆိုရင် ဘယ်လောက် ကောင်းနေတဲ့ အရာပဲ ဖြစ်ဖြစ် ကိုယ်က ခေါင်းမာတယ်ပဲ ပြောရမလားပေါ့နော်။ အဲဒီအကျင့်က ကောင်း တာလား မကောင်းတာလားလည်း မသိဘူး။ စိတ်မပါရင် အားနာပြီးတော့တောင် လုပ်လေ့လုပ်ထမရှိဘူး။ မိုးနဲ့ ရင်းနှီးတဲ့ သူတိုင်းက မိုးကို ပြောလေ့ရှိတယ်။ နင်က အရမ်းဇီဇာကြောင်တယ်၊ စိတ်ကောက်တတ်တယ်၊ စကားအရမ်းများတယ်တဲ့။ ဟုတ်လား မဟုတ်လားတောင် ကိုယ့်ကိုယ်ကိုယ် မစဉ်းစားတတ်တော့ဘူး” လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။

crd

zawgyi

အျပင္ပန္းက ျမင္ဖူး႐ုံပဲရွိတဲ့ ပရိသတ္ေတြ မသိေသးတဲ့ အခ်က္ပါ။ မိုးေဟကိုကေတာ့ သူမနဲ႔ တရင္းတႏွီးရွိတဲ့ မိတ္ေဆြေတြေလာက္သာ သိတဲ့ စိတ္ေနစိတ္ထားေလးေတြကို ပရိသတ္ သိေအာင္ အခုလို ေျပာျပထားပါတယ္။ မိဘအေပၚ သိတတ္လိမၼာၿပီး အေျပာအဆို၊ အေနအထိုင္ အရမ္းေအးေဆးတယ္လို႔ ပရိသတ္ေတြ ထင္ထားၾကတဲ့ မင္းသမီးေခ်ာ မိုးေဟကို ကေတာ့ “ မိုးကိုယ္တိုင္ ေျပာျပမယ့္ မိုးေဟကိုအေၾကာင္း” ဆိုတဲ့ ဗီဒီယိုေလး ႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။ ပထမဆုံး အေနနဲ႔ သူမရဲ႕ စိတ္ေနစိတ္ထားေလးေတြကို ပရိသတ္ သိေအာင္ ေျပာျပလာပါတယ္။

“ မိုးရဲ႕ စိတ္ေနစိတ္ထားကို အျပင္ပန္းကၾကည့္မယ္ ဆိုရင္ အေနေအးတယ္၊ စကားနည္းတယ္ လို႔ထင္ၾကမယ္။ ဒါေပမယ့္ မိုးကို ခ်စ္တဲ့ ပရိသတ္ေတြ၊ သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြက မိုးကို အမ်ိဳးမ်ိဳးေဝဖန္ၾကတာေတာ့ရွိမွာပါ။ ကိုယ္တကယ္ရင္းႏွီးသြားၿပီဆိုရင္ မိုးက ပြင့္ပြင့္လင္းလင္း ရင္းရင္းႏွီးႏွီး ေပါင္းတတ္တယ္၊ အတည္ေပါက္ႀကီးနဲ႔ အရမ္းကို အစ အေနာက္သန္တယ္၊ အရီ(အရယ္) သံတယ္ အဲဒီ (၃) ခ်က္ကေတာ့ မိုးမွာရွိတယ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ (၂၁) ရက္ေန႔ ညေန (၆) နာရီ ခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ဗီဒီယိုဖိုင္ေလးတင္ရင္း ေျပာခဲ့တာပါ။ မိုးေဟကိုဟာ အႏုပညာအလုပ္သာမက စီးပြားေရး အလုပ္ေတြကိုပါ ကိုယ္တိုင္ဦးစီးၿပီး လုပ္ေနသူတစ္ေယာက္ပါ။ ဒါကလည္း သူမရဲ႕ အက်င့္အတိုင္း စိတ္အားထက္သန္မႈရွိတဲ့ အရာတိုင္းကို မျဖစ္ ျဖစ္ေအာင္ လုပ္တတ္တယ္လို႔ ဆိုပါတယ္။

“ မိုးရဲ႕ အက်င့္ေတြကေတာ့ ကိုယ္တကယ္ စိတ္အား ထက္သန္တဲ့ အရာဆိုရင္ မျဖစ္ျဖစ္ေအာင္ လုပ္တတ္တဲ့ အက်င့္တစ္ခုရွိတယ္၊ မလုပ္ခ်င္ဘူး စိတ္မပါဘူးဆိုရင္ ဘယ္ေလာက္ ေကာင္းေနတဲ့ အရာပဲ ျဖစ္ျဖစ္ ကိုယ္က ေခါင္းမာတယ္ပဲ ေျပာရမလားေပါ့ေနာ္။ အဲဒီအက်င့္က ေကာင္းတာလား မေကာင္းတာလားလည္း မသိဘူး။ စိတ္မပါရင္ အားနာၿပီးေတာ့ေတာင္ လုပ္ေလ့လုပ္ထမရွိဘူး။ မိုးနဲ႔ ရင္းႏွီးတဲ့ သူတိုင္းက မိုးကို ေျပာေလ့ရွိတယ္။ နင္က အရမ္းဇီဇာေၾကာင္တယ္၊ စိတ္ေကာက္တတ္တယ္၊ စကားအရမ္းမ်ားတယ္တဲ့။ ဟုတ္လား မဟုတ္လားေတာင္ ကိုယ့္ကိုယ္ကိုယ္ မစဥ္းစားတတ္ေတာ့ဘူး” လို႔ သေဘာက်ရယ္ေမာရင္း ေျပာျပခဲ့ပါတယ္။ မိုးေဟကိုဟာ အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး တီဗီေၾကာ္ျငာေတြပဲ ႐ိုက္ကူးေနရတာကို ေတြ႕ရပါတယ္။ သူ႔ရဲ႕ ကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရး ျဖစ္တဲ့ မိုး႐ုပ္ရွင္ထုတ္လုပ္ေရးကေန ဇာတ္ကားေကာင္းေတြ ထြက္ရွိႏိုင္ဖို႔ ႀကိဳးစားေနတယ္ လို႔ သိရပါတယ္။ ေနာက္ထပ္ ပိုးထည္ဆိုင္ဘက္မွာ လည္း ဦးေဆာင္ေနရတယ္လို႔ ဆိုပါတယ္။ သေဘာက်တဲ့ ဇာတ္ေကာင္စ႐ိုက္ေတြရွိရင္ေတာ့ ႐ုပ္ရွင္ကားႀကီး ႐ိုက္ျဖစ္တယ္လို႔ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *