မိသားစု နဲ့ ခွဲနေရတာက အသက်ပေးပြီး ခွဲသွားရတဲ့သူတွေ ထက်စာရင် ဘာမှမပြောပလောက်ပါဘူး လို့ ပြောလာ တဲ့ မင်းမော်ကွန်း ရဲ့ ဗီဒီယို

Posted on

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းမော်ကွန်းကတော့ လက်ရှိ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်နေပြီး တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင် လုပ်ဆောင် နေသူပါ..။ မင်းမော်ကွန်းကတော့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် လှူဒါန်းမှုတွေမှာ တတ်နိုင်သလောက် ပြုလုပ်နေပြီး လူငယ်တွေကိုလည်း ဖေးမအားပေးရင်း တော်လှန်ရေးကြီးမှာ အဖက်ဖက်ကနေ ပါဝင်နေသူလည်း ဖြစ်ပါတယ်..။

အခုလိုအချိန်မှာ သူ့အနေနဲ့ မိသားစုနဲ့ခွဲခွာပြီးနေ နေရတာက အသက် ပေးပြီး တစ်သက်လုံးခွဲသွားရတဲ့ ပြည်သူတွေထက်စာရင် လေးစားရတဲ့ညီငယ် ညီမငယ်တွေထက်စာရင် ဘာမှမပြောပလောက်ပါဘူးဆိုပြီးတော့လည်း ခံးစားချက်တွေကို ရင်ဖွင့်ပြောပြ လာပါတယ်..။ လူငယ်တွေလုပ်နေတာတွေကလည်း အထွေအထူးပြောစရာမလိုအောင် တကယ့်လက်တွေ့ကြုံတဲ့အခါမှာ လူငယ်တွေရဲ့စဉ်းစားပုံ လုပ်ပုံကိုင်ပုံတွေက အရမ်းထက်မြတ်တဲ့ အတွက် တိုင်ပြည်အတွက် အရမ်းအားရတယ်ဆိုပြီးတော့ ပြောပြလာတာ ဖြစ်ပါတယ်..။

ဖြိုခွင်းမှုတွေကလည်း ပြည်သူကိုဘယ်လောက်မုန်းတီးပြီး ဘယ်လောက်အငြိုးကြီးလည်းဆိုတာ ပြနေသလို သတ်လိုက်ရင်လည်း သားသမီးအရွယ်ကလေးတွေဖြစ်ပြီး ရိုးရိုးတန်းတန်းတာဝန်အရ ထမ်းဆောင်တာမျိုး မဟုတ်ဘဲ အမုန်းတရားတွေပါဝင်နေတာ သိသာနေတယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။ အတွေ့အကြုံလေးတွေနဲ့ တော်လှန်ရေးလူငယ်တွေအပေါ်လေးစားမိတဲ့ အကြောင်းလေးတွေ ပြောပြထားတဲ့ မင်းမော်ကွန်းရဲ့ ဗီဒီယိုဖိုင်ကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်..။

crd ; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *