မိသားစု တိုင်း သောက ကင်းဝေးပြီး စိတ်ချမ်း သာပါစေ လို့ အဝေးတစ်နေရာ ကနေ ဆုတောင်း မေတ္တာပို့သ ပေးနေ တဲ့ အေးမြတ်သူ

Posted on

မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ် နေသော လူထု လှုပ်ရှား မှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင် အားဖြည့်ခဲ့သူတွေထဲတွင် သရုပ်ဆောင် အေးမြတ်သူလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ ကျရာအခန်းကဏ္ဍကနေ အခုလို တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့တဲ့ အေးမြတ်သူကို ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင် အရေး ယူခြင်း ခံထားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းလုံခြုံရာသို့ ခေတ္တခဏ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

အေးမြတ်သူဟာ မိသားစုကို တန်ဖိုးထား ချစ်ခင်သူဖြစ်ပြီး မိဘနှစ်ပါး အပေါ်ကိုလည်း သိတတ်လိမ္မာလွန်းတဲ့သမီးအလိမ္မာလေး ဖြစ်ပါတယ်။ အခုလို ချစ်ခင်ရသူတွေနဲ့ ခွဲခွာနေရတဲ့အတွက် တော်တော်လေးကို စိတ်မကောင်းဖြစ်နေမှာ အသေချာပါပဲ။ မကြာသေးခင် ရက်ပိုင်းလောက် ကလည်း မိသားစုဝင်များကို သတိရလွမ်းဆွတ်နေတဲ့အကြောင်း ပုံတင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ချစ်ခင်ရတဲ့ အနုပညာရှင်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က အေးမြတ်သူ ရဲ့ Instagram အကောင့် တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မိသားစုတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း အဝေးတစ်နေရာကနေ ဆုတောင်းမေတ္တာပို့သ ပေးနေတာ ဖြစ်ပါတယ်။ သူမကလည်း ” မိသားစုတိုင်း စိတ်ချမ်းသာ ကိုယ် ကျန်းမာစွာ သောကကင်းဝေးကြပါစေ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် မိသားစုဝင်များနဲ့ ခွဲခွာကာအဝေးတစ်နေရာသို့ တိမ်းရှောင်နေကြရသူများအားလုံး အမြန်ဆုံး ပြန်လည်ဆုံဆည်း ကြရပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်း ကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Aye Myat Thu’s IG Account and Amazing Grace Photography

crd

zawgyi

ျမန္မာႏိုင္ငံတြင္ လက္ရွိ ျဖစ္ေပၚ ေနေသာ လူထု လႈပ္ရွား မႈေတြမွာ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ အားျဖည့္ခဲ့သူေတြထဲတြင္ သ႐ုပ္ေဆာင္ ေအးျမတ္သူလည္း တစ္ေယာက္အပါအဝင္ပဲ ျဖစ္ပါတယ္။ က်ရာအခန္းက႑ကေန အခုလို တက္ႂကြစြာ ပါဝင္ေဆာင္ ႐ြက္ခဲ့တဲ့ ေအးျမတ္သူကို ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင္ အေရး ယူျခင္း ခံထားရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဘးကင္းလုံၿခဳံရာသို႔ ေခတၱခဏ တိမ္းေရွာင္ေနတာ ျဖစ္ပါတယ္။

ေအးျမတ္သူဟာ မိသားစုကို တန္ဖိုးထား ခ်စ္ခင္သူျဖစ္ၿပီး မိဘႏွစ္ပါး အေပၚကိုလည္း သိတတ္လိမၼာလြန္းတဲ့သမီးအလိမၼာေလး ျဖစ္ပါတယ္။ အခုလို ခ်စ္ခင္ရသူေတြနဲ႔ ခြဲခြာေနရတဲ့အတြက္ ေတာ္ေတာ္ေလးကို စိတ္မေကာင္းျဖစ္ေနမွာ အေသခ်ာပါပဲ။ မၾကာေသးခင္ ရက္ပိုင္းေလာက္ ကလည္း မိသားစုဝင္မ်ားကို သတိရလြမ္းဆြတ္ေနတဲ့အေၾကာင္း ပုံတင္ထားတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း သူတို႔ခ်စ္ခင္ရတဲ့ အႏုပညာရွင္ေတြရဲ႕ ေဘးကင္းလုံၿခဳံေရးအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္က ေအးျမတ္သူ ရဲ႕ Instagram အေကာင့္ တြင္ ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ မိသားစုတိုင္း စိတ္ခ်မ္းသာ ကိုယ္က်န္းမာပါေစေၾကာင္း အေဝးတစ္ေနရာကေန ဆုေတာင္းေမတၱာပို႔သ ေပးေနတာ ျဖစ္ပါတယ္။ သူမကလည္း ” မိသားစုတိုင္း စိတ္ခ်မ္းသာ ကိုယ္ က်န္းမာစြာ ေသာကကင္းေဝးၾကပါေစ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ အေျခအေနအရပ္ရပ္ေၾကာင့္ မိသားစုဝင္မ်ားနဲ႔ ခြဲခြာကာအေဝးတစ္ေနရာသို႔ တိမ္းေရွာင္ေနၾကရသူမ်ားအားလုံး အျမန္ဆုံး ျပန္လည္ဆုံဆည္း ၾကရပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္း ကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Aye Myat Thu’s IG Account and Amazing Grace Photography

crd

Leave a Reply

Your email address will not be published. Required fields are marked *