မိသားစုလိုက် လမ်းပေါ်ထွက်သလို အလှူတွေ လည်း လုပ်နေပေမယ့် ပရိသတ် တွေကြား နားလည်မှု လွဲတာတွေကို ဖြေရှင်းပြောပြလာတဲ့ ရွှေမှုံရတီ

Posted on

ပရိသတ်ကြီးရေ.. သဲလို့အားလုံးက ချစ်စနိုးခေါ်ကြ သလို ရွှေမှုံလိုလည်း ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောရွှေမှုံရတီကတော့ အနုပညာလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို အခိုင်အမာ ရရှိခဲ့သူပဲ ဖြစ်ပါတယ်..။ သရုပ်ဆောင်လည်းကောင်းသလို စကားပြောလည်း ပွင့်လင်းပြတ်သားတဲ့ ရွှေမှုံလေး တစ်ယောက် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အနေနဲ့ သူမအပေါ်နားလည်မှုလွဲနေကြတာတွေကို ဖြေရှင်းပြောပြလာပါတယ်..။

ပြည်သူတွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်း ရပ်တည်နေပြီး လူထု လှုပ်ရှားမှုတွေမှာမိသားစုလိုက်ပါဝင်နေကာ အလှူတွေ လုပ်ဖြစ်နေတဲ့အကြောင်းတွေကို ရွှေမှုန်လေးက ပြီးခဲ့တဲ့မိနစ်ပိုင်းကပဲ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးရေးသားထားတာပါ..။ လှုပ်ရှားမှုတွေမှာ ပါဝင်သလို အလှူတွေလည်းလုပ်သလို လုပ်နိင်တာ အကုန်လုပ်ပြီး တတ်နိုင်သလောက်ပါဝင်နေပေမယ့်လည်းလူမှုကွန်ယက်ပေါ်အချိန်နဲ့တပြေးညီ မတင်ခဲ့တာဖြစ်တဲ့အကြောင်းလေးတွေကို ရွှေမှုန်လေးက ပြောပြထားတာ ဖြစ်ပါတယ်..။

“နွေဦးတော် လှန် ရေးမှာ ကျွန်မ တို့မိသားစု ဆန္ဒလည်း ထွက်ပြသလို အလှူလည်း လုပ်နိုင်တဲ့ အပိုင်း က အကုန်လုပ်နေပါတယ် အချိန်နဲ့ တပြေး ညီ မတင်နိုင်တာပဲရှိတာပါ ဖုန်းလည်းထားခဲ့ပါတယ် မီဒီယာရှိတဲ့ ဆီလည်းမသွား ဖြစ်ပါဘူး တင်လည်းပြော မတင်လည်းပြော မို့ မတင်ကိုမတင်ချင်ပါဘူး နောက်လည်း တင်ဖို့မရှိပါဘူး တော်လှန်ရေးပြီးမှ အကုန်တင်ပေးပါမယ်🤝..” ဆိုပြီး သဲက ရေးသားပြောပြထားတာပါ..။ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း အမှန်တရားဘက်မှာပြည်သူတွေနဲ့အတူရှိနေပေးတာကိုပဲ ကျေးဇူးတင်နေရပြီး အစစရာရာဂရုစိုက်ဖို့ ကိုလည်း Comment လေးတွေမှာ မှတ်ချက်လေးတွေ ပေးထားကြတာတွေ့ရပါတယ်..။

Photo Credit – Shwe Mhone Yati’s Fb Acc

zawgyi

ပရိသတ္ႀကီးေရ.. သဲလို႔အားလုံးက ခ်စ္စႏိုးေခၚၾက သလို ေ႐ႊမႈံလိုလည္း ေခၚၾကတဲ့ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေ႐ႊမႈံရတီကေတာ့ အႏုပညာေလာကမွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြကို အခိုင္အမာ ရရွိခဲ့သူပဲ ျဖစ္ပါတယ္..။ သ႐ုပ္ေဆာင္လည္းေကာင္းသလို စကားေျပာလည္း ပြင့္လင္းျပတ္သားတဲ့ ေ႐ႊမႈံေလး တစ္ေယာက္ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြ နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ အေနနဲ႔ သူမအေပၚနားလည္မႈလြဲေနၾကတာေတြကို ေျဖရွင္းေျပာျပလာပါတယ္..။

ျပည္သူေတြနဲ႔အတူ တစ္ေသြးတည္းတစ္သားတည္း ရပ္တည္ေနၿပီး လူထု လႈပ္ရွားမႈေတြမွာမိသားစုလိုက္ပါဝင္ေနကာ အလႉေတြ လုပ္ျဖစ္ေနတဲ့အေၾကာင္းေတြကို ေ႐ႊမႈန္ေလးက ၿပီးခဲ့တဲ့မိနစ္ပိုင္းကပဲ သူမရဲ႕လူမႈကြန္ယက္ေဖ့စ္ဘြတ္စာမ်က္ႏွာကေန အသိေပးေရးသားထားတာပါ..။ လႈပ္ရွားမႈေတြမွာ ပါဝင္သလို အလႉေတြလည္းလုပ္သလို လုပ္နိင္တာ အကုန္လုပ္ၿပီး တတ္ႏိုင္သေလာက္ပါဝင္ေနေပမယ့္လည္းလူမႈကြန္ယက္ေပၚအခ်ိန္နဲ႔တေျပးညီ မတင္ခဲ့တာျဖစ္တဲ့အေၾကာင္းေလးေတြကို ေ႐ႊမႈန္ေလးက ေျပာျပထားတာ ျဖစ္ပါတယ္..။

“ေႏြဦးေတာ္ လွန္ ေရးမွာ ကြၽန္မ တို႔မိသားစု ဆႏၵလည္း ထြက္ျပသလို အလႉလည္း လုပ္ႏိုင္တဲ့ အပိုင္း က အကုန္လုပ္ေနပါတယ္ အခ်ိန္နဲ႔ တေျပး ညီ မတင္ႏိုင္တာပဲရွိတာပါ ဖုန္းလည္းထားခဲ့ပါတယ္ မီဒီယာရွိတဲ့ ဆီလည္းမသြား ျဖစ္ပါဘူး တင္လည္းေျပာ မတင္လည္းေျပာ မို႔ မတင္ကိုမတင္ခ်င္ပါဘူး ေနာက္လည္း တင္ဖို႔မရွိပါဘူး ေတာ္လွန္ေရးၿပီးမွ အကုန္တင္ေပးပါမယ္🤝..” ဆိုၿပီး သဲက ေရးသားေျပာျပထားတာပါ..။ အဲ့ဒီပို႔စ္ရဲ႕ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း အမွန္တရားဘက္မွာျပည္သူေတြနဲ႔အတူရွိေနေပးတာကိုပဲ ေက်းဇူးတင္ေနရၿပီး အစစရာရာဂ႐ုစိုက္ဖို႔ ကိုလည္း Comment ေလးေတြမွာ မွတ္ခ်က္ေလးေတြ ေပးထားၾကတာေတြ႕ရပါတယ္..။

Photo Credit – Shwe Mhone Yati’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *