မိမိတို့ ရင်ထဲ က ဆန္ဒတွေ ကို ရေးသား ဖော်ပြရင်း စာရွက်ကပ် လှုပ်ရှားမှုကို ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြတဲ့ တောင်ကြီးက လူငယ်များ

Posted on

ခုဆိုရင် မြန်မာနိုင်ငံနေရာ အရပ်ရပ်မှာနေထိုင်ကြတဲ့ ပြည်သူ အားလုံး ဟာ စည်းစည်းလုံးလုံး နဲ့ ရရာနေရာကနေ နည်းမျိုးစုံ ကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုတွေကို ငြိမ်းချမ်းစွာပြုလုပ်လျက်ရှိတာကို တွေ့မြင်ရပါတယ်။ဒီလှုပ်ရှားမှုတွေမှာ အဓိကပါဝင်ကြတဲ့ လူငယ် မျိုးဆက်သစ်လေးတွေရဲ့ တီထွင်နိုင်မှုတွေ ကလည်း တကယ်ကို လေးစားစရာကောင်းလွန်းတာ အမှန်ပါပဲ။

ဒီလို ဆန်းသစ်တဲ့ နည်းမျိုးစုံ ကို အသုံးချကာ ဆန္ဒထုတ်ဖော်မှုမြင်ကွင်းတွေ ကပဲ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ သတင်းတွေထိ ရောက်ရှိခဲ့တာ လည်းဖြစ်သလို အားလုံးကလည်း ချီးကျူး ခဲ့ကြတာပါ။ဒီလိုလှုပ်ရှားမှုတွေကိုလည်း အပစ်အခတ်တွေ အန္တရာယ်တွေကြားကနေပဲ ခက်ခက်ခဲခဲ လှုပ်ရှား နေကြရသလို အသက်ပေးသွားရတဲ့ သူရဲကောင်းတွေလည်း ခုဆိုများစွာထွက်ပေါ်ခဲ့တာကိုလည်း နှမျောတသ စိတ်မကောင်း ဖြစ်မိတာအမှန်ပါပဲ။

ဒါပေမယ့်လည်း ပြည်သူအားလုံးက လက်မလျော့သွားဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်တိုးနေကြ တာလည်းဖြစ်ပါတယ်။ဒီနေ့မှာလည်း ရှမ်းပြည်နယ် တောင်ကြီးက လူငယ်တွေစုပေါင်းပြီး မိမိတို့ရင်ထဲက ဆန္ဒတွေကို စာရွက်ပေါ်မှာ ထုတ်ဖော်ရေးသားကာ ခြံတွေရဲ့ နံရံ အနှံအပြားမှာကပ်ရင်း စာရွက်ကပ်လှုပ်ရှားမှုလေးကို ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြတာကိုတွေ့မြင်ရပါတယ်။ ပရိသတ်ကြီးအတွက် စာရွက်ကပ်လှုပ်ရှားမှုကပုံရိပ်လေးတွေကို မျှဝေပေးရင် ပြည်သူအားလုံး ဘေးကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

zawgyi

ခုဆိုရင္ ျမန္မာႏိုင္ငံေနရာ အရပ္ရပ္မွာေနထိုင္ၾကတဲ့ ျပည္သူ အားလုံး ဟာ စည္းစည္းလုံးလုံး နဲ႔ ရရာေနရာကေန နည္းမ်ိဳးစုံ ကို အသုံးခ်ကာ ဆႏၵထုတ္ေဖာ္မႈေတြကို ၿငိမ္းခ်မ္းစြာျပဳလုပ္လ်က္ရွိတာကို ေတြ႕ျမင္ရပါတယ္။ဒီလႈပ္ရွားမႈေတြမွာ အဓိကပါဝင္ၾကတဲ့ လူငယ္ မ်ိဳးဆက္သစ္ေလးေတြရဲ႕ တီထြင္ႏိုင္မႈေတြ ကလည္း တကယ္ကို ေလးစားစရာေကာင္းလြန္းတာ အမွန္ပါပဲ။

ဒီလို ဆန္းသစ္တဲ့ နည္းမ်ိဳးစုံ ကို အသုံးခ်ကာ ဆႏၵထုတ္ေဖာ္မႈျမင္ကြင္းေတြ ကပဲ ကမာၻတစ္ဝွမ္းလုံးရဲ႕ သတင္းေတြထိ ေရာက္ရွိခဲ့တာ လည္းျဖစ္သလို အားလုံးကလည္း ခ်ီးက်ဴး ခဲ့ၾကတာပါ။ဒီလိုလႈပ္ရွားမႈေတြကိုလည္း အပစ္အခတ္ေတြ အႏၲရာယ္ေတြၾကားကေနပဲ ခက္ခက္ခဲခဲ လႈပ္ရွား ေနၾကရသလို အသက္ေပးသြားရတဲ့ သူရဲေကာင္းေတြလည္း ခုဆိုမ်ားစြာထြက္ေပၚခဲ့တာကိုလည္း ႏွေမ်ာတသ စိတ္မေကာင္း ျဖစ္မိတာအမွန္ပါပဲ။

ဒါေပမယ့္လည္း ျပည္သူအားလုံးက လက္မေလ်ာ့သြားဘဲ ယုံၾကည္ခ်က္ေတြအတြက္ ေရွ႕ဆက္တိုးေနၾက တာလည္းျဖစ္ပါတယ္။ဒီေန႔မွာလည္း ရွမ္းျပည္နယ္ ေတာင္ႀကီးက လူငယ္ေတြစုေပါင္းၿပီး မိမိတို႔ရင္ထဲက ဆႏၵေတြကို စာ႐ြက္ေပၚမွာ ထုတ္ေဖာ္ေရးသားကာ ၿခံေတြရဲ႕ နံရံ အႏွံအျပားမွာကပ္ရင္း စာ႐ြက္ကပ္လႈပ္ရွားမႈေလးကို ၿငိမ္းခ်မ္းစြာျပဳလုပ္ခဲ့ၾကတာကိုေတြ႕ျမင္ရပါတယ္။ ပရိသတ္ႀကီးအတြက္ စာ႐ြက္ကပ္လႈပ္ရွားမႈကပုံရိပ္ေလးေတြကို မွ်ေဝေပးရင္ ျပည္သူအားလုံး ေဘးကင္းၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *