မိဘနှစ်ပါး ရဲ့ ကျန်းမာရေး အခြေအနေကြောင့် လူထု လှုပ်ရှားမှု မှာ မပါဝင်နိုင်တာ ပါလို့ ဆိုလိုက် တဲ့ ဖြူဖြူကျော်သိန်း

Posted on

ဒီမီုကရေစီအရေးကို ပြန်လည် တည်ဆောက်ဖို့ တက်တက် ကြွကြွ ကြိုးပမ်း ဆောင်ရွက်နေတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်း အပြည့်အဝရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေ ထဲမှာ အဆိုတော် ဖြူဖြူကျော်သိန်းလည်း အပါအဝင်ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် တစ်ထောင့် တစ်နေရာ ကနေ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ တတ်နိုင်သလောက်လည်း အလှူလေးတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြူဖြူကျော်သိန်း က လတ်တလောမှာ မိဘနှစ်ပါးရဲ့ ကျန်းမာရေးအခြေအနေကြောင့် ပြည်သူတွေ နဲ့ အတူ ရှေ့တန်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပေမယ့် နောက်တန်း ကနေ လိုအပ်တာလေးတွေကို ကူညီထောက်ပံ့တဲ့ အလှူလေးတွေ တတ်နိုင်သလောက် ပါဝင် လှူဒါန်းပေး ခဲ့ပါတယ်။

ဒီမီုကရေစီအရေးလှုပ်ရှားနေ့တဲ့ ပြည်သူတွေ အတွက် နောက်တန်းကနေ ကူညီပံ့ပိုးပေးခဲ့တဲ့ အလှူလေးတွေ ကတော့ စားသောက်စရာ များနဲ့ ရှေ့တန်းမှာ လိုအပ်နေတဲ့ အကာကွယ်ပစ္စည်းတွေကိုလှူဒါန်းပေးတဲ့နေရာမှာလည်း ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ယခု လို ဒီမိုကရေစီအရေး ပြန်လည်ရရှိအောင် လူထု လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အချိန်လေးမှာ မွေးလူနာများ အတွက် အခမဲ့ဖွင့်ပေးထားတဲ့ သားဖွား ဆေးခန်းများကို အလှူငွေများ လှူဒါန်းပေးခဲ့ပါတယ်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *