မိတ်ဆွေများ နဲ့ စုပေါင်း ကာ စားဝတ် နေရေး ခက်ခဲနေသော ပြည်သူတွေ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့တဲ့ ရေဗက္ကာဝင်း

Posted on

ရေဗက္ကာဝင်းကတော့ အသံအေးအေးလေးဖြင့် သီချင်းတွေကို သီဆိုကာ ပရိသတ်တွေ ရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ စေတနာသဒ္ဒါတရား ထက်သန်သူမို့ အားလုံးက လေးစားချစ်ခင်နေကြတာပါ။ သူမရဲ့ ချွေးနည်းစာငွေများဖြင့် အလှူအတန်း တွေ လုပ်နေတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြ ရမှာပါနော်။

ရေဗက္ကာဝင်းကတော့ လတ်တလော အခြေအနေတွေကြောင့် စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်များကို သူငယ်ချင်းများနဲ့ စုပေါင်းကာ လိုက်လံလှူဒါန်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင်လည်း အလှူတွေ လုပ်နေတဲ့ ပုံရိပ်တွေ ကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ရေဗက္ကာဝင်းရဲ့Facebook အကောင့်တွင် မိတ်ဆွေများနဲ့ စုပေါင်း ပြီး အိမ်ထောင်စု (၂၂၈) စုစာအတွက် စားနပ်ရိက္ခာပစ္စည်းတစ်ချို့ လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ်။

သူမကလည်း ” စေတနာရှင်များဖြစ်ကြတဲ့

အနုပညာပိုးသဘက် Shingni Nbat (မြစ်ကြီးနား)

ပထမမြန်မာနှစ်ခြင်းအသင် းတော် (SanFran)

Ma Yimar Tun (SanFran)

MaAngeli Nihoitial (Indianapolis)

Nestle Myanmar

တို့နဲ့စုပေါင်းပြီး

ဝေလုဝန်ကျောင်း တိုက်

တောင်ဒဂုံကဆရာတော်

KBC (ကချင်နှစ်ခြင်းသာသနာ အဖွဲ့ချုပ်)နဲ့

လိုအပ်နေတဲ့ ပြည်သူများကို

ပေါ်ဆန်းမွှေး ၃ပြည်

နေကြာဆီ ၁လီတာ

ပဲကြာဇံ

ပဲနီလေး

Maggi စွယ်စုံသုံးဟင်းခတ်မှုန့်

တို့ကို အိမ်ထောင်စု (၂၂၈)စုစာ လှူဒါန်းခဲ့ပါတယ်ရှင်💜

သားအိမ်ခြစ်ဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီး တစ်ဦးအတွက်လည်း ဆေးရုံတက် ဖို့ လှူဒါန်းပါဝင်ခဲ့ပါတယ်ရှင်🙏” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်စေဖို့ တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Rebecca Win’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *