ပရိသတ်ကြီးရေရွှေအိမ်စည်ကတော့ ပုရိသအမျိုးသားတွေပါမက အမျိုးသမီး ပရိတ်သတ်တွေ ပါသဲသဲလှုပ်ချစ်ရတဲ့ ခပ်ချေချေ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီးစွဲမက်ဖွယ် ခန္ဓာကိုယ်အချိုးအစားနဲ့ ချိုလွင်လွင်အပြုံးတို့က သူမရဲ့ အားသာချက် အလှအပတွေဖြစ်ပါတယ်။အမြဲ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်မှု ပြဿနာတွေ ကို စိတ်ရှင်းရှင်းနဲ့ ပညာသားပါပါဖြေရှင်းတတ်သူ အဖြစ်မှတ်ချက် ပေးခံရသူလေးပါ။
Miss World Myanmar (2016 )ကနေ အနုပညာခြေလှမ်းစတင်ခဲ့တဲ့ ရွှေအိမ်စည် ကတော့ Miss Grand Myanmar (2017)ရဲ့ သရဖူရှင်ဖြစ်ခဲ့ဖူးပါတယ်။ ထပ်မံ ပြီး Miss Golden Land Myanmar (2018 )ကိုထပ်မံဆွတ်ခူးခဲ့ပြီး မြန်မာပြည်ရဲ့ ကိုယ်စားပြုအနေနဲ့ ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ Miss Supranational (2018) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါနော်။
အိမ်စည်ကတော့ အချစ်ရေးနဲ့ပတ်သက်ရင်လည်း ပရိသတ်တွေကို ပွင့်ပွင့် လင်းလင်းချပြ တတ်တဲ့ သူတစ်ယောက်ဖြစ်ပြီးလက်ရှိမှာတော့ သူမအနေနဲ့ တစ်ယောက်ထဲ Singleအနေနဲ့ဖြတ်သန်းနေတာတွေ့ရပါတယ်။ဒီနေ့မှာတော့ “ဘယ်သူက စိတ်ထားမှန်တယ် ဘယ်သူက ဖောရှောဆိုတာ သိပီးသား သူတို့ flow လေးအတိုင်းပဲ လိုက်ပေးနေတာ”ဆိုတဲ့စာလေးနဲ့ သူမအနေနဲ့ လူတွေအပေါ် ဆက်ဆံတဲ့ပုံစံကိုပြောပြခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : ShweEainSi
zawgyi
Source : ShweEainSi