မိခင် ဖြစ်သူ ကို အလွန် စိုးရိမ်နေ တာ ကြောင့် ဖုန်းပြော ခွင့်ပြုဖို့ တောင်း ဆို လိုက်တဲ့ အမေစု ရဲ့ သားငယ်လေး

Posted on

ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံတော် အတို င်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖုန်ပြော ခွင့် ပြု ဖို့ သားအငယ် ဖြစ်သူ ကိုထိန်လင်း (ခေါ်) Dannian Kim Arundel Aris က တောင်းဆို

လိုက် ပါတယ်။ မတ် လ ၂၅ ရက်နေ့က ဗြိတိန်နို င်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမ င်း နဲ့ တွေ့ဆုံချိန် မှာ ကိုထိန်လင်းက မိခင်ဖြစ်သူနဲ့ ဖုန်းပြောဆို ခွင့်ပြုဖို့ သံအမတ်ကြီးကို တောင်း

ဆိုလိုက် တာလို့ ဗြိတိန် အခြေစိုက် မြန်မာ သံရုံးရဲ့ facebook စာမျက် နှာ ကနေ ထုတ်ပြန် ပါတ ယ်။ ကိုထိန်လင်းက မိခင်ဖြစ်သူ အတွက် အလွန်စိုးရိမ် လျှက်ရှိပြီး လက်ရှိ မိခင်ရဲ့ အခြေအနေနဲ့

ကျန်းမာ ရေးအခြေ အနေတွေ ကိုလည်း သံ အမ တ်ကြီး ဦးကျော်စွာမင်း ကို မေးမြန်းခဲ့ တယ်လို့ ဆိုပါတယ်။ သံအမတ်ကြီး ဦကျော်စွာမင်း ဘက်က တော့ လက်ရှိ မြန်မာပြည် အခြေ အနေနဲ့ နေပြည်

တော်ကို အကြောင်း ကြားစာသုံးခါ ရေးပို့ခဲ့ကြော င်းနဲ့ နောက် ထပ် အသိ ပေးစာ တစောင် ထပ်ရေး ဖို့ ပြင် ဆင် နေကြောင်း ကိုထိန်လင်း ကို ရှင်းပြခဲ့တယ် လို့ သံရုံးရဲ့ ထုတ် ပြန် ချက် ထဲမှာ ဖော် ပြ

ထားပါတယ်။ ဒီနေ့ သံရုံးရဲ့ ထုတ်ပြန် ချက်နဲ့၊ စာသုံးစောင်မှာ ဘာတွေရေး သားပေးပို့ ခဲ့လဲ ဆိုတာ သိနိုင်ဖို့ သံအမတ်ကြီး ဦးကျော်စွာမင်းကို RFA က ဆက်သွယ် နေဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မှာ Alexander Aris (ခေါ်) ကိုမြင့်ဆန်းအောင် နဲ့ Dannian Kim Arundel Aris (ခေါ်) ကိုထိန်လင်း ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ သားကြီးဖြစ်သူ

ကိုမြင့်ဆန်းအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆက်အသွယ် လုံးဝ မရှိဘူး လို့ လူအများက ယူဆကြပေမယ့် သားငယ် ဖြစ်သူ ကိုထိန်လင်းနဲ့တော့ အဆက်အသွယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နေအိမ်အကျယ်ချုပ်က လွတ်တဲ့အချိန်မှာ သားငယ်ဖြစ်သူ ကိုထိန်လင်းဟာ မြန်မာနိုင်ငံထဲ ရောက်လာပြီး မိခင်ဖြစ်သူ နဲ့တွေ့ဆုံခဲ့ သလို အဲ့ဒီနောက်ပိုင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန် နဲ့ ဥရောပခရီးစဉ်တွေ အတွင်းမှာလည်း တွေ့ဆုံမှုတွေရှိပါတယ်။

c r d – RFA

Leave a Reply

Your email address will not be published.