ပရိတ်သတ်ကြီးရေ… ပြည်သူချစ် သရုပ်ဆောင်နန်းမြတ်ဖြိုးသင်း ကတော့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်ကာလဖြစ်တာကြောင့် အများနည်းတူ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော် ပြသခွင့်မရပေမယ့် လည်း လူမှုကွန်ယက်မှ တစ်ဆင့် သတင်းအချက် အလက်တွေကို ဝေမျှပေးခဲ့သူပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးကို အခက်အခဲတွေကြားကနေ အောင်မြင်စွာနဲ့ မွေးဖွားခဲ့တာပါ။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှု ကွန်ယက်စာမျက်နှာ တွင် စိတ်ရှုပ်ထွေးစရာတွေများတဲ့ကြားတည်းကနေ သတိတရနဲ့သတင်းလှမ်းမေးကြသူတွေအား ကျေးဇူးတင်တဲ့အကြောင်းကို ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။ ” Facebook ပြန်သုံးပါတော့မယ်
မေမေကတော့ သွေးနုသားနုနဲ့၄၅ရက်မသုံးဖို့ပြောပေမယ့် မနေနိုင်တော့လို့ပြန်သုံးပါတော့မယ် သမီးလေးလည်း နေကောင်းကျန်းမာပါတယ် စိတ်ရှုပ်ထွေးစရာတွေကြားထဲကသတိတရသတင်းလှမ်းမေး လက်ဆောင်လေးတွေ ပို့ပေးတဲ့ချစ်မိတ်ဆွေများကို ကျေးဇူးအများကြီးတင်ပါတယ် နိုင်ပွဲရပီးအားလုံးပျော်ရတဲ့ချိန်မှပဲ post တင်ပီးကျေးဇူးတင်ရပါဦးမယ်ခုတော့တိုက်ပွဲကာလဆက်ကြိုးစားကြပါဦးမည်# အရေးတော်ပုံအောင်ရမည် ” ဆိုပြီး ရေးသားလာတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Nann Myat Phyo Thinn’s Facebook Account
zawgyi
ပရိတ္သတ္ႀကီးေရ… ျပည္သူခ်စ္ သ႐ုပ္ေဆာင္နန္းျမတ္ၿဖိဳးသင္း ကေတာ့ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမွာ ပါဝင္ခဲ့သူတစ္ဦးပဲျဖစ္ပါတယ္။ကိုယ္ဝန္ေဆာင္ေနစဥ္ကာလျဖစ္တာေၾကာင့္ အမ်ားနည္းတူ လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္ေတြကို ထုတ္ေဖာ္ ျပသခြင့္မရေပမယ့္ လည္း လူမႈကြန္ယက္မွ တစ္ဆင့္ သတင္းအခ်က္ အလက္ေတြကို ေဝမွ်ေပးခဲ့သူပဲ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ (၁၅) ရက္ေန႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးေခ်ာေလးကို အခက္အခဲေတြၾကားကေန ေအာင္ျမင္စြာနဲ႔ ေမြးဖြားခဲ့တာပါ။
မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သူမရဲ႕ လူမႈ ကြန္ယက္စာမ်က္ႏွာ တြင္ စိတ္ရႈပ္ေထြးစရာေတြမ်ားတဲ့ၾကားတည္းကေန သတိတရနဲ႔သတင္းလွမ္းေမးၾကသူေတြအား ေက်းဇူးတင္တဲ့အေၾကာင္းကို ေရးသားေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ ” Facebook ျပန္သုံးပါေတာ့မယ္
ေမေမကေတာ့ ေသြးႏုသားႏုနဲ႔၄၅ရက္မသုံးဖို႔ေျပာေပမယ့္ မေနႏိုင္ေတာ့လို႔ျပန္သုံးပါေတာ့မယ္ သမီးေလးလည္း ေနေကာင္းက်န္းမာပါတယ္ စိတ္ရႈပ္ေထြးစရာေတြၾကားထဲကသတိတရသတင္းလွမ္းေမး လက္ေဆာင္ေလးေတြ ပို႔ေပးတဲ့ခ်စ္မိတ္ေဆြမ်ားကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ႏိုင္ပြဲရပီးအားလုံးေပ်ာ္ရတဲ့ခ်ိန္မွပဲ post တင္ပီးေက်းဇူးတင္ရပါဦးမယ္ခုေတာ့တိုက္ပြဲကာလဆက္ႀကိဳးစားၾကပါဦးမည္# အေရးေတာ္ပုံေအာင္ရမည္ ” ဆိုၿပီး ေရးသားလာတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ ကူးယူ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။
Source and Photo Crd-Nann Myat Phyo Thinn’s Facebook Account