မိခင်ရဲ့ နောက်ဆုံးခရီးကို ပြေးတွေ့လို့ မရတဲ့ အခြေအနေဖြစ်လို့ အဝေးကနေပဲကန်တော့ပြီး မျက်ရည်တွေ နဲ့ နှုတ်ဆက်နေရှာတဲ့ ခွန်းဆင့်နေခြည်

Posted on

သရုပ်ဆောင်ခွန်းဆင့်နေခြည် ကတော့ လက်ရှိအချိန်မှာ ဆိုရင် နယူးယောက်မှာ နေထိုင်နေတာဖြစ်ပြီး သူမ အဲ့ဒီကိုစရောက်တဲ့အချိန်က ၂၀၂၀ခုနှစ် အောက်တိုဘာလထဲမှာပဲဖြစ်ပါတယ်။သူမ ပြည်ပကိုထွက်ခွါချိန်မှာ COVID-19 ကူးစက်ရောဂါတွေလည်း နိုင်ငံအသီးသီးမှာ ဖြစ်ပွါးနေတာဖြစ်လို့ နယူးယောက် မှာလည်း Quarantine (၁၄) ရက် နေလိုက်ရသေးတာဖြစ်ပါတယ်။ အခုချိန်ထိလည်း ပြည်ပနိုင်ငံတချို့မှာ COVID-19 မကင်းစင်သေးတာကြောင့် ခွန်းဆင့်နေခြည်လည်း အစစအရာရာဂရုစိုက်နေရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ကြောင့် ခွန်းဆင့်နေခြည်လည်း မိခင်ကွယ်လွန်သွားတာတောင် ပြန်မလာနိုင်တာဖြစ်ပါတယ်။သူမရဲ့မိခင်ကတော့ ဇွန်လ (၁) ရက်နေ့၊ညနေ (၅) နာရီဝန်းကျင်မှာ နှလုံးအမောဖောက်ပြီး ရန်ကုန်မှာဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်က အဝေးရောက်နေပေမယ့်လည်း အိမ်မှာ CCTVတွေ တပ်ဆင်ထားပြီး မိခင်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးတာဖြစ်ပါတယ်။လိုလေသေးမရှိအောင် အကုန်ဆောင်ရွက်ပေးပြီး မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ကြားကနေ အခုလိုဖြစ်သွားလို့ သူမအနေနဲ့ ယူကြုံး မရဖြစ်နေရှာတာဖြစ်ပါတယ်။

ယနေ့၊ဇွန်လ(၃)ရက်နေ့မှာတော့ ရန်ကုန်၊ ရေဝေးသုသာန်မှာ သူမရဲ့ မိခင်ကို ဂူသွင်းသင်္ဂြိုလ်လိုက်တာဖြစ်ပါတယ်။ခွန်းဆင့်နေခြည်က မိခင်ရဲ့နောက်ဆုံးခရီးကို ပြေးတွေ့လို့မရတဲ့ အခြေအနေဖြစ်တာကြောင့် အဝေးကနေပဲကန်တော့ပြီး မျက်ရည်တွေနဲ့နှုတ်ဆက်နေရှာတာဖြစ်ပါတယ်။ သူမကတော့ “မေမေ့ကိုဂူသွင်းသင်္ဂြိုလ်ပြီးပါပြီအဝေးကနေကန်တော့ပါတယ်မေမေ သမီးကိုစိတ်ချဖို့နဲ့သံယောဇဉ်တွေဖြတ်ပြီးကောင်းမွန်ရာဘုံဘဝမှာအနားယူပါမေမေ သမီးပြောတာတွေမေမေကြားသိပါစေ” ဆိုပြီး ပုံရိပ်တချို့ကို မျှဝေ လာခဲ့တာဖြစ်ပါတယ်။

Photo Credit: Nay Chi’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *