မိခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ အတွက် ပူဆွေး သောကတွေ နဲ့ ယူကြုံးမရ ဝမ်းနည်း နေရတဲ့ နဝရတ်

Posted on

သဘာဝကျတဲ့ သရုပ်ဆောင် ဟန်ပန်တွေနဲ့ ပွင့်လင်းတာတွေကြောင့် ဇာတ်ကားတွေများစွာရိုက်ကူးကာ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချော နဝရတ်ကတော့ လတ်တလောမှာ စိတ်မကောင်းစရာတွေနဲ့ ကြုံတွေ့ခံစားနေရပါတယ်..။

နဝရတ်ကတော့ သူမရဲ့မိခင်ဖြစ်သူ သရုပ်ဆောင် အေးမြစိမ်းဟာ ဒီကနေ့ မေလ(၂၁)ရက်နေ့မှာပဲ ကွယ်လွန်ဆုံး ပါးသွားတဲ့အတွက် စိတ်ထိခိုက်ခံစားနေရတာပဲ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျရောက်ခဲ့တဲ့ အမေများနေ့မှာ လည်း ဂုဏ်ပြုစကားဆိုရင်း မိခင်ဖြစ်သူကို အမြန်ဆုံးနေကောင်း ကျန်းမာစေချင်တဲ့အကြောင်းကိုလည်း နဝရတ်က ပြောပြထားပါသေးတယ်..။

ဒီကနေ့မှာတော့ ဆုတောင်းတွေ မပြည့်ဝဘဲ မိခင်ကြီး ကွယ်လွန်ဆုံးပါးသွားတဲ့အတွက် ပူဆွေးသောကတွေနဲ့ ယူကြုံးမရ ဝမ်းနည်းနေရပြီး နောက်ဆုံးအချိန်ထိ အနားမှာရှိပေးနေတာလည်း တွေ့ရပါတယ်..။

“မေကြီး..ကောင်းရာသုဂတိလားပါစေ 🙏🙏🙏

21.5.2021..” ဆိုပြီး မိခင်ဖြစ်သူရဲ့နောက်ဆုံး အချိန်လေးမှာ ဝမ်းနည်းပူဆွေးနေရတဲ့ ပုံရိပ်လေးတွေ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်..။

နဝရတ် ရဲ့ မိခင်ကြီး ကွယ်လွန်ဆုံးပါးသွားတဲ့အတွက် မိသားစု နဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိလားစေဖို့ ပြည်သူတွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်..။

Photo Credit – Nawaratt KO KO’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *