မလိုအပ်တဲ့ သတင်းများကို မဖွကြ ဘဲ တိုင်းပြည် အတွက် အမှန်တကယ် လိုအပ်တာတွေ ကိုသာ လုပ်ပေးကြဖို့တောင်းဆို လိုက်တဲ့ သာဒီးလူ

Posted on

သာဒီးလူကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးသား သီဆိုတဲ့ အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ သူကတော့ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်းရပ်တည်ပေးသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင်လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်နေတာပါ။ လူထုလှုပ်ရှားမှုများ တွင် ပါဝင်ခဲ့ကြတဲ့ အနုပညာရှင်တစ်ချို့ကတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မကြာသေးခင် နာရီပိုင်းလောက်က သာဒီးလူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် မလိုအပ်တဲ့ သတင်းများကိုမဖွကြဘဲ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တာတွေကိုသာ လုပ်ပေးကြဖို့တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

” ဝရမ်းတကယ်ထွက်လာရင် List မှာ ဘယ်သူပါတယ်ဘယ် ဝါပါတယ် ဆိုတာ ကာယကံရှင်နဲ့တကွ သူတို့ရဲ့မိသားစုဝင်တွေနဲ့နီးစပ်ရာလူတွေက သိပါတယ်ဗျာ၊သူတို့လည်း FB သုံးတတ်ကြမှာပါ၊ခုဟာက အဲ့တာကို ခင်ဗျားတို့ကပြောမဆုံး အောင် လူမသိသိအောင် ဝရမ်းပြေးအကြီးစားမဖြစ်ဖြစ်အောင် ထပ်ခါ ထပ်ခါတွေ Share လုပ်၊ သူကတော့ ဘယ်လို တိုက်ပွဲဝင်ခဲ့တာ ဘယ်လို ရဲရဲတောက်ခဲ့တာတွေ မဟားတရားတွေလျှောက်ပြော၊FB မှာအမှတ်တွေယူ၊ခင်ဗျားတို့အဲ့လိုတွေ လုပ်တော့ အခု ကာယကံရှင်တွေ နေရထိုင်ရခက်ကုန်တာ သိကြလား၊ တကယ် ဝရမ်းထွက်လာတဲ့သူတွေမပြောနဲ့ ကျွန်တော် တို့ကိုတောင် တချို့ အပေါင်းသင်းတွေ လမ်းမှာမျက်နှာချင်းဆိုင်မြင်တာ နဲ့မျက်စိမျက်နှာတွေပျက်နေကြပြီ၊လက်ရင်းထိုးပေါင်းခဲ့တဲ့ သူတွေကအစ မခေါ်ချင်မပြောချင် ဖြစ်ကုန်ကြပြီ၊အဲ့တာတွေသိကြလား ဆြာကြီးGen-Genius တို့ရေ၊ ဦးနှောက်တော့ သုံးကြပါဗျာ၊

ရှေ့ထွက် လည်းပြောမယ် မထွက်ရင်လည်း ဆဲမယ်ခင်ဗျားတို့က၊အခုကျတော့ မိတ်ရင်းဆွေရင်းတွေတောင် ကျွန်တော်တို့ကို တရှောင်ရှောင် ဖြစ်လာပြီ၊ရပ်ကွက်ထဲမှာလည်း ဒီကောင် မပါသွားသေးဘူးလား၊အနုပညာ သမားတွေ ဖမ်းနေတယ်လေ ဘယ်ချိန် ဒီကောင်ကို လာခေါ်မှာလဲ စသည်ဖြင့် တံထွေးခွက် ပက်လက်မျော တဲ့အကွက်တွေကြုံနေရတာကိုရော သိကြလား၊ ဆင်ခြင်ကြပါဗျာ ကျွန်တော် တောင်းဆို တာပါ၊မလိုအပ်တဲ့သတင်းတွေကို မဖွကြပါနဲ့ ဒီချိန်မှာ တိုင်းပြည် အတွက်တကယ် လိုအပ်တာကို လုပ်ပေးကြပါ၊ကျွန်တော် တောင်းဆိုတာပါ🙏🙏🙏🙏🙏 ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီးပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Thar Deelu’s Facebook Account

zawgyi

သာဒီးလူကေတာ့ အသံပါဝါအားေကာင္းေကာင္းနဲ႔ သီခ်င္းေတြကို ကိုယ္တိုင္ေရးသား သီဆိုတဲ့ အဆိုေတာ္ တစ္ဦး ျဖစ္ပါတယ္။ သူကေတာ့ အေရးႀကဳံတဲ့ အခါတိုင္း ျပည္သူေတြနဲ႔အတူ တစ္ေသြးတည္း တစ္သားတည္းရပ္တည္ေပးသူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္လတ္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ က်ဆုံးသြားၾကတဲ့ သူရဲေကာင္းေတြအတြက္ စိတ္မေကာင္းျဖစ္ေနတာပါ။ လူထုလႈပ္ရွားမႈမ်ား တြင္ ပါဝင္ခဲ့ၾကတဲ့ အႏုပညာရွင္တစ္ခ်ိဳ႕ကေတာ့ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆို ခံထားရတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္ နာရီပိုင္းေလာက္က သာဒီးလူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ မလိုအပ္တဲ့ သတင္းမ်ားကိုမဖြၾကဘဲ တိုင္းျပည္အတြက္ အမွန္တကယ္လိုအပ္တာေတြကိုသာ လုပ္ေပးၾကဖို႔ေတာင္းဆိုလိုက္တာပဲ ျဖစ္ပါတယ္။

” ဝရမ္းတကယ္ထြက္လာရင္ List မွာ ဘယ္သူပါတယ္ဘယ္ ဝါပါတယ္ ဆိုတာ ကာယကံရွင္နဲ႔တကြ သူတို႔ရဲ႕မိသားစုဝင္ေတြနဲ႔နီးစပ္ရာလူေတြက သိပါတယ္ဗ်ာ၊သူတို႔လည္း FB သုံးတတ္ၾကမွာပါ၊ခုဟာက အဲ့တာကို ခင္ဗ်ားတို႔ကေျပာမဆုံး ေအာင္ လူမသိသိေအာင္ ဝရမ္းေျပးအႀကီးစားမျဖစ္ျဖစ္ေအာင္ ထပ္ခါ ထပ္ခါေတြ Share လုပ္၊ သူကေတာ့ ဘယ္လို တိုက္ပြဲဝင္ခဲ့တာ ဘယ္လို ရဲရဲေတာက္ခဲ့တာေတြ မဟားတရားေတြေလွ်ာက္ေျပာ၊FB မွာအမွတ္ေတြယူ၊ခင္ဗ်ားတို႔အဲ့လိုေတြ လုပ္ေတာ့ အခု ကာယကံရွင္ေတြ ေနရထိုင္ရခက္ကုန္တာ သိၾကလား၊ တကယ္ ဝရမ္းထြက္လာတဲ့သူေတြမေျပာနဲ႔ ကြၽန္ေတာ္ တို႔ကိုေတာင္ တခ်ိဳ႕ အေပါင္းသင္းေတြ လမ္းမွာမ်က္ႏွာခ်င္းဆိုင္ျမင္တာ နဲ႔မ်က္စိမ်က္ႏွာေတြပ်က္ေနၾကၿပီ၊လက္ရင္းထိုးေပါင္းခဲ့တဲ့ သူေတြကအစ မေခၚခ်င္မေျပာခ်င္ ျဖစ္ကုန္ၾကၿပီ၊အဲ့တာေတြသိၾကလား ၾဆာႀကီးGen-Genius တို႔ေရ၊ ဦးေႏွာက္ေတာ့ သုံးၾကပါဗ်ာ၊

ေရွ႕ထြက္ လည္းေျပာမယ္ မထြက္ရင္လည္း ဆဲမယ္ခင္ဗ်ားတို႔က၊အခုက်ေတာ့ မိတ္ရင္းေဆြရင္းေတြေတာင္ ကြၽန္ေတာ္တို႔ကို တေရွာင္ေရွာင္ ျဖစ္လာၿပီ၊ရပ္ကြက္ထဲမွာလည္း ဒီေကာင္ မပါသြားေသးဘူးလား၊အႏုပညာ သမားေတြ ဖမ္းေနတယ္ေလ ဘယ္ခ်ိန္ ဒီေကာင္ကို လာေခၚမွာလဲ စသည္ျဖင့္ တံေထြးခြက္ ပက္လက္ေမ်ာ တဲ့အကြက္ေတြႀကဳံေနရတာကိုေရာ သိၾကလား၊ ဆင္ျခင္ၾကပါဗ်ာ ကြၽန္ေတာ္ ေတာင္းဆို တာပါ၊မလိုအပ္တဲ့သတင္းေတြကို မဖြၾကပါနဲ႔ ဒီခ်ိန္မွာ တိုင္းျပည္ အတြက္တကယ္ လိုအပ္တာကို လုပ္ေပးၾကပါ၊ကြၽန္ေတာ္ ေတာင္းဆိုတာပါ🙏🙏🙏🙏🙏 ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီးပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။

Source and Photo Crd-Thar Deelu’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *