မရှိတဲ့ အချိန်မှာရှိတာတွေ ထုတ်ပြီး ပြည်သူတွေ အတွက် စားနပ် ရိက္ခာ နဲ့ ဆေးဝါးတွေ အိမ်တိုင်ရာ ရောက်လိုက်လှူနေတဲ့ ခိုင်နှင်းဝေ

Posted on

ပရဟိတအလုပ်တွေ တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အပြင် မိဘမဲ့ဂေဟာကို တည်ထောင် ကာ ကလေးငယ်လေးတွေအတွက် ခိုကိုးရာ အဖြစ်ရပ်တည်ပေးနေတဲ့ ခိုင်းနှင်းဝေကတော့ ပရိသတ်တွေလေးစားချစ်ခင်ကြရသူပါပဲ..။ လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် အမြဲဖေးမ ကူညီတတ်တဲ့ သူမကတော့ အခုလို အချိန်မှာ လည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ကို ပြူလုပ်နေတာ တွေ့ရပါတယ်..။ ခိုင်နှင်းဝေကတော့ ဒီကနေ့မှာလည်း အစစအရာရာ ခက်ခဲနေကြပြီး ချို့တဲ့နေကြတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါတွေ ကို အိမ်တိုင်ရာရောက် ကိုယ် တိုင် ကိုယ်ကျ လိုက်လံလှူဒါန်းမှုတွေ ပြုလုပ်နေတာကို ပရိသတ်တွေ မြင်တွေ့ရမှာပါ..။

(၇)ရက်သားသမီး အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေ နဲ့အတူ ဆန်နဲ့ ဆေးဝါးတွေကို အိမ်ခြေတစ်ထောင် အတွက် လိုက်လံ လှူဒါန်းခဲ့တာဖြစ်ပြီး သူမရဲ့အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။ “မရှိတဲ့ အချိန် မှာ ရှိတာတွေ ထုတ်ပြီး ဝေမျှ လှုဖြစ်ပါတယ်..တစ်အိမ်ထောင်လျှင် ဆန် (၂) ပြည်နှင့် ဆေးဝါးများ၊ အဟာရ မှုန့်များ အိမ်ခြေ (၁) ထောင်စာ လှူဒါန်းသွားပါမယ်..အချို့နေရာတွေမှာ ကိုယ်တိုင်လာ မလှုဖြစ်တာ နားလည်ပေးကြပါရှင်..

အားလုံး ခက်ခဲနေတဲ့ အချိန်မှာ တတ်နိုင် သလောက် ဝိုင်းဝန်း လှူဒါန်းပေးကြတဲ့ ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံး ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်..စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေရှင်..🙏🙏🙏..” ဆိုပြီး သူမ တို့ရဲ့အလှူကို ခိုင်နှင်းဝေက ပြန်လည် မျှဝေထားပါ..။ တော်တော်များများ ခက်ခဲနေကြတဲ့ အချိန်မှာ အခုလို ပြည်သူတွေအတွက် လိုအပ်တာတွေ ကို ပြန်လည် လှူဒါန်းနေတဲ့ ခိုင်နှင်းဝေတို့ရဲ့ အလှူကို အားလုံး ကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Khine Hnin Wai’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *