မရှိဆင်းရဲ တဲ့ သူတွေ အလွယ်တကူ ယူစားလို့ ရအောင် အိမ်ရှေ့ သစ်ပင်မှာ ထမင်း ဟင်းထုတ်များ ချိတ်ပေး ထားသော အခါ
Posted on
မရှိဆင်းရဲတဲ့သူတွေ အလွယ်တကူနဲ့ ယူစား လို့ရအောင် အိမ်ရှေ့သစ်ပင်မှာ ထမင်းထုတ်ဟင်းထုတ်တွေ ချိတ်ထား ဖြစ်တယ်.. ခဏကြာတော့ လူတစ်ယောက် ရောက်လာယူတယ်…။
ယနေ့ ထမင်းက ၂ထုပ် ဟင်းက ၄ထုပ် အိမ်ရှေ့ တရုတ်စကားဝါပင်လေးမှာ မရှိဆ.င်းရ.ဲတဲ့သူ ဗိုက်ဆာတဲ့သူများ အလွယ်တကူနဲ့ ယူစားလို့ရအောင် ချိတ်ထားဖြစ်တယ်ဗျ။ ရှမ်းပြည်နယ်လေးရဲ့ချစ်စရာ့ဓလေ့ရိုးရာလေးဆိုလည်းမမှားဘူးပေါ့ဗျာ။ ကျွန်တော်က
သူတို့လာယူစားတာလေးကိုမြင်ချင်တယ် ပြီးတော့ ပိုပြီး ဝမ်းမြှောက် ပီတိလေးဖြစ်ချင်လို့ စောင့်ကြည့်နေခဲ့တာ။ ချိတ်ထားပြီးသိပ်မကြာခင်လေးမှာပဲ လူတစ်ယောက်ရောက်လာပြီး ထမင်းထုပ် ဟင်းထုပ်တွေလာယူတယ်ဗျ အဲ့မှာ ကျွန်တော်က ထမင်းထုပ်လာယူတဲ့အစ်ကိုကြီးကို
လှမ်းပြောလိုက်တယ်။ အကုန်ယူသွား ပါလို့ ပြောလည်းပြောလိုက်ရော သူက ကျွန်တော့်ကိုဘာပြန်ပြောတယ်ထင်လဲ ရပါတယ်ဗျာ အစ်ကိုတစ်ယာက်စာလေးပဲယူသွားပါ့မယ်တဲ့ အကုန်လုံးယူမသွားချင်ပါဘူးတဲ့ အနောက်မှာ သူ့လိုပဲ ဗိုက်ဆာတဲ့သူတွေ
လာယူစားလို့ရအောင်လို့တဲ့ သူစားဖို့ ထမင်းတစ်ထုပ်နဲ့ဟင်း တစ်ထုပ်လေးပဲယူသွားလေရဲ့ဗျာ ကောင်းလိုက်စိတ်ဓာတ်လေး မွန်မြတ်လိုက်တဲ့စိတ်ထားကောင်းလိုက်တဲ့ကိုယ်ချင်းစာစိတ် ကြားရတာပီတိဖြစ်လိုက်တာဆိုတာပြောမနေပါနဲ့တော့ အဲ့မှာကျွန်တော့်အတွေးထဲ
ရောက်လာတာကတော့ မြန်မာနိုင်ငံက လူကြီးတော်တော် များများပေါ့လေ သူ့လိုကိုယ်ချင်းစာစိတ်လေးရှိကြရင် သိပ်ကောင်းမှာပဲလို့ ရှမ်းပြည်မှာအိမ်တိုင်းနည်းပါးပဲ ဒီအတိုင်းလေးတွေချည်းပဲ ကိုယ်စားလို့မကုန်နိုင်မှန်းသိရင် သီးသန့်ခွဲထားပြီး ကိုယ့်အိမ်ရှေ့မှာ
ကြွပ်ကြွပ်အိတ်လေးတွေထဲ ထည့်ပြီး ချိတ်ဆွဲထားတတ်ကြလေ ရဲ့ အဲ့ဒါကြောင့် လူကြီးတစ်ယောက်ကျွန်တော့်ကိုပြောတာ။ ရှမ်းပြည်မှာနေရင် ထမင်းဘယ်တော့မှမငတ်ဘူးတဲ့လေ။ ၁၀ -၄ -၂၀၂၀ သောကြာနေ့။ အချိန်ပေးပြီး ဖတ်ရှုပေးခဲ့တဲ့ ပရိသတ်ကြီးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။
ခရက်ဒစ်
zawgyi
ခရက်ဒစ်
Leave a Reply
Your email address will not be published. Required fields are marked *