မပျော်ရွှင်ရ တဲ့ နေ့တွေမှာ အရင်ကပျော်ခဲ့တဲ့ အမှတ်တရတွေ ကို ပြန်တွေးပြီး စိတ်မကောင်းဖြစ်တဲ့ အကြောင်းပြောလာတဲ့ ပိုးကြာဖြူခင်

Posted on

အာဏာသိမ်းမှုဖြစ်စဉ်စကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်း တော်တော် များများဟာ တဖြည်းဖြည်း လည်ပတ်မှုနှေးသွားခဲ့ပြီး လက်ရှိအချိန်မှာတော့တော်တော်များများ ရပ်တန့်သွားခဲ့ပါပြီ။ ပြည်သူတွေနဲ့အတူရပ်တည်ကြတဲ့ အနုပညာရှင်တွေဟာလည်း အရင်လို ကျော့ကျော့ မော့မော့ ပွဲမတက်နိုင်တော့ဘဲ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိသလို ဘေးလွတ်ရာကို ပုန်းရှောင်နေကြသူတွေလည်း အများအပြားပါပဲ။ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စစနောက်နောက် နေခဲ့တဲ့ အနုပညာရှင်တွေ ဒီလိုအဖြစ်နဲ့ကြုံရတာကို ပရိသတ်တွေလည်း အတော်လေးစိတ်မကောင်း ဖြစ်နေကြပါတယ်။

ဇာတ်လမ်းတွဲသရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ ပိုးကြာဖြူခင် ဟာ ယခင်က သူမ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ အတူတူအလုပ်လုပ်ကြတဲ့ သူငယ်ချင်းတွေကို သတိရတဲ့အကြောင်းနဲ့ အရင်လိုအလုပ်တွေပြန်လုပ်ချင်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံချင်တဲ့ အကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ ရင်ဖွင့်လာခဲ့ပါတယ်။ အားလုံးမပျော်ရွှင်နိုင်တဲ့အချိန်ဟာ သုံးလကျော် ကြာမြင့်လာခဲ့ပြီးဖြစ်ပြီး အရင်လို လွတ်လပ်အေးချမ်းတဲ့နေ့ရက်တွေကိုပြန်ရဖို့ ဒီမိုကရေစီ တိုက်ပွဲဝင်နေကြတာပါ။

သူမရဲ့စိတ်ခံစားချက်တစ်ချို့ကို ” တချိန်က နေ့ရက်တွေကို လွမ်းတယ် ကျမတို့သူငယ်ချင်းတွေ အတူတူ ကြော်ငြာတွေရိုက်ကြ ဇာတ်လမ်းတွဲတွေရိုက်ကြ ပွဲတွေအတူတက်ကြ သီချင်းတွေ အတူဆိုကြနဲ့ အခုများကျ တစ်ယောက်တစ်နေရာစီ သူငယ်ချင်းတွေကိုသတိရတယ် အရမ်းလည်းတွေ့ချင်တယ် အမြန်ဆုံး ငြိမ်းချမ်းချင်ပြီ အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်တဲ့ ပရိတ်သတ်တွေအတွက် အလုပ်တွေ အများကြီး ကြိုးစားချင်ပြီ 😢 မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ 🙏🏻 ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဆိုင်းမိုင်လေးရဲ့ သရုပ်ဆောင်မှုတွေကို အရမ်းလွမ်းနေပါတယ်။

Photo Credit – Poe Kyar Phyu Khin’s FB Acc

zawgyi

အာဏာသိမ္းမႈျဖစ္စဥ္စကတည္းက ျမန္မာႏိုင္ငံမွာရွိတဲ့ လုပ္ငန္း ေတာ္ေတာ္ မ်ားမ်ားဟာ တျဖည္းျဖည္း လည္ပတ္မႈေႏွးသြားခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ေတာ္ေတာ္မ်ားမ်ား ရပ္တန႔္သြားခဲ့ပါၿပီ။ ျပည္သူေတြနဲ႔အတူရပ္တည္ၾကတဲ့ အႏုပညာရွင္ေတြဟာလည္း အရင္လို ေက်ာ့ေက်ာ့ ေမာ့ေမာ့ ပြဲမတက္ႏိုင္ေတာ့ဘဲ ဖမ္းဆီးထိန္းသိမ္းခံရတာေတြ ရွိသလို ေဘးလြတ္ရာကို ပုန္းေရွာင္ေနၾကသူေတြလည္း အမ်ားအျပားပါပဲ။ ပရိသတ္ေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စစေနာက္ေနာက္ ေနခဲ့တဲ့ အႏုပညာရွင္ေတြ ဒီလိုအျဖစ္နဲ႔ႀကဳံရတာကို ပရိသတ္ေတြလည္း အေတာ္ေလးစိတ္မေကာင္း ျဖစ္ေနၾကပါတယ္။

ဇာတ္လမ္းတြဲသ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္တဲ့ ပိုးၾကာျဖဴခင္ ဟာ ယခင္က သူမ ႐ိုက္ကူးခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ အတူတူအလုပ္လုပ္ၾကတဲ့ သူငယ္ခ်င္းေတြကို သတိရတဲ့အေၾကာင္းနဲ႔ အရင္လိုအလုပ္ေတြျပန္လုပ္ခ်င္ၿပီး ပရိသတ္ေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေတြ႕ဆုံခ်င္တဲ့ အေၾကာင္း သူမရဲ႕ လူမႈကြန္ရက္မွာ ရင္ဖြင့္လာခဲ့ပါတယ္။ အားလုံးမေပ်ာ္႐ႊင္ႏိုင္တဲ့အခ်ိန္ဟာ သုံးလေက်ာ္ ၾကာျမင့္လာခဲ့ၿပီးျဖစ္ၿပီး အရင္လို လြတ္လပ္ေအးခ်မ္းတဲ့ေန႔ရက္ေတြကိုျပန္ရဖို႔ ဒီမိုကေရစီ တိုက္ပြဲဝင္ေနၾကတာပါ။

သူမရဲ႕စိတ္ခံစားခ်က္တစ္ခ်ိဳ႕ကို ” တခ်ိန္က ေန႔ရက္ေတြကို လြမ္းတယ္ က်မတို႔သူငယ္ခ်င္းေတြ အတူတူ ေၾကာ္ျငာေတြ႐ိုက္ၾက ဇာတ္လမ္းတြဲေတြ႐ိုက္ၾက ပြဲေတြအတူတက္ၾက သီခ်င္းေတြ အတူဆိုၾကနဲ႔ အခုမ်ားက် တစ္ေယာက္တစ္ေနရာစီ သူငယ္ခ်င္းေတြကိုသတိရတယ္ အရမ္းလည္းေတြ႕ခ်င္တယ္ အျမန္ဆုံး ၿငိမ္းခ်မ္းခ်င္ၿပီ အရင္လိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ခ်စ္တဲ့ ပရိတ္သတ္ေတြအတြက္ အလုပ္ေတြ အမ်ားႀကီး ႀကိဳးစားခ်င္ၿပီ 😢 ျမန္မာျပည္ႀကီး ၿငိမ္းခ်မ္းပါေစ 🙏🏻 ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။ ပရိသတ္ေတြကလည္း ဆိုင္းမိုင္ေလးရဲ႕ သ႐ုပ္ေဆာင္မႈေတြကို အရမ္းလြမ္းေနပါတယ္။

Photo Credit – Poe Kyar Phyu Khin’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *