မန္တလေးနန်းတွင်း သင်္ကြန်မဏ္ဍပ် မှာ ဖျော်ဖြေ နေတယ် ဆိုတဲ့ သတင်းတွေ နဲ့ ပတ်သက် ပြီး ပြန်လည် ဖြေရှင်း ပြောပြလာတဲ့ ဝေဠုကျော်

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးကာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ရပ်တည်နေသလို ပရဟိတအလုပ်တွေကိုလည်း လုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

မင်းသားဝေဠုကျော်ကတော့ ပြည်သူတွေ အားလုံး ရေမကစားကြတဲ့ နှစ်သစ်ကူး အချိန်အခါ လက်ရှိ အခြေအနေတွေမှာတောင် သင်္ကြန်မဏ္ဍပ် မှာ သီချင်းဆို ဖျော်ဖြေနေတယ်ဆိုတဲ့ သူ့ရဲ့ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပြောပြလာပါတယ်..။

မန္တလေးနန်းတွင်းသင်္ကြန်မဏ္ဍပ်မှာ အနုပညာရှင်တွေပါဝင်ဆင်နွှဲနေတယ် ဆိုပြီး လူပြောများနေတဲ့ သတင်း အမှားတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာက ဝေဠုကျော်က ဖြေရှင်းပြောပြထားတာ ဖြစ်ပါတယ်..။

လူငယ်တစ်ယောက်တင်ထားတဲ့ အဆိုပါပို့စ်ကို ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပြီး လက်ရှိ မှာ သူ့အနေနဲ့ ရန်ကုန်မှာ ရှိနေပြီ ပြည်သူတွေအတွက် ကူညီမှုတွေနဲ့ကယ်ဆယ်ရေးတွေလုပ်ဆောင်နေတာဖြစ်တဲ့ အကြောင်းတွေကို ကိုယ်တိုင် ဖြေရှင်းပြောပြထားတာပါ..။

“မန္တ‌လေးနန်းတွင်း သင်္ကြန်ရောက်နေတယ် ဆိုတာ သတင်းမှားပါ

ကျွန်တော်က ရန်ကုန်မှာပါဗျာ ကူညီ ကယ်ဆယ်ရေး အလုပ်ပဲ လုပ်နေပါတယ် ကိုယ်ပို့စ် ကို လူစိတ်ဝင်စားရင်ပြီး‌ရောဆိုပြီး သတင်းမှားတွေ မတင်စေခြင်ပါ တောင်းပန်ပါတယ်ဗျာ …” ဆိုပြီး ဖြေရှင်းပြောပြထားတာပါ..။

ပရိသတ်တွေကလည်း တစ်ဖက်လူထိခိုက် နစ်နာစေတဲ့ သတင်းအမှားတွေကို ရှုံ့ချနေ ကြပြီး ပြည်သူတွေအတွက်ကူညီမှုတွေလုပ်ဆောင်နေတဲ့ ဝေဠုကျော်ကို အားပေးစကားတွေလည်း Comment တွေမှာ ပြောထားကြတာ တွေ့ရပါတယ်..။

သတင်းအရင်းမြစ်: Wai Lu Kyaw’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *