မန္တလေးက မီးဘေးသင့် ပြည်သူတွေ အတွက် အိမ်သုံးပစ္စည်း နဲ့ အလှူငွေတွေ လှူဒါန်း ပြီး အားပေး ကူညီခဲ့တဲ့ အေးဝတ်ရည်သောင်း

Posted on

ပရိသတ်ကြီးရေ.. ပုရိသပရိသတ်တွေရဲ့အားပေး ချစ်ခင်မှုတွေကို အများဆုံး ရရှိထား တဲ့ သရုပ်ဆောင် မင်းသမီးချော အေးဝတ်ရည်သောင်း ကတော့ အနုပညာလောက မှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်..။ မအေးသောင်း လို့ အများကချစ်စနိုးခေါ်ကြတဲ့ သူမကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ရဲရဲ ရင့်ရင့် ပါဝင်ပြီး လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်သလို လှူဒါန်းမှုတွေ ပြုလုပ်ပြီးတော့လည်း ပြည်သူတွေနဲ့ ရပ်တည် နေသူလည်း ဖြစ်ပါတယ်..။ အေးဝတ်ရည်သောင်းကတော့ မတ်လ(၂၇)ရက်နေ့က မန္တလေးမြို့ ၁၁၆လမ်း ၅၆/၅၇ ကြားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၇၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတဲ့ မီးဘေးသင့်ခဲ့တဲ့ ပြည်သူတွေ အတွက် ဒီကနေ့မှာပဲ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်..။

အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ မီးဘေးသင့် ပြည်သူတွေ အတွက် အလှူရှင်တွေ နဲ့ အတူ စားသောက်ကုန် တွေ အပြင်၊ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ အလှူငွေတွေလည်း ပေးအပ်လှူဒါန်းခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ အားပေးစကားလေးတွေပြောကာ ဖေးမကူညီ ခဲ့တာ ဖြစ်ပါတယ်..။ “၂၇ ရက်နေ့ မနေ့ညက မန္တလေး ၁၁၆လမ်း ၅၆/၅၇ ကြား မီးလောင်မှု ဖြစ်ပွားသွားရာတွင် အိမ်ခြေ အိမ်ထောင်စု ၇၀ကျော် ၈၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ သိရပါတယ်ရှင် ဒီနေ့ အိမ်ထောင်စုများအတွက် ကျမနှင့် online မှအလှူရှင်များ လိုအပ်တဲ့ အိုးခွက် ဒယ်အိုး ပန်ကန် ဇွန်း ရေခွက် အစရှိသည် တို့ နှင့်အတူ တစ်အိမ်ထောင်စု လျှင် အလှူငွေ ၂၀၀၀၀ ကျပ် လှူဒါန်းခဲ့ပါသည်ရှင့်။

ပါဝင်ပေးတဲ့ အလှူရှင်များနဲ့မိတ်ဆွေများ သာဓု သာဓု သာဓုပါရှင်။ 🙏🙏🙏 အစစအရာရာ စီစဉ်ပေးတဲ့ ကိုမျိုးကြီး( ပန်းပျိုးသူ) ပရဟိတအဖွဲ့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်🙏🙏🙏 ဒီနေ့နေ့လည် ၁ နာရီမှာလည်း မီးဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးမှ မိန်းကလေး တစ်ဦးလည်း ဖွားမြင်ခဲ့ပါတယ်ရှင့်။..” ဆိုပြီး အလှူပုံရိပ်တွေကို မျှဝေ ထားတာ ဖြစ်ပါတယ်..။ မီးဘေးသင့် ပြည်သူတွေအတွက် လိုအပ်တာတွေလှူဒါန်းရင်း ကိုယ်တိုင်ကိုယ်ကျဖေးမကူညီခဲ့တဲ့ အေးဝတ်ရည်သောင်း ရဲ့ စိတ်ထားလေးနဲ့ အလှူပုံရိပ်လေးတွေ ကိုလည်း ပရိသတ်တွေက ချီးကျူးကာ အားပေး စကားလေးတွေ ပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Aye Thaung’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *