မနေ့ညက စမ်းချောင်း အခြေ အနေ။ ဖြစ် ခဲ့တဲ့ ဖြစ်စဉ် အကျဉ်း။
မနေ့ညက ၈ နာရီကြတော့ သွေးဆူပြီး ဒိုးသွားတာ။
သူငယ်ချင်း တယောက်နဲ့ ချိတ်ပြီး
လေးယောက်သား စမ်းချောင်းကို ချီတက် သွားတာ။
ကျွန်းတောလမ်းကို JS နောက်ကနေ ပတ်ဝင်တော့
ကား၃စင်းလောက် တူတူတွေ့။
လမ်းထိပ်မှာ ရပ်ကွက်က လူ ၄၀ လောက်နဲ့
ပိတ်ထားပြီး ကားတွေကို ပြန် လွှတ်နေ။
အဲ့ဒါနဲ့ ပြန်ကွေ့ပြီး သူငယ်ချင်း အိမ်ရှိတဲ့
ဒဂုံစင်တာနောက်လမ်းနားကို ရောက်သွား။
ကင်းသမားတွေက အပြင်လူပါလို့ဆိုပြီး
ဝူးဝူးဝါးဝါး စလုပ်။
အဲ့ချိန် ကျနော်က စုရပ်လိုက်ရှာနေပြီ။
ခက်တာက သင်္ကန်းကျွန်းက သပိတ် စစ်ကြောင်းပဲ
ဆင်းလာသလိုလို သာကေတကပဲ လာသလိုလို
လှိုင်ကလည်း လာနေပေမဲ့ စစ်ကား တွေ ပိတ်ခံရ နဲ့
စမ်းချောင်း ရပ်ကွက်ထဲကလူတွေနဲ့
ည၉ နာရီကြီး ဒဂုံစင်တာရှေ့ ထိုင်အော်နေရ။
သိပ်မကြာဘူး အသံဗုံး ၆ လုံးလောက် ကျပြီးတော့
လူတွေက ပြေးရရော။
စုရပ်ရှာတာ တစ်နာရီသာ ထိုးသွားတယ်
ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားတယ်။
ကျနော်လည်း သူငယ်ချင်း အိမ်မှာပဲ အိပ်ရ။
တကယ် တပ်စွဲတဲ့နေရာ နဲ့တော့ ဝေးပါတယ်။
အဲ့တော့ ဒီအဖြစ်အပျက်ကို သုံးသပ်စရာတွေ
ပေါ်လာတယ် သေချာ ပြန်စဉ်းစား ကြည့် ကြပါ။
၁။ ဆိုက်ဝါးကိစ္စ
ဆိုက်ဝါးတွေက အလုပ်မဖြစ်ပါဘူး။
ကိုယ်တိုင်လည်း ရောက်
ပိတ်နေတဲ့သူတွေနဲ့လည်း စကားပြောကြည့်တာ
အောက်သော့တွေ ဖြတ်
အခန်းတံခါးတွေ လိုက် ခေါက်
ဒါမျိုးတွေ လိုက်လုပ်တာပါ။
တကယ်ကြီး တံခါးတွေ ကန်ဖွင့်ရင် ရနေပါပြီ။
မနေ့က ဝန်းရံကြတာက ပွင့်လင်းပြောရင်
အရာမထင်ပါဘူး။
ကျနော်တို့ အခုလွတ်ကြတာက
သူတို့ဘက်က သနား လို့တောင် ပြော လို့ ရတယ်။
တကယ်ဖမ်းရင် တကယ်ပါမှာပဲ။
မလုပ်ချင်သေးလို့သာ မပါတာပါ။
၂။ ကင်းသမားတွေ အလုပ်မဖြစ်။
မနေ့က ပထမဆုံး စိတ်ပူရတာ။
ကင်းသမားတွေက ကိုယ့် စောက်ခွက်ရိုက်မှာပဲ။
သူစိမ်းမို့ မကြည်တာကို သဘောပေါက်တယ်။
ဒါပေမဲ့ ကျနော် ရောက်တဲ့နေရာက
ကင်းသမားတွေက အရက်သောက် ပြီး
လမ်းထဲက အပြင်မထွက်ကြတာ။ :33
ညီလေးရာ မထွက်ပါနဲ့ဆိုတာကြီးပဲ။
ဟိုက ရဲလေး ၁၂ ယောက်လောက်နဲ့
လမ်း ၂၀ လောက်ကို ထိန်း ထားတာ။
တွေးသာကြည့်ပါတော့ ဘယ်လောက်
အလုပ်မဖြစ်လဲဆိုတာကို။
တကယ်ဆို ဒလန်ကြောက်မဲ့အစား
ဝိုင်းကြီးချုပ်နဲ့ ခေါ်လာတဲ့သူကို စစ်မေးသင့်တယ်။
၃။ လူတိုင်းက စက်ခေါင်းတွေကြီးပဲက
အလုပ်မဖြစ်။
လူတိုင်းက စက်ခေါင်းဆိုတော့
မထွက်ချင်တဲ့ စက်ခေါင်းနဲ့
ထွက်ချင်တဲ့ စက်ခေါင်း အရင် ရန် ဖြစ်နေတာ နဲ့တင်
အချိန်ကုန်တော့တာပဲ။
အရေးထဲ တိုက်ပေါ်က တိုင်ပေးပြီး
အောက်ကနေ လမ်းမှောင်မဲနေတာကြီးကို
ကြည့်ပြီး နာရီဝက်လောက် ကြည့်ပြီး
ကြွေးကြော်ကြသေးတယ်။
အရှေ့တက်တော့ မတက်ခိုင်းဘူး။
စနိုက်ပါနဲ့ ထောက်ထားတယ်တဲ့ သေလိမ့်မယ်တဲ့။
:33 တွေးသာကြည့်တော့ ဘယ်လမ်း ရောက်မဲ့
စက်ခေါင်းတွေလည်း ဆိုတာကို။
၄။ ကိုယ့်ရပ်ကွက်ကိုယ် ထွက်ပြီး ဆန္ဒပြကြမယ်
အလုပ်မဖြစ်။
ဖြစ်တဲ့ရပ်ကွက်နဲ့ ထိစပ်နေရင်တော့ မပြောတတ်။
ကျနော့တယောက်တည်း ခံစားချက်ကတော့
အဝေးက ရပ်ကွက်တွေ ထွက်ပြီး ဆန္ဒပြပေးတာက
အလုပ်မဖြစ်ဘူးဗျာ။ ဘာလို့လဲ ပြောပြမယ်။
ဥပမာ မနေ့က ကျွန်းတောလမ်း မှာ ပိတ်ထားတယ်။
ခပ်ဝေးဝေး ရပ်ကွက်တွေဖြစ်တဲ့ ရေကျော်၊
သင်္ကန်းကျွန်း၊ သာကေတက လူတွေက
ထွက်ပြီး ကြွေးကြော်ပေးတယ် ဆိုပါတော့ဗျာ။
ဒီလူတွေကို လွှတ်ထားမှာပဲ။
ဒီညမှာ ကျွန်းတောလမ်းမှာ လုပ်စရာရှိ၊
ဆွဲစရာရှိတာကို လုပ်ရုံပဲလေ။
အိမ်တွေတက်ဆွဲပြီး အိမ်ရှင်တွေ ပါးရိုက်တယ်လို့
သဘောထားဗျာ။
နောက်နေ့ကြ ရေကျော်လာမယ်
သင်္ကန်းကျွန်းလာမယ် ဆိုပါတော့ဗျာ။
ရှေ့က ခံခဲ့ရတဲ့ ရပ်ကွက်တွေက
ထရဲဖို့လူတော်တော်စု ရတော့မယ်။
ကြောက်စိတ်ဝင်သွားမှာပဲ။
ကျနော်ကတော့ အဲ့လိုလုပ်နေတာ ထိရောက်မှု
မရှိပဲ နိုင်ငံရေး အာသာဖြေနေတယ်ပဲ ခံစားရတယ်။
ငါတို့လုပ်ပေးတယ်ဟဆိုပြီး
ဖီးလ်တော့တက်တာပေါ့။
၅။ ဥပဒေကို လိုက်နာနေတာက အလုပ်မဖြစ်။
မနေ့ညက မထွက်ရဲတာ ဘာလို့လဲဆိုတော့
၈ နာရီကျော်တော့ ၁၄၄ အရ ပစ်ခံရမှာဆိုးလို့တဲ့။
:33 အတော်လေးတော့ ခက်တဲ့ကိစ္စပဲ။
ဝန်ထမ်းတွေကို CDM လုပ်ပါ။
ဥပဒေ ဖီဆန်ပါ လုပ်နေ အော်နေ ပြီးတော့
ကိုယ်ကြတော့ ၁၄၄ လေကွာဆိုတာကြီးက
ပြောရတာ အရမ်းခက်တယ်။
မနေ့ညက လူက နည်းလွန်းတော့
ရှင်စောပုကနေ ၄ ယောက်တည်း ကျွန်းတောကို
ချီတက်ဖို့ လုပ်တာ လမ်းမှာ ရဲကားတွေက
အထဲမှာနေဆိုပြီး အော်ဆဲသွားတယ်။ :33
ကိုယ်တွေလည်း ရှေ့ဆက် မတက်ရဲတော့ဘူး။
ဥပဒေကြောင့် မဟုတ်။
ကားပေါ်ကဆင်းပြီး ခေါ်သွားရင် ပါသွား လောက်ပြီ။
သေနတ်နဲ့ ဆင်းပစ်ရင်တောင် သေနေလောက်ပြီ။:3
ဒီချိန် ရပ်ကွက်ထဲကလူတွေက ၁၄၄ မို့
ပစ်ရင် တရားဝင်တယ် မထွက်နဲ့တဲ့ ငလူးပဲကျတယ်။
ကျနော်တို့လည်း ထိပ်တိုက်မရင်ဆိုင်နဲ့
ပြောခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒါက အလုပ်မဖြစ်တော့ပါဘူး။
ကိုယ်အသာစီးရအောင် ဘယ်လို ရင်ဆိုင်မလဲက
တွေးကြဖို့ ဖြစ်လာပါပြီ။
ပြီးတော့ မြို့နယ်အချင်းချင်း စည်းလုံးဖို့
အရမ်းအရေးကြီးသလို ဖြစ်တဲ့မြို့နယ်ကို
ဝိုင်းပြီး ကိုယ်တိုင်လာ ဝန်းရံဖို့ လိုပါတယ်။
မနေ့ညက အဖမ်းမခံရတာ ဘာကြောင့်မှ
မဟုတ်ပါဘူး။ သူတို့ မဖမ်းလို့ပါ။
အကြောက်တရားပဲ ထည့်စရာ လိုသေးလို့
ဘာမှ မလုပ်တာပါ။
တိုက်တွေကို သော့တွေဖြတ် အိမ်တံခါးတွေ
လိုက်ခေါက်တာကို ငြိမ်ခံခဲ့ရတာ။
နောက်တဆင့်ဆို အိမ်တံခါးပါ ဖြတ်ပြီး
ဝင်မှာပါပဲ။
အဲ့ချိန်ကြ အကုန်လုံးက ကြောက်ပြီး ငြိမ်ခံရင်
အကုန်လုံးက ဖြည်းဖြည်းခြင်း ဆွဲခံရမှာ။
ဥပမာ မနေ့ညက စပ်ဆက်နေတဲ့ လမ်းတွေကို
ရဲသား ၁၂ ယောက် အသံဗုံး ၆ လုံးလောက် နဲ့
ထိန်းလိုက်တာပဲ။ ငြိမ်လို့။
ဖိရင် ကြွ ထိရင် ချ ဆိုတာ နည်းနာ လိုတယ်။
ကော်မတီလိုတယ်။ သပိတ်စခန်းလိုတယ်။
နိုင်ငံရေး ဦးဆောင်မှုလိုတယ်ဆိုတာ
မနေ့ညက မျက်ဝါးထင်ထင် တွေ့ရပါကြောင်း။
#whatshappeningnowinmyanmarceleupdatenews
celeupdatenews