မနေ့က မြေနီကုန်းဘက်ကို ရောက်ချိန် မှာ အခြေအနေ မကောင်းတာ နဲ့ ကြုံခဲ့ရပေ မယ့် ကံကောင်း လို့ ဘေးမသီ ရန်မခဘဲ အိမ်ပြန်ရောက် ခဲ့တဲ့ ခင်လှိုင်

Posted on

သရုပ်ဆောင်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက် အဖြစ်လည်း ဇာတ်ကား များစွာ ကိုဖန်တီးနေတဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ ရပ်တည်နေတာနှစ်ပေါင်းများစွာကြာမြင့်နေပါပြီနော်။ခင်လှိုင်က အနုပညာဗီဇပါကြတဲ့သားနဲ့သမီးကိုလည်း သေချာသင်ကြားပေးပြီး အနုပညာ လမ်းကြောင်းပေါ်တင်ပေးတာဖြစ်ပါတယ်။ ခင်လှိုင်ကတော့ သားသမီး၊မြေးတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နေပြီး အိမ်ထောင်ဦးစီး ကောင်းပီသစွာနဲ့လည်း မိသားစုကိုရင်အုပ်မကွာစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်နော်။

ခင်လှိုင်တို့မိသားစုလေးက ဘယ်အရာမဆို စိတ်တူကိုယ်တူ ရှိကြပြီး အရမ် းစည်းလုံးကြတဲ့မိသားစုလေးဖြစ်ပါတယ်။အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်း ခင်လှိုင်တို့တစ်မိသားစုလုံးက နေ့တိုင်းလမ်းပေါ်ထွက်ပြီး တတ်နိုင်တဲ့ဘက်ကနေ ဝန်းရံနေကြတာဖြစ်ပါတယ်။ ခင်လှိုင်တို့က အနုပညာရှင်အသိုင်းအဝိုင်းနဲ့အတူ ပြည်သူတွေဘက်ကနေ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ခင်လှိုင်ကတော့ လတ်တလောမှာဆိုရင် နေ့စဉ်ရက်ဆက်လမ်းမပေါ်ထွက်ပြီး အားကြိုးမာန်တက်လှုပ်ရှားနေတာတောင် မမောမပန်းနိုင်ဘဲခွန်အားအပြည့်ဖြစ်ပါတယ်နော်။

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ကဆိုရင်လည်း ခင်လှိုင်က ဇင်ဝိုင်း၊ ညီနန္ဒ စတဲ့ အနုပညာရှင်တွေနဲ့အတူ ထိုင်းသံရုံးရှေ့ကိုအရင်သွားပြီး လှုပ်ရှားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ ခင်လှိုင်တို့က မြေနီကုန်းဘက်ကို ဆက်လက်ချီတက်လာခဲ့ရာ အခြေအနေမကောင်းတာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ခင်လှိုင်ကတော့”ဒီနေ့မနက်ကျွန်တော်တို့ ထိုင်း သံရုံးရှေ့ပြီးတော့မြေနီကုန်းကိုဆက်ထွက်ခဲ့တယ်မြေနီကုန်းရောက်ချိန်မှာတော့……ကံကောင်းလို့ဘေးမသီရန်မခ…ဘုရားဘုရားဘုရား”ဆိုပြီး ဘေးအန္တရာယ် ကြုံခဲ့ရတာကို ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source&Photo Credit:Khin Hlaing’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *