ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင် ထားတဲ့ သရုပ်ဆောင်၊ မော်ဒယ်လ် နန်းသူဇာကတော့ နုနုနယ်နယ် မိန်းကလေး တစ်ယောက်ဆိုပေမယ့် လက်ရှိ မြန်မာ့ပြည်တွင်းအရေးတွေကြားမှာတော့ နေ့စဉ်နေ့တိုင်း လမ်းပေါ်ထွက်ပြီး ပြည်သူတွေ နဲ့ တစ်သားတည်း ဆန္ဒထုတ် ဖော်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းသူဇာက သူမလိုပဲ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော် ထုတ်နေကြတဲ့ ပြည်သူတွေကို သနပ်ခါး Day မှာ ပါဝင်မယ်ဆို Mask လုံးဝမချွတ်ဖို့ ဆန္ဒပြကြမယ့် ပြည်သူလူထုကို သတိပေး စကားလေး ဆိုလာတာကို တွေ့ရပါတယ်။
နန်းသူဇာက “မနက်ဖြန် သနပ်ခါး Day မှာ ပါဝင်မယ်ဆို အကြံလေးတစ်ခုပေး မယ်နော်။ လမ်းမှာတော့ Mask လုံးဝ မချွတ်ပါနဲ့နော်။ သနပ်ခါးနဲ့ ဓါတ်ပုံလေးတွေ ရိုက်မယ်ဆို အိမ်မှာအရင်ရိုက် or ကိုယ့်အုပ်စုနဲ့ကိုယ် Board လေးတွေနဲ့ တစ်နေရာမှာလှလှလေးရိုက်ကြပါနော် ❤️ ဒါမှမဟုတ် နှဖူးပေါ်မှာ လိမ်း 😅 Covid ကြီးလဲ မမေ့နဲ့နော်။ စိတ်ပူ တယ်။ ဂရုစိုက်ကြပါ။ အရေးတော်ပုံ အောင်ရမည် 💪🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတိပေး လာပါတယ်။
နန်းသူဇာကတော့ သနပ်ခါး Day မှာ ပါဝင်မယ်ဆို Covid ရောဂါပိုးကို သတိ မေ့လျော့ဖြစ်ပြီး Mask လုံးဝမချွတ်ဖို့ ဆန္ဒပြကြမယ့် ပြည်သူလူထုကို သတိပေးစကားလေးဆိုလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါ တယ်နော်။
Source: Nann Thuzar – နန်းသူဇာ’s fb
Credit – Cele Connections
zawgyi