မတော်မတရား မလုပ်ကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက် တွန်း

Posted on

လုပ်ငန်းရှင်တွေအနေနဲ့ အခွင့်အရေး ရဖို့အတွက် မတော်မတရား မလုပ်ကြဖို့ တိုက်တွန်းလိုတယ်လို့

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က

ဒီနေ့ တပ်မတော်ပိုင် မြဝတီရုပ်သံ ကနေ ပြောကြားလိုက်ပါတယ်။

တပ်ချုပ်ဟာ သူတို့အနေနဲ့ နိုင်ငံတော် ကို ခတ္တထိန်းသိမ်းထားတဲ့အချိန်မှာ

နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့မူဝါဒ၊ စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒတွေ လုံးဝပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ကတိပြုပြောခဲ့ပါတယ်။

NLD အစိုးရလက်ထက်တုန်းက မူအနေနဲ့သဘောတူပြီး ခွင့်ပြုချက်စောင့်ဆိုင်းနေတဲ့ လုပ်ငန်းတွေကိုလည်း ခွင့်ပြုချက်အမြန်ရအောင်ဆောင်ရွက်သွားပေးမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ(၃)ရက်နေ့နဲ့(၄)ရက်နေ့တုန် းကတော့ တပ်ချုပ်ဟာ ကုန်သည်စက်မှုအသင်းက လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိကဘဏ်တွေက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ(၈)ရက်နေ့ဟာ တပ်မတော်က အာဏာ သိမ်းလိုက်တဲ့(၈)ရက်မြောက်နေ့လည်း ဖြစ်ပါတယ်။

တပ်မတော်ဘက်ကတော့ နိုင်ငံအာဏာကို ၂၀၀၈ အခြေခံ ဥပဒေအရ လွှဲပြောင်းယူလိုက်တာလို့ ပြောထားပြီး

နောက်အစိုးရကို လမ်းခင်းပေးတဲ့ အဆင့်ထိပဲ လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

crd

zawgyi

လုပ္ငန္းရွင္ေတြအေနနဲ႔ အခြင့္အေရး ရဖို႔အတြက္ မေတာ္မတရား မလုပ္ၾကဖို႔ တိုက္တြန္းလိုတယ္လို႔

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က

ဒီေန႔ တပ္မေတာ္ပိုင္ ျမဝတီ႐ုပ္သံ ကေန ေျပာၾကားလိုက္ပါတယ္။

တပ္ခ်ဳပ္ဟာ သူတို႔အေနနဲ႔ ႏိုင္ငံေတာ္ ကို ခတၱထိန္းသိမ္းထားတဲ့အခ်ိန္မွာ

ႏိုင္ငံျခားေရးမူဝါဒ၊ အုပ္ခ်ဳပ္ေရးနဲ႔ ပတ္သက္တဲ့မူဝါဒ၊ စီးပြားေရးနဲ႔ပတ္သက္တဲ့ မူဝါဒေတြ လုံးဝေျပာင္းလဲသြားမွာ မဟုတ္ဘူးလို႔လည္း ကတိျပဳေျပာခဲ့ပါတယ္။

NLD အစိုးရလက္ထက္တုန္းက မူအေနနဲ႔သေဘာတူၿပီး ခြင့္ျပဳခ်က္ေစာင့္ဆိုင္းေနတဲ့ လုပ္ငန္းေတြကိုလည္း ခြင့္ျပဳခ်က္အျမန္ရေအာင္ေဆာင္႐ြက္သြားေပးမယ္လို႔ ဆိုပါတယ္။

ေဖေဖာ္ဝါရီ(၃)ရက္ေန႔နဲ႔(၄)ရက္ေန႔တုန္ းကေတာ့ တပ္ခ်ဳပ္ဟာ ကုန္သည္စက္မႈအသင္းက လုပ္ငန္းရွင္ေတြ၊ ပုဂၢလိကဘဏ္ေတြက ဥကၠ႒၊ ဒုဥကၠ႒ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီလ(၈)ရက္ေန႔ဟာ တပ္မေတာ္က အာဏာ သိမ္းလိုက္တဲ့(၈)ရက္ေျမာက္ေန႔လည္း ျဖစ္ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ႏိုင္ငံအာဏာကို ၂၀၀၈ အေျခခံ ဥပေဒအရ လႊဲေျပာင္းယူလိုက္တာလို႔ ေျပာထားၿပီး

ေနာက္အစိုးရကို လမ္းခင္းေပးတဲ့ အဆင့္ထိပဲ လုပ္ေဆာင္သြားမယ္လို႔ ေျပာထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *