မငြိမ်းချမ်းတဲ့ အခြေအနေတွေ မှာ ငြိမ်းချမ်းရာ ကို ရှာဖွေဖို့ သာသနာ့ ဘောင် ဝင်ရောက် နေခဲ့တဲ့ အဆိုတော်ဖြိုးလေး

Posted on

နွေဦးတော်လှန်ရေးရဲ့အစပိုင်းမှာ ချစ်သူဝါဆိုမိုးဦး နဲ့အတူ ဆန္ဒထုတ်ဖော်ပွဲ တွေမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း မှာတော့ အင်တာနက် အခက်အခဲတွေကြောင့် ပရိသတ်တွေနဲ့အလှမ်းဝေးသွားတဲ့ အဆိုတော်ဖြိုးလေးဟာ သာသနာ့ဘောင်ကိုဝင်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်း ကိုလည်း လက်ရှိ Wifi ရတဲ့နေရာ ရောက်မှာပဲ အားလုံးသာဓုခေါ်နိုင်အောင် ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ သီချင်းကောင်းတွေလည်း ဖန်တီးနိုင်သလို လုပ်ရပ်ကောင်းတွေလည်း လုပ်ဆောင် တတ်တာမို့ ပရိသတ်တွေက သာဓုတွေခေါ်ဆိုခဲ့ကြပါတယ်။

အခုလိုမငြိမ်းချမ်းတဲ့ကာလမှာ လူတိုင်းနီးပါးရဲ့ စိတ်တွေဟာ ထိုင်းမှိုင်းပြီး ပျော်ရွှင်မှုပျောက်ဆုံး သလိုဖြစ်နေခဲ့တာပါ။ ဒီလိုအချိန်မှာ တရားဓမ္မနဲ့မွေ့လျော်ပြီးနေတာက အသင့်တော်ဆုံးပါပဲ။ ဖြိုးလေးကတော့ သာသနာ့ဘောင်ကို ခေတ္တခဏဝင်ရောက်ခဲ့ပြီး စိတ်ရဲ့ ငြိမ်းချမ်းရာကို ရှာဖွေနေခဲ့ပါတယ်။ ဘုရားရိပ် တရားရိပ်ရောက်နေတာလည်းဖြစ်သလို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရမို့ လူမှုကွန်ယက်ပေါ်မှာ အရင်လိုမရှိနိုင်ခဲ့ပါဘူး။

ဒီနေ့မှာတော့ သာသနာ့ဘောင်ဝင်ရောက်နေတဲ့ အမှတ်တရ ပုံရိပ်တွေကို ” ပျောက်နေတယ် ဆို လို့ WiFi ရှိတဲ့နေရာရောက် တုန်းလေး ” ဆိုပြီး ဦးဇင်းက ဝေမျှခဲ့ ပါတယ်။ ချမ်းအေးတဲ့မြို့လေးမှာ အေးချမ်းတဲ့ တရားဓမ္မတွေကိုရှာဖွေပြီး အပူသောကတွေ ကို တရားတွေနဲ့ ဖယ်ရှားဖို့ သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ ဦးဇင်းရဲ့ပုံရိပ်တွေမှာ ပကတိအကြည်ဓာတ်ကို မြင်နေရပါတယ်။ အားပေးတဲ့ ပရိသတ်တွေကလည်း ကောင်းမွန်တဲ့လုပ်ရပ်အတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။

Photo Credit – Phyo Lay’s FB Acc

zawgyi

ေႏြဦးေတာ္လွန္ေရးရဲ႕အစပိုင္းမွာ ခ်စ္သူဝါဆိုမိုးဦး နဲ႔အတူ ဆႏၵထုတ္ေဖာ္ပြဲ ေတြမွာ ပါဝင္ခဲ့ၿပီး ေနာက္ပိုင္း မွာေတာ့ အင္တာနက္ အခက္အခဲေတြေၾကာင့္ ပရိသတ္ေတြနဲ႔အလွမ္းေဝးသြားတဲ့ အဆိုေတာ္ၿဖိဳးေလးဟာ သာသနာ့ေဘာင္ကိုဝင္ေရာက္ေနခဲ့တာပဲျဖစ္ပါတယ္။ ဒီအေၾကာင္း ကိုလည္း လက္ရွိ Wifi ရတဲ့ေနရာ ေရာက္မွာပဲ အားလုံးသာဓုေခၚႏိုင္ေအာင္ ေဝမွ်ေပးခဲ့တာပဲျဖစ္ပါတယ္။ သီခ်င္းေကာင္းေတြလည္း ဖန္တီးႏိုင္သလို လုပ္ရပ္ေကာင္းေတြလည္း လုပ္ေဆာင္ တတ္တာမို႔ ပရိသတ္ေတြက သာဓုေတြေခၚဆိုခဲ့ၾကပါတယ္။

အခုလိုမၿငိမ္းခ်မ္းတဲ့ကာလမွာ လူတိုင္းနီးပါးရဲ႕ စိတ္ေတြဟာ ထိုင္းမႈိင္းၿပီး ေပ်ာ္႐ႊင္မႈေပ်ာက္ဆုံး သလိုျဖစ္ေနခဲ့တာပါ။ ဒီလိုအခ်ိန္မွာ တရားဓမၼနဲ႔ေမြ႕ေလ်ာ္ၿပီးေနတာက အသင့္ေတာ္ဆုံးပါပဲ။ ၿဖိဳးေလးကေတာ့ သာသနာ့ေဘာင္ကို ေခတၱခဏဝင္ေရာက္ခဲ့ၿပီး စိတ္ရဲ႕ ၿငိမ္းခ်မ္းရာကို ရွာေဖြေနခဲ့ပါတယ္။ ဘုရားရိပ္ တရားရိပ္ေရာက္ေနတာလည္းျဖစ္သလို အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ခံထားရမို႔ လူမႈကြန္ယက္ေပၚမွာ အရင္လိုမရွိႏိုင္ခဲ့ပါဘူး။

ဒီေန႔မွာေတာ့ သာသနာ့ေဘာင္ဝင္ေရာက္ေနတဲ့ အမွတ္တရ ပုံရိပ္ေတြကို ” ေပ်ာက္ေနတယ္ ဆို လို႔ WiFi ရွိတဲ့ေနရာေရာက္ တုန္းေလး ” ဆိုၿပီး ဦးဇင္းက ေဝမွ်ခဲ့ ပါတယ္။ ခ်မ္းေအးတဲ့ၿမိဳ႕ေလးမွာ ေအးခ်မ္းတဲ့ တရားဓမၼေတြကိုရွာေဖြၿပီး အပူေသာကေတြ ကို တရားေတြနဲ႔ ဖယ္ရွားဖို႔ သာသနာ့ေဘာင္ကိုဝင္ေရာက္ခဲ့တဲ့ ဦးဇင္းရဲ႕ပုံရိပ္ေတြမွာ ပကတိအၾကည္ဓာတ္ကို ျမင္ေနရပါတယ္။ အားေပးတဲ့ ပရိသတ္ေတြကလည္း ေကာင္းမြန္တဲ့လုပ္ရပ္အတြက္ သာဓုအႀကိမ္ႀကိမ္ေခၚဆိုခဲ့ၾကပါတယ္။

Photo Credit – Phyo Lay’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *