မင်းတို့ မရယ် ပါနဲ့၊ သူ တို့ကို မလှောင် ပါနဲ့၊ ဟာသ မလုပ် ပါနဲ့ သူတို့လေး တွေက ဘဝတွေ ရင်းထား ရတာပါ
Posted on
မင်းတို့ မရယ်ပါနဲ့၊ သူတို့ကို မလှောင်ပါ နဲ့၊ ဟာသမလုပ်ပါနဲ့ သူ တို့လေး တွေက ဘဝတွေ ရင်းထားရတာပါမင်းတို့ကတော့ ကလေးတွေရဲ့ ကို့ရို့ ကားယား ပုံတွေကို ကြည့်ပြီး ရယ် (ရီ) ချင် မှာဘဲ လက်ထဲမှာ တော့ (သေ+နပ် မဟုတ် တဲ့)တုတ်ကိုင်၊ဒါးကိုင် လေးဂွကိုင်၊ ဒိုင်းကိုင် နဲ့ က လေး ကစားစရာ မှန် ပြောင်း တစ် လက် နဲ့ ဟို ကြည့် ဒီ ကြည့် ဟိုချောင်း ဒီချောင်း ကုန်းကုန်း ကွကွနဲ့ ဟိုကွယ် ဒီကွယ် ဟိုပြေး၊ ဒီပြေးနဲ့ ဒါလားကွ တော်လှန် ရေးဆိုပြီး ဟာသ လုပ်ချင် တောင်လုပ် နေမလားဘဲ။ အပေါ်ယံ လေး တွေးကြည့်
ရင်တော့ ရယ်စရာပေါ့။ ဒါပေမဲ့ လေးလေး နက်နက် နဲ့ တွေး ကြည့်စမ်း၊ ရယ်စရာ မဟုတ်ဘဲ ငို ချင်စရာ ဆိုတာမင်းတွေ့လိမ့်မယ်။ဒီကလေး တွေက စစ်ပညာ တွေဘယ် သင်ဘူးမှာလဲ။ “သတိ၊ သက်သာ၊ အေးစေ ” ဆိုတာ တောင် လုပ်ဖူးမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို အကာအ ကွယ် ပေးရမဲ့ မင်းတို့က သူတို့ကို ပစ်+ခတ် +သ+တ်+ဖြတ် နေတော့သူတို့ တတ် သ လောက် မှတ်သလောက် ကောင်းနိုး ရာရာ လေးတွေနဲ့ လှုပ် ရှား နေရတာ ပေါ့။သူတို့ရဲ့ အသက်၊သူတို့အဖေါ်၊ သူတို့ ရပ်ကွက်၊ သူတို့ ပတ်ဝန်းကျင်ကအစ သူတို့ရဲ့ အနာဂတ်၊ သူတို့ မျှော်လင့်ချက်၊ သူတို့ ဘဝ၊ သူတို့ ရ ပိုင်ခွင့်၊ သူတို့ ဒီမိုကရေစီ ကို
သူတို့ နည်း သူတို့ဟန်နဲ့ ကာကွယ် နေကြရတော့တာပေါ့။ အဲဒါတွေက သူတို့ ငါတို့ အတွက် မင်းတို့ ကလုပ်ပေး နေရမှာလေ။အခုတော့ကွာ အဲဒီတော့ မင်းတို့ မရယ်ပါနဲ့၊ သူတို့ကို မလှောင် ပါနဲ့၊ ဟာသ မလုပ်ပါနဲ့။သူတို့ကို ပစ်+ဘို့ခတ်ဘို့၊ သ+တ်ဘို့လဲထပ်ပြီး မကြိုးစားပါနဲ့။ အဲလိုလုပ် နေသ၍ကတော့ တစ်နေ့ မင်းတို့ အလှည့် မလွဲမသွေရောက်လာမှာပါ
Photo Credit: Original
zawgyi
Photo Credit: Original
Leave a Reply
Your email address will not be published. Required fields are marked *