မကျ ဆုံးခင် အချိန် မှာ မိခင် ကို နောက်ဆုံးပြော ဖြစ်ခဲ့တဲ့ သူရဲကောင်း တစ်ဦး ရဲ့ စကားလေး

Posted on

လက်ရှိအခြေအနေကနေ လွတ်မြောက်ဖို့ အတွက် အသက်ကိုတောင် ပေးပြီး ကြိုးစားသွားကြတဲ့သူရဲကောင်းတွေကိုပြည်သူလူထုက အစဉ်အမြဲအောက်မေ့သတိရပြီး လေးစားနေကြတာပဲဖြစ်ပါတယ်။ရက်ပေါင်း(၁၀၀)ကျော်သွားပြီဖြစ်တဲ့ ဒီကာလကြီး မှာ ပြည်သူတွေ ဘက်ကနစ်နာဆုံးရှုံးမှုတွေရှိပေမယ့်လည်း စိတ်ဓာတ်ခွန်အား အပြည့်နဲ့ဆက်လက်ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် မင်းတပ်မြို့မှာလည်း အခြေအနေတွေပြင်းထန်နေတာကြောင့် ကျဆုံးသူတွေ ထပ်မံရှိလာခဲ့ပါတယ်။

မေလ(၁၄)ရက်နေ့ကဆိုရင်လည်း မင်းတပ်မြို့က သူရဲကောင်း Ghung Om Ghungကတော့ လှုပ်ရှားမှုမှာပါဝင်ရင်းကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။Ghung Om Ghung ကျဆုံးချိန်မှာ အသက်ငယ်ငယ်လေးပဲရှိသေးတာကြောင့် မိဘတွေအနေ နဲ့လည်း ရင်ကျိုးနေရတာပဲဖြစ်ပါတယ်။အသက်သာငယ်ပေမယ့် ရဲစွမ်း သတ္တိအပြည့်ရှိပြီး ရှေ့ဆုံးကနေပါဝင်ခဲ့တဲ့ သူရဲကောင်းလေး အသက်ပေးသွားရလို့ ပြည်သူတွေကလည်း နှမျောတသဖြစ်ပြီးဝမ်းနည်းနာကျင် နေရတာပဲဖြစ်ပါတယ်။

Ghung Om Ghung က မေလ(၁၃)ရက်နေ့ ညပိုင်းမှာ မိခင်ဖြစ်သူ ကို “မေမေရေ သားပါလာတဲ့မုန့် နည်းနည်းကျန်သေးလို့ ဘေးကလူကိုကျွေးလိုက်တယ်။သားကစားချင်စိတ်မရှိလို့ မစားဘူး။ဒရုန်းနဲ့သားတို့ကိုရှာနေကြပြီ၊ပုန်းဦးမယ်နော်”လို့ နောက်ဆုံး ပြောဖြစ်ခဲ့သေးတာဖြစ်ပါတယ်။ သူရဲကောင်းလေးကတော့ စိတ်ရင်း စေတနာဖြူစင်လို့တခြားသူအပေါ်မှာလည်း ကိုယ်ချင်းစာတတ်ပါတယ်။Ghung Om Ghungရဲ့ နောက်ဆုံးအမှတ်တရဖြစ်တဲ့ မိခင်ကိုပြောခဲ့တဲ့ စကားလေးက ရင်ထဲကိုထိမှန်စေလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

zawgyi

လက္ရွိအေျခအေနကေန လြတ္ေျမာက္ဖို႔ အတြက္ အသက္ကိုေတာင္ ေပးၿပီး ႀကိဳးစားသြားၾကတဲ့သူရဲေကာင္းေတြကိုျပည္သူလူထုက အစဥ္အၿမဲေအာက္ေမ့သတိရၿပီး ေလးစားေနၾကတာပဲျဖစ္ပါတယ္။ရက္ေပါင္း(၁၀၀)ေက်ာ္သြားၿပီျဖစ္တဲ့ ဒီကာလႀကီး မွာ ျပည္သူေတြ ဘက္ကနစ္နာဆုံးရႈံးမႈေတြရွိေပမယ့္လည္း စိတ္ဓာတ္ခြန္အား အျပည့္နဲ႔ဆက္လက္ရင္ဆိုင္ေနၾကဆဲျဖစ္ပါတယ္။ လတ္တေလာမွာဆိုရင္ မင္းတပ္ၿမိဳ႕မွာလည္း အေျခအေနေတြျပင္းထန္ေနတာေၾကာင့္ က်ဆုံးသူေတြ ထပ္မံရွိလာခဲ့ပါတယ္။

ေမလ(၁၄)ရက္ေန႔ကဆိုရင္လည္း မင္းတပ္ၿမိဳ႕က သူရဲေကာင္း Ghung Om Ghungကေတာ့ လႈပ္ရွားမႈမွာပါဝင္ရင္းက်ည္ထိမွန္ၿပီး က်ဆုံးသြားခဲ့တာျဖစ္ပါတယ္။Ghung Om Ghung က်ဆုံးခ်ိန္မွာ အသက္ငယ္ငယ္ေလးပဲရွိေသးတာေၾကာင့္ မိဘေတြအေန နဲ႔လည္း ရင္က်ိဳးေနရတာပဲျဖစ္ပါတယ္။အသက္သာငယ္ေပမယ့္ ရဲစြမ္း သတၱိအျပည့္ရွိၿပီး ေရွ႕ဆုံးကေနပါဝင္ခဲ့တဲ့ သူရဲေကာင္းေလး အသက္ေပးသြားရလို႔ ျပည္သူေတြကလည္း ႏွေမ်ာတသျဖစ္ၿပီးဝမ္းနည္းနာက်င္ ေနရတာပဲျဖစ္ပါတယ္။

Ghung Om Ghung က ေမလ(၁၃)ရက္ေန႔ ညပိုင္းမွာ မိခင္ျဖစ္သူ ကို “ေမေမေရ သားပါလာတဲ့မုန႔္ နည္းနည္းက်န္ေသးလို႔ ေဘးကလူကိုေကြၽးလိုက္တယ္။သားကစားခ်င္စိတ္မရွိလို႔ မစားဘူး။ဒ႐ုန္းနဲ႔သားတို႔ကိုရွာေနၾကၿပီ၊ပုန္းဦးမယ္ေနာ္”လို႔ ေနာက္ဆုံး ေျပာျဖစ္ခဲ့ေသးတာျဖစ္ပါတယ္။ သူရဲေကာင္းေလးကေတာ့ စိတ္ရင္း ေစတနာျဖဴစင္လို႔တျခားသူအေပၚမွာလည္း ကိုယ္ခ်င္းစာတတ္ပါတယ္။Ghung Om Ghungရဲ႕ ေနာက္ဆုံးအမွတ္တရျဖစ္တဲ့ မိခင္ကိုေျပာခဲ့တဲ့ စကားေလးက ရင္ထဲကိုထိမွန္ေစလို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *