ဘွမ်ရာယန် စစ်ရှောင် စခန်းနေ ကချင် တိုင်းရင်းသား ပြည်သူတွေ အတွက် အလှူငွေတွေ လှူဒါန်း လိုက်တဲ့ အမွန်း

Posted on

ပရိသတ်ကြီးရေ.. ကိုယ်ပိုင်ဟန်ပန်တွေ နဲ့ သီချင်းကောင်း တွေကြောင့် ဂီတလောက မှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားပြီး လျှောက်လှမ်းရပ်တည်နေတဲ့ အဆိုတော်အမွန်းကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပါပဲ..။

အမွန်းကတော့ လက်ရှိအခြေအနေတွေကြောင့် အားလုံး ရဲ့အနာဂတ်တွေနဲ့ ယုံကြည်မှုတွေ အတွက် လှုပ်ရှားမှုတွေမှာ တတ်အားသရွေ့ တက်ကြွစွာ ပါဝင်နေပြီး အလှူအတန်းတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်..။

အမွန်းကတော့ လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေ တတ်နိုင် သလောက် ပြုလုပ်နေသလို ဒီကနေ့မှာလည်း စစ်ဘေးသင့် ကချင်တိုင်းရင်းသားပြည်သူတွေအတွက်လည်း အလှူငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ပြန်ပါတယ်..။

ဘွမ်ရာယန် စစ်ရှောင်စခန်းနေ စစ်ဘေးသင့် ပြည်သူတွေဖြစ်တဲ့ အင်ဂျန်းယန် မြို့နယ်၊ ဂွေထောင် ကျေးရွာ၊ ၁၇ မိုင်အထက် ကျေးရွာ အားလုံးမှ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၉၀၄ ဦး အတွက် လိုအပ်တာတွေအသုံးပြုနိုင်ဖို့အတွက် အလှူငွေ သိန်း(၂၀)ကို Chyeju kaba Mali Ingra Volunteer Group ကို ပေးအပ်လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်..။

“Chyeju kaba Mali Ingra Volunteer Group ❤️🙏🏼

စစ်ဘေးသင့် သွေးချင်းများနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ကိုယ့်နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူအရောက်စီတိုင်း အတွက် ဘေးရန်ကင်းပါစေလို့ နေ့စဉ်ဆုတောင်းလျှက် 🙏🏼🙏🏼🙏🏼😓..” ဆိုပြီး ဆုတောင်းမေတ္တာပို့သထားပြီး အလှူကို ဝေမျှထားတာ ဖြစ်ပါတယ်..။

အမွန်းရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေ ကလည်း အလှူကို သာဓု ခေါ်ကာ အားပေးစကားတွေ ပြောထားကြသလို ကျန်းမာရေးအပြင် အစစအရာရာဂရုစိုက်ဖို့ မှာထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Amazing Grace

Leave a Reply

Your email address will not be published. Required fields are marked *