ဘုရားမှာ အမြဲ ဆုတောင်းနေသော အရာအား အသက်(၃၀)အရွယ်တွင် ပြုလုပ်ခွင့် ရတဲ့ အတွက် ကြည်နူး ပီတိ ဖြစ်နေတဲ့ ဘေဘီမောင်

Posted on

သရုပ်ဆောင် ဘေဘီမောင်ကတော့ မော်ဒယ်လောကမှ တစ်ဆင့် သရုပ်ဆောင် ဘက် သို့ ကူးပြောင်းခဲ့ပြီး ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကား များတွင် ပါဝင်ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမကတော့ ရရှိတဲ့ အနုပညာကြေးများနဲ့ အလှူအတန်းတွေ ပြုလုပ်နေသူဖြစ်ပါတယ်။ ဒါ့အပြင်မိဘကို လုပ်ကျွေး ပြုစု နေတဲ့ သမီး အလိမ္မာလေးဖြစ်တာကြောင့်ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပါ။

သူမကတော့ ဒီကာလအတွင်း အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။ သင်္ကြန်တွင်း မှာလည်း တရားစခန်းဝင်ရောက်ခဲ့ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဘေဘီမောင် ရဲ့ လူမှု ကွန်ယက်စာမျက်နှာတွင် နှစ်ဆန်းတစ်ရက်နေ့ တွင် မိဘနှစ်ပါး နှင့် အဘိုးအဘွား များအား အမှူးထား၍ အလှူတစ်ခု ပြုလုပ်ခွင့်ရတဲ့အတွက် ကြည်နူးပီတိဖြစ်တဲ့ အကြောင်းကို ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

သူမကလည်း ” မြန်မာနှစ်ဆန်း (၁)ရက်နေ့ ကုသိုလ်

ပုံလေးတွေခုမှရလို့ပါရှင့်🙏🏻

အမြဲဘုရားမှာ သာသနာပြုနိုင်ပါစေဆိုတဲ့ဆုတောင်းလေး အသက် ၃၀ မှာ ပြည့် ခဲ့ပြီ🙏🏻

မိဘတွေအတွက် ဂုဏ်ယူရတဲ့သမီး ရဟန်းအမကြီးဖြစ် ခွင့်ရတဲ့အတွက် ပီတိ ဖြစ်ရပါတယ်🙏🏻

ဆရာတော်ဒေါက်တာအရှင်အဂ္ဂဇေယျ အား, ဖေဖေမေမေ ဖိုးဖိုးဖွားဖွား ဦးထိပ်ထား၍, သရုပ်ဆောင် မဘေဘီမောင် မိသားစုတို့က သိက္ခာထပ်ဆင့် ကံမြှင့်ခြင်း ပုနောပသမ္ပဒမင်္ဂလာကုသိုလ် ပြုကြပါသည်။

မင်္ဂလာနှစ်သစ်..

နှစ်ဆန်း (၁) ရက်နေ့ကစပြီးအမြဲတမ်း ကောင်းခြင်း မင်္ဂလာတွေ ရရှိပါစေ..။

ပူလောင်သူတို့ အေးပါစေ..။

ခြောက်သွေ့ညှိုးနွမ်းသူတို့ စိမ်းလန်းစို ပြေပါစေ..။

နှလုံးသားတို့ ရယ်မောနိုင်ပါစေ..။

စိတ်နှလုံးတို့ ငြိမ်းချမ်း သာယာပါစေ..။

ဆို့နစ် ကြေကွဲသူတို့ ရယ်မောနိုင်ပါစေ…။

ဘဝတို့ ရှင်သန် လန်းဆန်းပါစေ…။

အသိဉာဏ်တို့ လင်းလက် တောက်ပပါစေ..။

17.4.2021.” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင် းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Baby Maung’s Facebook Account and Illuminate’s Photography

Leave a Reply

Your email address will not be published. Required fields are marked *