ဘာမှမပါတဲ့ ကျောပိုးအိတ်လေးသာ လွယ်ပြီး အသက်ပေး ကာကွယ် နေရတဲ့ လူငယ်လေးတွေ ကို ငွေကြေးအင်အား ထောက်ပံ့ပေးဖို့ တောင်း ဆိုလာတဲ့ ပြည်သူ တစ်ဦး

Posted on

ပြည်သူလူထု ကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ရဲစွမ်းသတ္တိအပြည့်နဲ့ ရင်ဆိုင်လာခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင် ရက်ပေါင်း(၄၃)ရက် ကြာမြင့်သွားပြီဖြစ်ပေမယ့် ပြည်သူတွေက မိမိတို့မှာရှိသမျှခွန်အားတွေနဲ့ ဆက်လက် လှုပ်ရှားနေကြဆဲဖြစ်ပါတယ်။လူငယ်အများအပြားကတော့ ကိုယ့်ရဲ့အသက်အန္တရာယ်ကိုဘေးချိတ်ပြီး ရှေ့ဆုံးကနေရပ်တည်ကာ အများအကျိုးအတွက် သယ်ပိုး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ အခုချိန်မှာဆိုရင် လူငယ်တွေအတွက်လည်း လူကြီးတွေက တစ်ထောင့်တစ်နေရာကနေကူညီဖေးမပေးနေတာဖြစ်ပါတယ်။

လမ်းမပေါ်နေ့တိုင်းထွက်ပြီး လှုပ်ရှားနေကြတဲ့ လူငယ်တွေထဲမှာ ပြည့်စုံတဲ့သူတွေလည်းပါသလို ချို့တဲ့တဲ့သူတွေလည်း ရှိပါတယ်။ တချို့လူငယ်လေးတွေဆိုရင် ကျောပိုးအိတ်လေးတစ်လုံးသာ လွယ်ပြီး အကာအကွယ်ပစ္စည်းစုံစုံလင်လင်မပါတဲ့အပြင် ငွေကြေးအနည်းငယ်လေးနဲ့သာ အပြင်ထွက်နေကြတာဖြစ်ပါတယ်။ဒီလိုမျိုးမပြည့်စုံတဲ့ကြားထဲကနေ လမ်းပေါ်ထွက်လာကြတဲ့ လူငယ်လေးတွေကို တချို့လူကြီးတွေက တတ်နိုင် သလောက်ဝိုင်းဝန်းကူညီပေးကြပြီး သူတို့အိမ်မှာလာပုန်းရင်လည်း ကလေးတွေမသိအောင် အိတ်ထဲ ပိုက်ဆံထည့်ပေးလိုက်ကြတာဖြစ်ပါတယ်။

(၁၄.၃.၂၀၂၁)ရက်နေ့က မြောက်ဥက္ကလာမှာကျဆုံးသွားတဲ့ ကိုဟန်ထက်အောင် ရဲ့ ကျောပိုးအိတ်ထဲမှာ ဆိုရင်ပိုက်ဆံလေး(၅၅၀)သာပါတာဖြစ်ပါတယ်။အဲ့ဒီလိုပဲ မကြာသေးခင်ရက်ပိုင်းက ကျဆုံးသွားတဲ့ ကိုချစ်မင်းသူရဲ့အိတ်ထဲမှာဆိုလည်း မိခင်ပေး တဲ့ မုန့်ဖိုးလေး တစ်ထောင်သာပါတာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေ ရှိနေပေမယ့်လည်း တချို့လူငယ်လေးတွေကတော့ အမှန်တရားအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ရှေ့တန်းမှာ ပါဝင်နေကြတဲ့ လူငယ်လေးတွေ စိတ်ဓာတ်မကျသွားဖို့အတွက် လိုအပ်နေတဲ့သူတွေကို ငွေကြေးအင်အားထောက်ပံ့ပေးနိုင်မှ သူတို့တွေရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။

Photo Credit:Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *