ဘဝ နဲ့ ရင်းပြီးရခဲ့တဲ့ သင်ခန်းစာ တွေကို ပြောပြလာတဲ့ အဆိုတော် တွင်ကယ်လ်

Posted on

ပရိသတ်ကြီးရေ တွင်ကယ်လ် လို့ဆိုလိုက်တာနဲ့ သူမရဲ့သီချင်းလေးတွေကို တန်းပြီးရေရွတ်မိ တဲ့ထိ နာမည်ကြီးခဲ့တဲ့ အဆိုတော် တစ်ဦးပါ။ သူမအနေနဲ့ အနုပညာအလုပ်ကို၁၆နှစ်ထဲက စတင်လုပ်ကိုင်ခဲ့ပြီး အသက်၁၈နှစ်မှာ ရှင်နော်အခွေ အပိုင်ရမှပေးမယ်သီချင်းနဲ့ အခွေစတင်ထွက်ရှိနေပြီဖြစ်တဲ့ တွင်ကယ်လ်ကတော့ အချိန်အကြာကြီး အနုပညာလောကကပျောက်ကွယ်သွားရတဲ့အကြောင်းအရင်းကို အခုလိုပဲပြောပြလာခဲ့တာပါ။

” တွင်ကယ်လ်၂၄နှစ်မှာအိမ်ထောင်ကျပြီး အမေရိကားလိုက်သွားဖို့စာရွက်စာတမ်းစောင့်ရတဲ့အချိန်မှာ အပေါင်းအသင်းမှားတယ် ။ ကိုယ့်ကိုယ်ကိုယ်မရင့်ကျက်သေးတဲ့အချိန်မှာတွင်လ်ကယ်လ်မကောင်းတဲ့ကျေးကျွန်မူးရစ်ကျေးကျွန်နဲ့အရက်ကျေးကျွန်မှာ နစ်မြုပ်သွားခဲ့ပါတယ်။အိမ်ထောင်ကျလို့ အမေရိကားသွားလိုက်သွားတဲ့အချိန်မှာလည်း ဒါကြီူကကပ်ပါလာတဲ့အခါမှာ ဒါကြီးကနတ်ဆိုးဝဋ်ဉာဉ်ဆိုးတွေကအရမ်းစေခိုင်း လို့ရတယ်။ မကောင်းတဲ့အရာတွေလုပ်တဲ့အခါမှာ မကောင်းတဲ့ဘက်ကပိုပြီးတော့အားသာတယ်။ကောင်းတဲ့အရာလုပ်တဲ့ အခါကောင်းတဲ့တမန်လေးတွေကကိုယ့်ကိုစောင့်ရှောက်တယ်။အာ့ကနေအိမ်ထောင်ကျတာ ၂နှစ်မှာပြိုပျက်သွားတယ်။ ရန်ကုန်ပြန်ရောက်တော့လည်း ဒီဟာကိုပဲဆက်လုပ်ဖြစ်တယ်။ ၁၀နှစ်လောက် ထပ်သုံးသေးတယ်။

“နောက်လဂျွန်လိုင် ၁၉ရက်နေ့ဆိုလွတ်မြောက်ခဲ့တာ ၃နှစ်ပြည့်ပါပြီ။နောင်တရပါတယ် ။နောင်တရတယ်ဆိုတာ တွင်ကယ်လ်က အချိန်တွေအရမ်းကုန်ခဲ့တယ်။တွင်ကယ်လ်ကြောင့်မိသားစုတွေ အရမ်းစ်တ်ဆင်းရဲခဲ့ရပါတယ်။ငါလုပ်တာပဲသူတို့နဲ့မဆိုင်ဘူးကိုယ်ဖြစ်ကိုယ်ခံဆိုပေမယ့်ကိုယ့်ကိုယ်ကိုမိုက်ရူးရဲခဲ့တယ်။တွင်လ်ကယ်လ်လုပ်ပေမယ့် တွင်လ်ကယ်မိသားစုတွေစိတ်ပူနေရတယ်ညကောင်းကောင်းမအိပ်ပျော်ဘူး ။ဘယ်ချိန်ထွက်သွားမလဲ ဘယ်သူများရိုက်သတ်လိုက်မလဲ။ ဘယ်ချိန်မူးယစ်ဆေးကြောင့်သေနေမလဲ မိသာစစုတွေအတွက်ကိုယ်လုပ်တယ်ဆိုပေမယ့်သူတို့အတွက်က၁၄နှစ်လုံးဒဏ်ခံရတယ်။

ယုံကြည်မှုကင်းမဲ့ခြင်းခံရတယ်။ကိုယ်ခက်ခက်ခဲခဲငယ်ငယ်ထဲတည်ဆောက်ထားတဲ့ အနုပညာအားလုံးကဒီမူးယစ်ဆေးကြောင့်ဘာမှမလုပ်နိုင်တော့ဘူး။ပရိသတ်တွေနဲ့လည်းဝေးသွားတာပေါ့”ဆိုကာ မူးယစ်ကျွေးကျွန်မှာနစ်မြုပ်နေတဲ့လူငယ်တွေကို သူမကိုယ်ပဲဥပမာယူဖို့ပြောကြားလာခဲ့တာပါ။အားနာလို့စမ်းရမယ့်အထဲမှာ မူးယစ်ဆေးမပါဘူးလို့ အကြံပေးပြောပြလာခဲ့ တာပါ။ဘဝအသစ်ပြန်စကာ မူးယစ်ကျွေးကျွန်ထဲကရုန်းထွက်ပြီး အနုပညာအလုပ်တွေပြန်လုပ်တော့မယ့် တွင်လ်ကယ်လ်အတွက်အားပေးစကားပြောခဲ့ကြပါဦးပရိသတ်ကြီးရေ။

Credit -CeleGabar

Leave a Reply

Your email address will not be published.