ဘယ်သူ့ ကို မှ လက်တွဲ ဖြုတ်ချ ချန် ခဲ့ ဖို့ မဖြစ်နိုင်ပါဘူး” လို့ ပိုင်ဖြိုးသု ဆို

Posted on

အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မှာ ကိုယ်တိုင် တက်ကြွ စွာ ပါဝင် ခဲ့သလို CDM (အာဏာ ဖီဆန်ရေး လှုပ်ရှားမှု) မှာ ပြည်သူ့ဝန်ထမ်း များ ပါဝင်လာဖို့ လှုံ့ဆော်ခဲ့တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ရက်တွေကြာလာတဲ့အချိန်မှာ ပြည်သူတွေ စိတ်ဓာတ်တွေ ကျလာကြပြီလားလို့ မေးခွန်းထုတ်ထားပါတယ်။

“ရက်တွေ ကြာလာတဲ့အချိန်မှာ စိတ်ဓာတ်တွေ ကျလာကြပြီလား။ လူတွေ အများကြီး သေနေပြီ။ ငါဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင် ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် မုန်းမိနေပြီလား။ အကြောင်း အမျိုးမျိုးကြောင့် အပြင်ထွက်ဖို့ အခွင့်မသာလို့ အိမ်မှ ာပဲ Keyboard Fighter လုပ် နေ ရသူတွေမှာ အဲဒီ့စိတ် ပိုဆိုးပါတယ်”

“ဥပမာ ကျမအိမ်မှာဆို ကျမ ညီမကို အပြင်လုံးဝ ပေးမထွက်ထားပါဘူး။ ကျမ တခုခု ဖြစ်ခဲ့သော် အဖေ၊ အမေ၊ အဘိုးအဘွားအတွက် သူရှိ နေမှ ဖြစ်မှာမို့လို့ပါ။ အဲ့ဒီလို အိမ်မှာပဲ နေရတာ ကြာလာရင် ငါက အန္တရာယ်များတဲ့ ရှေ့တန်းမှာလည်း ရှိမနေရဘူး။ ငါက CDM လုပ်ခွင့်ရ တဲ့ ပြည်သူ့ဝန်ထမ်း လည်း မဟုတ်ဘူး။ ငါဟာ လူပိုကြီးဖြစ်နေပြီဆိုတဲ့ ခံစားချက်ဟာ အတော်ဆိုးတာပါ”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

အိမ်အပြင် မထွက်ရသူက ဘာမှ မရေးမတင်တော့ရင် အားတခု ဆုံးရှုံးပါတယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

“အဲဒီ့အချိန်မှာ အပြင်မှာ တကယ် ရဲရဲ ဝံ့ဝံ့ထွက် ဆန္ဒပြနေသူ တယောက်ယောက်က မင်းတို့ အိမ်ထဲမှာနေ လွယ်လွယ်လေး ဖြတ်သန်းနေရ တာ အဖြစ် တကယ်ရှိရင် မြေပြင်ဆင်းခဲ့လို့ အပြစ်တင် ပြောဆိုတာမျိုး လုပ်ခဲ့ရင်ဖြစ်စေ၊ တခါတရံ ပို့စ်မှားတင်မိတဲ့ အချိန်မျိုးမှာ အသုံးမကျ သူ အဖြစ် ဝိုင်းဝန်း ပြောဆို ကြရင်ဖြစ်ဖြစ် နဂို Survivor guilt ဝင်နေသူခမျာ အသက်တောင် ဆက်ရှင်ချင်စိတ် မရှိတော့ လောက်အောင် ဖြစ်ရတတ်ပါတယ်”

“တော်ပါပြီ ငါကဘာမှ အသုံးမဝင်ဘူး။ ကူညီရာ မရောက် ဒုက္ခပေးရာပဲရောက်တဲ့ လူကြီးဆိုပြီး ဘာမှ မရေးမတင်တော့ရင် ကျမတို့ဘက်က အားတခု ဆုံးရှုံးပါတယ်။ တကယ်တော့ အခုချိန်ကြီးမှာ အားလုံးက တလှေတည်းစီး တခရီးတည်းသွား ဘဝတူတွေပါ။ တယောက်က မှားနေ ရင် တယောက်က အသာအယာ ထောက်ပြပါ။ အပြစ်မတင်ဘဲ ရှင်းပြပါ။ ကျမတို့အားလုံးအတွက် ဘုံရန်သူက စစ်အာဏာရှင်နဲ့ သူ့အစွယ် အပါးတွေပါ”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

စိတ်ဒဏ်ရာတွေ ကိုယ်စီရှိထားပြီးသားမို့ ကိုယ့် အချင်းချင်း ထပ်မံ စိတ်ဒဏ်ရာတွေ မပေးမိအောင်စောင့်ထိန်းကြရအောင်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။“ကျမတို့ဘက်မှာ ရှိနေပေးကြတဲ့သူ မှန်သမျှ (CDM Hero၊ ရှေ့တန်းက သူရဲကောင်း၊ Keyboard Fighter၊ သံပုံးတီး သူရဲ င်း၊ မီဒီယာ အလှူရှင်စသဖြင့်) အားလုံးကို လက်တွေမြဲမြဲ တွဲပြီး ကာကွယ်စောင့်ရှောက်ကြရမှာပါ။ ဘယ်သူ့ကိုမှ လက်တွဲဖြုတ်ချ ချန်ခဲ့ဖို့ မဖြစ်နို င်ပါဘူး။ ကျမတို့ဘက်ကနေ သူနိုင်ရင်နိုင်သလောက် ဝန်ကို ဝင်မျှထမ်းနေသူ ဘယ်သူ့ကိုမဆို နွေးနွေးထွေးထွေး ကြိုဆိုကြရအောင်”

“ကျမတို့မှာ ဟိုဘက်က ပေးထားတဲ့ စိတ်ဒဏ် ရာတွေ ကိုယ်စီ ရှိထား ပြီးသားမို့ ကိုယ့်အချင်းချင်း ထပ်မံစိတ်ဒဏ်ရာတွေ မပေးမိအောင် စော င့် ထိန်းကြရအောင်လား။ ကျမတို့ဘက်မှာ ရှိနေပေးတဲ့ တဦးတယောက်တိုင်းက ကျမတို့ အားလုံးအတွက် တန်ဖိုးရှိတဲ့ လူသားတွေပါ။ စိတ်ဝမ်းမကွဲကြေး။ စိတ်ဓာတ် မကျကြေး။ အဆုံးထိ အတူတူ တိုက်ပွဲဝင်ကြမယ်။ အရေးတော်ပုံ အောင်ရမည်”လို့ ပိုင်ဖြိုးသုက ပြောထားပါ တယ်။

သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တတ်အားသရွေ့ ပါဝင်ပေးနေသူ ဖြစ်ပြီး၊ ဆိုရှယ်မီဒီယာကတဆင့် သတင်း အချက်အလက်များကို မျှဝေ ရေးသား ပို့စ်များ အဆက်မပြတ် တင်ပေးနေတဲ့ အနုပညာရှင် တဦး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *