“ဘယ်တော့ မှ မအို တဲ့ မင်းသမီး” တစ်လက် အကြောင်း ​​ချီးမွမ်း ပြောပြလာတဲ့ မေသန်းနု..

Posted on

အနုပညာလောကမှာ ဆယ်စုနှစ်များစွာ ဖြစ်သန်းကာ နှစ်ကာလရှည်ကြာအောင် ဂုဏ်အရှိန်မမှေးမှိန်သွားဘဲ ဝါရင့်သရုပ်ဆောင်တစ်ဦးအနေ ရပ်တည်နေနိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ပါဘူးနော်။

နှစ်ပေါင်းများစွာ အောင်မြင်မှုသရဖူ ဆောင်းနိုင်သူတွေ ဟာ လက်ချိုးရေ လို့ရတဲ့ အရေအတွက်သာ ရှိနေခဲ့ပြီး ထိုသူတွေထဲမှာတော့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် မင်းသမီးချောကြီး မေသန်းနုဟာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်နော်။

မဆင့်(ခ)မေသန်းနုဟာဆိုရင် ငယ်ရွယ်နုပျိုစဥ် အခါတုန်းကလည်း ချောမောလှပတဲ့ ရုပ်ရည်လေးနဲ့အညီ မင်းသမီးခန်းတွေမှာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး အသက်အရွယ်တစ်ခုရောက်လာတဲ့ အခါမှာလည်း

အမေခန်းတွေမှာ ပိုင်နိုင်စွာ သရုပ်ဖော်နိုင်ခဲ့လို့ အကယ်ဒမီများရှင် ဆိုတဲ့ ဂုဏ်ထူးကို ပိုင်ဆိုင်နိုင်လာခဲ့သူတစ်ဦး ဖြစ်တယ်လို့ဆိုလာမယ်ဆိုရင် ငြင်းဆိုမယ့်သူ မရှိလောက်ပါဘူးနော်။

ပြီးခဲ့နှစ်တွေတုန်းက လူမှုရေး ငွေရေးကြေးရေး ကိစ္စများနဲ့ ရှုပ်ထွေးကာ ခက်ခဲခဲ့ရတဲ့ မေသန်းနုဟာ ယခုအခါမှာတော့ “ရွှေဆင့်”ဆိုတဲ့အမည်တံဆိပ်နဲ့ မြိတ်ဒေသထွက် လက်ဆောင်ပစ္စည်းရောင်းဝယ်ရေးဆိုင် ဖွင့်လှစ်ကာ ဦးစီးလုပ်ကိုင်လျှက် ရှိပါတယ်။

ယနေ့မှာတော့ ရုပ်ရည်ချောမောလှပလွန်းပါတယ် ဆိုတဲ့ အကယ်ဒမီများရှင် မေသန်းနုကိုယ်တိုင်က “ဘယ်တော့မှ မအိုသော မင်းသမီး”ဆိုပြီး နာမည်ကြီး မင်းသမီးတစ်လက်ကို ချီးမွမ်းပြောဆိုလာခဲ့ပါတယ်။

မေသန်းနုကိုယ်တိုင်က အရွယ်တင်လွန်းတယ်လို့ ဖွင့်ဟချီးမွမ်း လာရတဲ့ မင်းသမီးဟာ ဘယ်သူဖြစ်မလဲ ပရိသတ်ကြီး စိတ်ဝင်စားကာ သိချင်နေမိကြမယ် ထင်ပါတယ်နော်။သူကတော့ ပရိသတ်ရဲ့ အချစ်တော် အသည်းစွဲ မင်းသမီးချောတစ်ဦးပဲ ဖြစ်ပြီး

သူမဟာ မည်သို့သောဇာတ်ရုပ်ကိုမဆို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ကာ အထူးသဖြင့် ပရိသတ်တွေ ပို၍ သတိထားသဘောကျ နှစ်ခြိုက်ရသော သူမနဲ့အံဝင်ဂွင်ကျဖြစ်လွန်းသော ဇာတ်ရုပ်ကတော့ ခပ်စွာစွာ ခပ်သွက်သွက် ရှပ်ပြာပြာပုံစံဇာတ်ရုပ်မျိုးဖြစ်ပြီး

ထိုဇာတ်ရုပ်မျိုးမှာတော့ ပြိုင်ဖက်မရှိ တဖက်ကမ်းခတ်သူတော်လွန်းတဲ့ ဝါရင့်မင်းသမီးဖြစ်ပါတယ်။ကဲ ပရိသတ်ကြီး ဒီလောက်ဆိုရင် ခန့်မှန်းသိရှိလောက်ပြီး ထင်ပါတယ်နော် ပရိသတ်ကြီးရဲ့စိတ်ထဲက အဖြေနဲ့ မေသန်းနုပြောတဲ့ မအိုသောမင်းသမီး ထပ်တူကျကျ မကျ ကြည့်လိုက်ရအောင်နော်။

ဟုတ်ပါတယ်..မဆင့်​ရည်ညွှန်းပြောဆိုလာတဲ့ မင်းသမီးကတော့ မခိုင်လေး ခေါ် ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်။ပရိသတ်တို့ရဲ့အသည်းကျော် သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်ဟာဆိုရင်လည်း

ဆယ်စုနှစ်၂ခုစာမက သရုပ်ဆောင်လောကမှာ ဖြတ်သန်းအောင်မြင် လာခဲ့သော မင်းသမီးတစ်ဦးဖြစ်ကာ သရုပ်ဆောင်ပိုင်းမှာလည်း စွယ်စုံပိုင်နိုင်သူ ဖြစ်သဖြင့် အကယ်ဒမီဆုတွေ ထိုက်တန်စွာ သိမ်းပိုက်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

သူမရဲ့အနုပညာ ဖြတ်သန်းမှုကာလ အပိုင်းအခြားအရ ပြန်တွက်လျှင် နှစ်ကာလ ရှည်အောင်မြင်သော မင်းသမီးကြီးတစ်ဦးဟု ဆိုနိုင်ပြီ ဖြစ်သော်လည်း သူမဟာ ယခုအချိန်ထိ သွက်လက်ဖြတ်လက်သော ကာရိုက်တာများစွာမှာ လိုက်ဖက်နေဆဲဖြစ်သော နုပျိုလွန်းသောမင်းသမီး ဖြစ်ပါတယ်။

ထို့အတွက် မဆင့်က” အရွယ်တင်လွန်းသူ ဘယ်တော့မှ မအိုသော မင်းသမီး”ဟု ချီးမွမ်းလာတာဖြစ်ပြီး ခိုင်သင်းကြည်နှင့် ပတ်သက်သော အမှတ်တရဖြစ်ရပ်များကို ယခုလို ပြောပြလာခဲ့ပါတယ်။

“မခိုင်လေးနဲ့က သားသားမင်းသန့်တစ်သက်ပေါ့ .. သားသားကိုယ်ဝန် ရှိတဲ့အချိန်မှာ မခိုင်လေးက မင်းသမီး စလုပ်တာ.. မဆင့်ဆီကို ရောက်လာတယ် ပြီးတော့ ဦးဇင်ရော်မောင်မောင်နဲ့ သူဇာတ်ကားစရိုက်တယ်..”

အမှတ်တရတွေကလည်း အများကြီးပဲ သူနဲ့က.. အရှေ့မှာတော့ တော်တော်များများ ဆုံဖြစ်တာပေါ့ နောက်ပိုင်းကျတော့မှာသာ နည်းနည်းနည်းပါးပါး ဝေးသွားတာ ကားရိုက်မှာ သိပ်မဆုံဖြစ်တော့တာပေါ့..

ဒါပေမယ့်အပြင်မှာကျတော့ တကယ့်ညီအစ်မ သားအမိ မိသားစုလိုပဲ.. သူ့ရဲ့ခင်မင်မှုက လုံးဝမပြောင်းလဲဘူး ဒီအတိုင်းပဲ မခိုင်လေးက အရင်စထဲကဒီအတိုင်းပဲ..

အရင်တုန်းကဆို ရှုတင်တွေ အတူတူသွားကြတယ် ပြီးတော့ မခိုင်လေးက ဟာသတွေ သိပ်ပြောတာ.. မဆင့်တို့က ရယ်ပေါ့. သွားရလာရတာ သိပ်ပျော်တာ..အဓိကက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အနေနဲ့

အဆင်ပြေတယ်ဆိုတော့ အလုပ်လုပ်ရတာ ပိုပျော်တာပေါ့.. ရန်လေး(ရန်အောင်)တို့ မခိုင်လေးတို့နဲ့ တဖွဲ့ထဲကျတယ်ဆိုရင် တဝါးဝါး တဟားဟားနဲ့ အစားအသောက်ကလည်း ညီကြတယ်”ဆိုပြီး ပြောလာခဲ့သလို

ယခုလို မြိတ်ဒေသထွက်စားသောက်ကုန်တွေ ရောင်းနေချိန်မှာလည်း “မဆင့်တို့အိမ်နားမှာက မခိုင်လေး ခိုင်သင်းကြည်ရှိတယ်လေ. . မခိုင်လေးဆီကို အစားအသောက်တွေပို့ အစားအသောက်ပိုင်းက သူက ကျွမ်းတယ်လေ.. မြည်းပေးပါအုံး ဘာလိုတယ်ဆိုတာကို သူက အကြံပေးတယ်။

ကိုယ်ကြိုက်တာနဲ့ ဝယ်သူအကြိုက် ဘာတွေလိုအပ်တယ်ဆိုတာကို ရန်လေးဆီလည်း ပို့၊ ရန်လေးရေ ဒါလေး လုပ်ထားတယ် မြည်းပေးပါအုံးဆိုပြီး သူတို့နှစ်ယောက်က အစားအသောက် အရမ်းကျွမ်းတာဆိုတော့ အကြံပြုခိုင်းရတာ. .

သူတို့ကလည်း ဒါကောင်းတယ်.. ဒါလိုသေးတယ်ဆိုပြီး အဲ့လိုမျိုးတွေ အကြံပြန်ပြုပေးကြ ပြောပေးကြတယ်” ဆိုပြီး ရန်အောင်၊ခိုင်သင်းကြည် တို့နဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ကြည်နူးစရာ ဆက်ဆံရေးအခြေအနေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ နှစ်ကာရှည်ကြာအောင် ချစ်ခင်စည်းလုံးကြတဲ့ ဝါရင့် အနုပညာရှင်တွေဖြစ်ကြသော မင်းသားကြီးရန်အောင် မင်းသမီးကြီးမေသန်းနုနဲ့ မင်းသမီးခိုင်သင်းကြည်တို့ရဲ့ အနုပညာမောင်နှမတွေရဲ့ဘဝကတော့ တကယ့်ကို ကြည်နူးဝမ်းမြောက်စရာ ပါပဲနော်။

ဖတ်ရှု့အားပေးနေကြတဲ့ ပရိသတ်ကြီးတို့ထဲမှာကော ကိုရန်လေး မဆင့်နဲ့ မခိုင်လေးတို့ရဲ့ ဖန်တွေပရိသတ်တွေ ပါတယ်ဆိုရင် မှတ်ချက်လေးတွေ ရေးပေးသွားကြပါအုံးနော်

ဒါနဲ့ ပရိသတ်ကြီးရဲ့မအိုသောမင်းသမီးဟာ ဘယ်သူလဲဆိုတာ ခန့်မှန်းချက်ဟာ ထင်ထားသလိုဖြစ်ခဲ့လား မှန်လား မှားလား ပြောခဲ့ကြပါအုံးနော်. .အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *