စာဖတ်သူအပေါင်း သူတော်ကောင်း တို့ ခင်ဗျာ … ကျွန်တော်တို့ မြန်မာ စကားပုံမှာ လူ အကြောင်း ပေါင်းမှသိ ဆိုတဲ့ စကားပုံလေး ကို အားလုံးကြားဖူး ကြမှာပါ
မိတ်ဆွေစစ် မိတ်ဆွေမှန် ဆိုတာကို ဒုက္ခဖြစ်ချိန် မှ သိရတယ် လို့လဲ
ပြောကြသေးတယ်မို့လား ခင်ဗျာ …
ဒါတွေကို ဘာလို့ ပြောနေတာလဲ ဆိုတော့
ကျွန်တော်တို့ တိုင်းပြည်ကြီး အမှောက်ဖုံးချိန်မှာ ပြည်သူတွေ့ရဲ့
အလင်းတိုင်လို့ သတ်မှတ်ထားကြတဲ့ အနုပညာရှင်တိချို့က
ကြောက်တက်တာလား … သူတို့ပိုင်တဲ့ စည်းစိမ် ဥစ္စာလျော့ မှာ ကြောက်လို့လားမသိ
ဝတ်ကျေ တန်းကျေသာ လှုပ်ရှားနေတာ တွေ့ရပါတယ်
ဒီလို ဝတ်ကျေတန်းကျေ လုပ်နေတဲ့ အနုပညာရှင် တယောက်ဖြစ်တဲ့
ဘစိုင်းကို မန်းလေးသား တယောက်က ”
စိုင်းစိုင်းခမ်းလှိုင်ဆိုတာ
မြန်မာနိုင်ငံမှာ Fan အင်အားအတောင့်ဆုံး
ဆယ်စုနှစ်မက အားပေးတဲ့ ပရိတ်သတ်တွေ မရေတွက် နိုင်ဘူး
/ Cosmetics ထုတ်တယ် အကုန်အလုယက် အားပေး ခဲ့ကြတယ်
မန္တလေးဆိုတာလဲ သူ့အတွက်လုပ်ခဲ့တဲ့ ပွဲမှန်သမျှ
ဘယ်တုန်းကမှမျက်နှာမငယ်ခဲ့ရအောင်
မန္တလေးကလူတွေ တာဝန်ကျေခဲ့ တယ်
မန္တလေးမှာ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ် ခံရတာကို
စတေးတပ်လေး နှစ်ကြောင်းလောက်နဲ့ နှစ်သိမ့်ပီး
” စစ်အာဏာရှင်”ဆိုတဲ့ အသုံးနှုန်းမျိုး မရေးရဲတာ အံ့ဩမိတယ်
သူ့မှာ ငဲ့စရာတွေရှိနေလို့ပါတဲ့
အေး မင်းမှာပဲ အသက်ရှိတယ် / မင်းမှာပဲ မိသားစု ရှိတယ် /
မင်းမှာပဲ ဥစ္စာရှိတယ်
မင်းကိုအားပေးနေတဲ့ လူတွေက အခြေနေမဲ့တွေ ဟုတ်ပီလား
***** မိန်းမသားတန်မဲ့ ဖမ်းဝရမ်း ထုတ်ခံရတာတောင်
ပြည်သူဘက်က မားမားရပ်တည်ပေးတဲ့ ဖွေးဖွေးရဲ့ ချီးစားလိုက် ” ဆိုပြီး အားမလို အားမရ ရေးထားတာ တွေ့ရပါတယ်
တချိန်ထဲမှာ ကျွန်တော်တို့ မျက်မုန်းကျိုးခဲ့တဲ့ ငြိမ်းမြတ်သူ က
အခုချိန်မှာ မိန်းကလေးတန်မဲ့ သတ္တိရှိရှိ နေ့စဉ် တိုင်းပြည်ချစ်စိတ် နဲ့ ပြည်သူတွေ နဲ့အတူ လှုပ်ရှားနေတာ မြင်တော့
တချိန်က အမြင်ကတ်ပြီး ဆဲခဲ့ ပြောခဲ့တာတွေအတွက် အားနာမိတယ်…
အခုလို တိုင်းပြည်အတွက် လိုအပ်လာချိန်မှာ ငြိမ်းမြတ်သူ ဟာ မရှိမဲ့ ရှိမယ့် follower လေးနဲ့ နှိုးစော်နေတယ် စည်းရုံးနေတယ် …
အရမ်းကိုကျေးဇူးတင်ပါတယ် ညီမလေး ငြိမ်းမြတ်သူရေ …
အကိုတို့ တချိန်က ညီမအပေါ် ပြောခဲ့ ရေးခဲ့ မိတာတွေ အတွက်လဲ တောင်းပန် ပါတယ် ညီမရယ် …
လူအကြောင်းကို အခုလို အရေးကြီးချိန် တိုင်းပြည် ဒုက္ခရောက် ချိန်မှာ ဘယ်သူက ဘာလဲဆိုတာ သိခဲ့ရပါပြီ …
ဒါနဲ့ စကားမစပ်ညီမလေး ငြိမ်းမြတ်သူရေ တကယ်လို့များ ဒီစာကို ညီမ ဖတ်မိတယ်ဆိုရင် …
တခုတော့ အကူညီတောင်းပါရစေ …
အကူညီက ဘာလဲဆိုတော့ ဘစိုင်း ကို တွေ့ရင် ” ဘဘစိုင်း အကြောက်ပြေသွားအောင် ” အားပေးစကားလေးပြောခဲ့ပါလို့ ပြောပါရစေ ညီမရေ
စာကို အဆုံးထိ ဖတ်ပေးကြတဲ့ စာဖတ်သူအပေါင်း ဘေးဘယာ ဝေးကွာပြီး အလိုရှိရာပန်းတိုင် ကို အမြန်ရောက်ကြပါစေ
celeupdatenews