ဗေ ဒင် ဟော စာ တမ်း ( ၂၅.၃.၂၀၂၁ မှ ၂၇.၃.၂၀၂၁ အထိ )

Posted on

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် – နေရာအခွင့်ကောင်းတွေ ရလာ တတ်တယ်။ ဝန်ထမ်းဆိုရင် အခွင့်အရေး နှစ်ခု တပြိုင်တည်း ရရှိ ခံစားရလိမ့်မယ်။ လူကြီး တွေက ကူညီပံ့ပိုးလာမယ်။ စီးပွားရေးသမားတွေလည်း အခြေအနေကောင်းတွေ ပြန်ပြီး ကြုံရမယ်။ ငွေကြေးကိစ္စမှာ စိတ် ပူပန်ရတာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် အချိန်တန်ရင် ပြေလည်သွားမယ်။

ကျန်းမာရေး – တစ်ပတ်လုံးမှာ ကျန်းမာရေး စိတ်ပူစရာ မရှိပါ။ ဘေးကင်းကျန်းမာဖို့ များပါတယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေး ကံဇာတာ အားနည်းမယ့် ကာလ ဖြစ်တယ်။ အသေးအဖွဲလေးက စပြီး ပြဿနာက ကြီး သွား တ တ် တယ်။ ခင်ပွန်းနဲ့ဇနီးသည်တွေ အချင်းချင်း ပြဿနာဟောင်းတွေ ပြန်ဖော်ကြပြီး စိတ်ဆင်းရဲရတတ်တယ်။ အိမ် အပူတွေ များလို့ အ ပြင် ပဲ ထွက်ချင်မယ်။ အကြီးအကဲ၊ မိတ်ဆွေတွေနဲ့ နေထိုင် ပါ။

ကံကောင်းစေတဲ့ အရောင် – အနီရဲရဲ ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅ ၊ ၂

ကံကောင်းစေတဲ့ အရပ် – အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ ကြာသပတေး

ယတြာ – မွေးနေ့ (တနင်္ဂနွေ) ညပိုင်း ကြာသပတေးထောင့်မှာ အလင်းတိုင် ၅ တိုင် ပူဇော် ဆုတောင်းပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် – ဒီအပတ် လုပ်ငန်းစီးပွား နယ်ပယ်မှာ အခက်အခဲတွေ များ လာနိုင်တယ်။ ဘာတစ်ခုမှ လွယ်ကူ ချောမွေ့တာ မရှိဘဲ ရုန်းကန် ရ လိမ့်မယ်။ အပြိုင်အဆိုင်တွေ၊ အတိုက်အခိုက်တွေလည်း ပေါများမယ်။ ကိုယ့်ရဲ့ အောက်လူ၊ ဝန်ထမ်းကြောင့်လည်း စိတ်ညစ်ရတတ်တ ယ် ။ ဝင်ငွေနဲ့ ပတ်သက်လို့တော့ ကံကောင်း တတ်တယ်။

ကျန်းမာရေး – ပုံမှန်ထက် ချူချာအားနည်းတတ်လို့ ဂရုစိုက် ရမယ်။ မတော်တဆလည်း ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် – မိတ်ရင်းဆွေရင်းတွေနဲ့ အဆင်မပြေ ဖြစ် တတ်တယ်။ နားလည်မှု လွဲတာက စလို့ အချင်းချင်း အမြင်စောင်း တာတွေ ဖြစ် လာတတ်တယ်။ နှလုံးသားရေးမှာတော့ စိတ်ပူပန်ရတာတွေ ဖြစ်မယ်။ ကြားလူတွေက ဝင်လာပြီး ဒုက္ခပေးတတ်တယ်။ ချစ်သူ၊ အိမ် ထောင် ဖက်တွေကြားမှာ စိတ်လိုက်မာန်ပါနဲ့ စကားများ တတ်တယ်။

ကံကောင်းစေတဲ့ အရောင် – အဖြူ ၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ဝ

ကံကောင်းစေတဲ့ အရပ် – အနောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး၊ တနင်္လာ

ယတြာ – မွေးနေ့ (တနင်္လာ) မနက် အိမ်ကဘုရားမှာ အသက်လွတ် ကြာဆံကြော် ကပ်လှူ ဆုတောင်းပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် – အလောတကြီး စဉ်းစားဆုံးဖြတ်တာတွေကြောင့် အလုပ်မှာရော ကိုယ်ရေး ကိုယ်တာကိစ္စမှာပါ ထိခိုက်နစ်နာရတတ်တယ်။ ဘယ်ကိစ္စမှာမဆို အတိုက်အခံတွေချည်း မကြာခဏ ကြုံရလိမ့်မယ်။ ခိုက်ရန်တွေနဲ့ ပြဿနာတွေလည်း ဖြစ်တတ်လို့ စိတ်ထိန်းဖို့ လိုမယ်။ ငွေကြေး ကံဇာတာ လည်း သိပ်မကောင်းဘဲ ဖြစ်နေမယ်။

ကျန်းမာရေး – မတော်တဆမှုတွေ၊ သွေးထွက်သံယိုတွေ ဖြစ်တတ်လို့ သတိထားရလိမ့်မယ်။

လူမှုအိမ်ထောင် – လူငယ်တွေ နှလုံးသားရေးမှာ ကံကောင်း တတ်တယ်။ ရည်ရွယ်သူနဲ့ အဆင်ပြေမှု ရလာမယ်။ ချစ်သူစုံတွဲတွေလည်း ဒီအ ပတ်မှာ နှစ်ကိုယ်တူ ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်မယ်။ စိတ်တိုလွယ် ဒေါသထွက်လွယ်တာကိုတော့ သတိပြုရမယ်။ မိတ် ဆွေအ ပေါင်းအသင်းတွေကြောင့် အနှောင့်အယှက် ရှိမယ်။

ကံကောင်းစေတဲ့ အရောင် – လိမ္မော်ရင့် ၊ ခရမ်းဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၇

ကံကောင်းစေတဲ့ အရပ် – အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ

ယတြာ – တစ်ပတ်အတွင်း အဆင်ပြေရာ ရက်မှာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ ကို စားစရာ လှူဒါန်းကူညီပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် – အလုပ်တွေ လည်ပတ်မှု ပုံမှန် ရှိပေမယ့် အာဏာပိုင်၊ အကြီးအကဲတွေနဲ့ပတ်သက်လို့ သတိပြု ဆောင်ရွက်ရမယ်။ ဘယ် လုပ် ငန်းမဆို စိတ်ပူပန်သောကမကင်းဘဲ လုပ်ကိုင်ရလိမ့်မယ်။ ငွေကြေးကိစ္စမှာလည်း ခေါင်းခဲစရာတွေ ဖြစ်မယ်။ အကုန်အကျတွေ သိပ် များတတ်တယ်။ ဘာလုပ်ရမှန်းမသိဘဲ စဉ်းစား ရခက်နေမယ်။

ကျန်းမာရေး – နေထိုင်မကောင်းချင်သလို ဖြစ်တတ်တယ်။ အစားမှားဆေးမှားတွေ သတိထားရမယ်။

လူမှုအိမ်ထောင် – မိတ်ဆွေအပေါင်း အသင်းတွေရဲ့ ကူညီစောင့်ရှောက်မှု ရမယ်။ လူအများရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေ ရလာမယ်။ မေတ္တာရေးမှာ စိတ်အလိုမကျစရာတွေ ဖြစ်တတ်ပေမယ့် ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ နားလည်စာနာ ကူညီမှုတွေ ရလာမယ်။ လက်တွဲဖော် ရှာနေသူတွေ ဒီအပတ်မှာ ကံကောင်းအဆင်ပြေမှုတွေ ရလာ တတ်တယ်။

ကံကောင်းစေတဲ့ အရောင် – အဝါဖျော့ ၊ အနီ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅ ၊ ၄

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ စနေ

ယတြာ – မွေးနေ့ (ဗုဒ္ဓဟူး) မနက်ပိုင်း အိမ်ကဘုရားမှာ ပေါင်မုန့် အုန်းနို့ဆမ်း ၅ ချပ် ကပ်လှူပေးပါ။

ရာဟုဖွား

အလုပ်အကိုင် – အစုစပ်ရှယ်ယာတွေ၊ အကျိုးတူ လုပ်ငန်းတွေ ပေါ်လာတတ်တယ်။ တစ်ဦး တစ်ယောက်ကောင်း လုပ်တာထက် အများနဲ့ တွဲ လုပ်တာက ပိုအကျိုးပေး အောင်မြင်တတ်တယ်။ ဒါပေမယ့် အတွေးတွေ လွန်ကဲပြီး စဉ်းစားတာ များလို့ အခွင့်အရေးနဲ့ လွဲချော်တတ်တယ်။ ငွေကုန်ကြေးကျ များပြီး ငွေအတွက် စိတ်ညစ်ရမယ်။

ကျန်းမာရေး – ယာယီ ဖျားနာတာ၊ နေထိုင်မကောင်းတာဖြစ်တတ်ယ်။ ထိခိုက်ဒဏ်ရာလည်း ရတတ်တယ်။

လူမှုအိမ်ထောင် – ဆွေမျိုးသားချင်း၊ မိသားစုအသိုင်းအဝိုင်းရဲ့ အကူအညီတွေ ရလာတတ်တယ်။ ပတ်ဝန်းကျင် မိသားစုတွေနဲ့ အဆင်ပြေ ပြေ ဖြစ်နေမယ်။ နှလုံးသားရေးမှာတော့ ကတောက်ကဆလေးတွေ ဖြစ်တတ်တယ်။ ဒီအပတ်မှာ ခရီးအသွားအလာတွေ သတိပြုဆင်ခြ ရမယ်။ ကိုယ်တိုင်က ဂဏှာမငြိမ်ဘဲ စိတ်များနေလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – အနီဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း – ၉

ကံကောင်းစေတဲ့ အရပ် – အနောက်

ကံကောင်းစေတဲ့ နေ့ရက် – စနေ

ယတြာ – ဗုဒ္ဓဟူးနေ့ ညနေပိုင်း စေတီတစ်ဆူရဲ့ ရာဟုထောင့်က စပြီး ဂြိုဟ်ခွင်အားလုံး ကို သန့်ရှင်းရေးလုပ်ပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်အကြံအစည်တွေ ခဏ ဆိုင်းငံ့ထားသင့်တယ်။ အလုပ်အကိုင် ၊စီးပွားရေးကံ အားနည်းချိန် ဖြစ်လို့ အရင်းအနှီး ထည့်တာ၊ အသစ် တိုးချဲ့တာမျိုး ရှောင်ရမယ်။ ရှိတာလေးနဲ့ ထိန်းလုပ်ရမယ်။ လုပ်ငန်းလည်ပတ်မှု ရပ်သွားတတ်တယ်။ စီးပွားရေး သိပ်မဟန်ပေမယ့် ငွေကြေးပိုင်းမှာတော့ ရှာဖွေလို့ ရမယ်။

ကျန်းမာရေး – ဘေးဥပဒ် မရှိနိုင်ဘဲ ကျန်းမာလန်းဖြာမယ့်ကာလ ဖြစ်တယ်။ စိတ်ကြည်လင်မှု ရှိနေမယ်။

လူမှုအိမ်ထောင် – အိမ်တွင်းရေး အပူတွေ များလာနိုင်တယ်။ မိသားစု ထဲမှာ အချင်းချင်း သဘောထား ကွဲလွဲပြီး ရန်ဖြစ်တတ်တယ်။ လူ ငယ်တွေ နှလုံးသားရေးမှာလည်း အပြစ်မြင်တာတွေ၊ ရန်လိုတာတွေ ဖြစ်လာတတ်တယ်။ အိမ်ထောင်ရှင်တွေလည်း သာယာမှု နည်းလာနို င်တယ်။ ဘာမဆို မိတ်ဆွေ၊ အကြီးအကဲတွေနဲ့ တိုင်ပင် လုပ်ပါ။

ကံကောင်းစေတဲ့ အရောင် – အဖြူဖျော့၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉ ၊ ၅

ကံကောင်းစေတဲ့ အရပ် – အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး ၊ တနင်္ဂနွေ

ယတြာ – နေ့စဉ် မနက်တိုင်း အိမ်ကဘုရားမှာ ကြံသကာနဲ့ ဆွမ်းကပ်ပြီး ဆုတောင်းပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် – အလုပ်တွေ များလာပြီး လူရောစိတ်ပါ ပင်ပန်းမှုတွေလည်း များ လာနိုင်တယ်။ အလုပ်တွေ ပိုပြီး များလာပေမယ့် ကိုယ့်အ တွက် အကျိုးအမြတ် သိပ်မရှိဘဲ ဖြစ်နေမယ်။ လုပ်မှားကိုင်မှားတွေလည်း ဖြစ်တတ်လို့ သတိပြုရမယ်။ အလုပ်ကိစ္စ ခရီးတွေ မအောင်မြင်ဘဲ ဖြစ်မယ်။ ငွေကြေးကိစ္စမှာလည်း တခါနဲ့မပြီးဘဲ ဖြစ်မယ်။

ကျန်းမာရေး – ဒီအပတ်မှာ ကျန်းမာရေး ချူချာတတ်တယ်။ ရောဂါအခံရှိသူတွေ ဂရုစိုက်ဖို့ လိုလာမယ်။

လူမှုအိမ်ထောင် – ကိုယ့်အနားက မိတ်ဆွေတွေနဲ့ ပဋိပက္ခ ဖြစ်တတ်တယ်။ လူမှုရေးရာ ပြဿနာတွေ ဖြစ်နိုင်လို့ ကိုယ့်ဘက်က မမှားအောင် ဂရုစိုက်ပါ။ လူငယ်တွေ နှလုံးသားရေးမှာ ယုံမှားသံသယတွေ ကြီးမားလာတတ်ပြီး အချင်းချင်း မသင်္ကာတွေ ဖြစ်တတ်တယ်။ ကြားလူလည်း ဝင်တတ်တယ်။ မိသားစုက ကူညီဖေးမပေးလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – မီးခိုးရောင်၊ ခရမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး

ယတြာ – တစ်ပတ်အတွင်း အားလပ်ရက်မှာ စေတီ တစ်ဆူကို သွားပြီး တံမျက်လှည်း သန့်ရှင်းရေးကုသိုလ်ယူပါ။

စနေနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်တွေ များလာသလောက် ကိုယ့်အတွက်လည်း အကျိုးရှိလိမ့်မယ်။ လူကြီးနဲ့ အာဏာ ပိုင်တွေဆီက ကူညီ ပံ့ ပိုးမှုတွေ ရမယ်။ အခွင့်အလမ်းကောင်းတွေလည်း ကိုယ့်ဆီကိုပဲ ရောက်လာမယ်။ ရာထူးတိုးတာ၊ လုပ်ပိုင်ခွင့် တိုးတာတွေ ဖြစ်မယ်။ ငွေ ကြေး လည်း ကံကောင်း တတ်ပြီး များများစားစား ရရှိမယ်။

ကျန်းမာရေး – အသွားအလာ ပင်ပန်းမှု များလို့ အနားယူသင့်တယ်။ ကျန်တာ ဘေးဥပဒ် မရှိပါ။

လူမှုအိမ်ထောင် – လူငယ်လူရွယ်တွေအဖို့ နှလုံးသားရေးမှာ ကံဇာတာတွေ တက်လာမယ်။ စိတ်ချမ်းသာစရာနဲ့ ကြည်နူးစရာတွေ ကြုံရ တ တ် တယ်။ စန်းပွင့်မျက်နှာပွင့် ဖြစ်တတ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ ပြင်ပလူမှုရေး ခိုက်ရန်ပြဿနာတွေ ရှိလာနိုင်တယ်။ ကိုယ့်ကို ရန်လို တို က်ခိုက်သူတွေ ရှိနေမယ်။ သတိထား သွားလာရမယ်။

ကံကောင်းစေတဲ့ အရောင် – အနီ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ၀ ၊ ၁

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး

ယတြာ – ဗုဒ္ဓဟူးနေ့ မနက်စောစော စေတီတစ်ဆူရဲ့ ဂြိုဟ်ခွင် ၈ ထောင့်မှာ အလင်းတိုင် ၁ တိုင်စီ ပူဇော်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *